ထိပ္ကပ္နာ၊ အဆုတ္နာ၊ လွ်ာအဖု အနာ၊ ရင္က်ပ္အေမာတို႕အတြက္ ေဇာ္ဂ်ီေတာင္ေ၀ွး အစြမ္းထက္ပံု

ေဇာ္ဂ်ီေတာင္ေဝွးပင္သည္ ပန္းၿခံမ်ား၊ ဘုန္းႀကီး ေက်ာင္းမ်ား၊ အခ်ိဳ႕ေနအိမ္မ်ားတြင္ အလွစိုက္ေလ့ရွိေသာ အပင္မ်ိဳးျဖစ္သည္။ ႐ိုးတံမွာ အဆစ္မ်ားျဖင့္ ထီး႐ိုးကဲ့သို႔ ေျဖာင့္တန္းလ်က္ရွိၿပီး

ထိပ္တြင္ အနီေရာင္တြင္ အစိမ္းေရာင္အနားကြပ္ပါေသာ အ႐ြက္မ်ားျဖင့္ လူတစ္ရပ္ခန႔္ျမင့္ေသာ အပင္မ်ိဳးျဖစ္သည္။ လွပသျဖင့္ အ႐ိုးမွခ်ိဳးၿပီး ဘုရားပန္းအိုးထိုးသည္။

ထိုခ်ိဳးျဖတ္ေသာ ေနရာေအာက္နားမွ အ႐ြက္မ်ား ျပန္ထြက္လာသျဖင့္ ေသခဲေသာ အပင္မ်ိဳးျဖစ္သည္။ ဘုရားအိုး အတြင္းရွိ အ႐ိုးတံ၏ ေရတြင္ျမဳပ္ေနေသာ အပိုင္းကလည္း ၾကာလွ်င္ အျမစ္မ်ား ထြက္လာေလ့ရွိသည္။

‎ေဆးဖက္ဝင္အသုံးျပဳပုံမ်ား‬- ေဇာ္ဂ်ီေတာင္ေဝွးပင္၏ အ႐ြက္အစိုကို ပါးပါးညႇပ္၊ ေျခာက္ေအာင္ေနလွန္းၿပီး လက္ဖက္ေျခာက္ကဲ့သို႔ ေန႔စဥ္ ေသာက္ေပးလွ်င္ အဆုတ္ပြ၊ ေခ်ာင္းဆိုးေရာဂါကို သက္သာေစႏိုင္သည္။

အ႐ြက္ႏုကို ကတ္ေၾကးျဖင့္ ပါးပါးညႇပ္ၿပီး ၾကက္သြန္နီေၾကာ္၊ ေျမပဲဆန္တို႔ျဖင့္ အသုပ္ျပဳလုပ္စားပါက ဝမ္းကိုက္၊ ေသြးဝမ္းကိုက္ေရာဂါမ်ားကို သက္သာေစသည္။

အ႐ြက္ ႏွင့္ ပင္စည္အ႐ိုးမ်ားကို ျပဳတ္ေသာက္ပါက အဆုတ္ေရာင္၊ အသည္းေရာင္ေရာဂါႏွင့္ ေက်ာက္ကပ္ေရာင္ျခင္းမ်ားကို သက္သာေစႏိုင္သည္။ အ႐ြက္ကို ႏြားႏို႔ႏွင့္ ျပဳတ္ေသာက္ပါက ရင္ဘတ္နာေရာဂါ၊ အိပ္မေပ်ာ္ေရာဂါမ်ား ေပ်ာက္ကင္းသက္သာေစႏိုင္သည္။

အ႐ြက္ကို ထန္းလ်က္ ႏွင့္ က်ိဳေသာက္လွ်င္ အူေရာင္ေရာဂါ၊ အသည္းေရာင္ေရာဂါမ်ား သက္သာေစႏိုင္သည္။ သၾကားႏွင့္က်ိဳေသာက္လွ်င္ ဝမ္းမွန္ေစႏိုင္သည္။

အ႐ြက္ႏွင့္အ႐ိုးမ်ားကို မွန္ေရာင္သၾကားခဲေခၚ ဒိုဘာလာသၾကားႏွင့္ သိေႏၶာဆား အနည္းငယ္ထည့္က်ိဳ၍ မတ္ခြက္တစ္ခြက္ခန႔္ေသာက္ပါက ရင္က်ပ္ အေမာေဝဒနာကို သက္သာေစႏိုင္သည္။

ေသြးအားနည္း၍ မီးယပ္မေပၚလွ်င္ မီးယပ္ပိန္၊ မီးယပ္ေျခာက္ေရာဂါျဖစ္လွ်င္ တစ္ပင္လုံး ပၪၥငါးပါးကို သၾကားႏွင့္က်ိဳေသာက္လွ်င္ မီးယပ္ေသြးမွန္၍ က်န္းမာဝၿဖိဳးေစႏိုင္သည္။

တစ္လခန႔္စြဲ၍ ေသာက္ရန္လိုသည္။ အဆုတ္နာေရာဂါျဖစ္လွ်င္ အပင္ပၪၥငါးပါး ႏွင့္ ကန္စြန္း႐ြက္ျပဳတ္ရည္တြင္ သၾကား သို႔မဟုတ္ ပ်ားရည္ေရာစပ္၍ ေသာက္ေပးပါ။

အမ်ိဳးသမီးမ်ား ေသြးဆုံးခ်ိန္တြင္ ေနမေကာင္းျဖစ္လွ်င္ အဆစ္အမ်က္မ်ား ကိုက္ခဲလွ်င္ ေဇာ္ဂ်ီေတာင္ေဝွးပင္ တစ္ပင္လုံး ပၪၥငါးပါးကိုႀကိတ္၍

သတၱဳရည္ကို ခ်င္းႏွင့္ ထန္းလ်က္ျပဳတ္ရည္ႏွင့္အတူစပ္ၿပီး ေန႔စဥ္ အၾကမ္းပန္းကန္တစ္လုံးစာမွ် မွန္မွန္ေသာက္ေပးလွ်င္ ေသြးဆုံးကိုင္ေဝဒနာမွ သက္သာေစႏိုင္သည္။

အျမစ္ကိုေသြး၍ ရွဴေပးလွ်င္ ထိပ္ကပ္နာ၊ ႏွာေခါင္း ေသြးလွ်ံနာ၊ ေသြးယိုစီးေသာေရာဂါမ်ား သက္သာေစႏိုင္သည္။ လွ်ာတြင္ အနာ၊ အခ်ိဳင့္အခြက္မ်ားျဖစ္လွ်င္ အျမစ္ကို ဆားအနည္းငယ္ေရာေသြး၍ လိမ္းေပးလွ်င္ သက္သာေစႏိုင္သည္။

အျမစ္ေျခာက္ကို အမႈန႔္ေထာင္းၿပီး ဝဲစို၊ ဝဲေျခာက္၊ ယားနာမ်ားကို အုန္းဆီျဖင့္ ေဖ်ာ္စပ္လိမ္းေပးလွ်င္ သက္သာေပ်ာက္ကင္းေစေၾကာင္း က်န္းမာေရးအက်ိဳးငွာ ေရးသားေဖာ္ျပအပ္ပါသည္။

Unicode

ဇော်ဂျီတောင်ဝှေးပင်သည် ပန်းခြံများ၊ ဘုန်းကြီး ကျောင်းများ၊ အချို့နေအိမ်များတွင် အလှစိုက်လေ့ရှိသော အပင်မျိုးဖြစ်သည်။ ရိုးတံမှာ အဆစ်များဖြင့် ထီးရိုးကဲ့သို့ ဖြောင့်တန်းလျက်ရှိပြီး

ထိပ်တွင် အနီရောင်တွင် အစိမ်းရောင်အနားကွပ်ပါသော အရွက်များဖြင့် လူတစ်ရပ်ခန့်မြင့်သော အပင်မျိုးဖြစ်သည်။ လှပသဖြင့် အရိုးမှချိုးပြီး ဘုရားပန်းအိုးထိုးသည်။

ထိုချိုးဖြတ်သော နေရာအောက်နားမှ အရွက်များ ပြန်ထွက်လာသဖြင့် သေခဲသော အပင်မျိုးဖြစ်သည်။ ဘုရားအိုး အတွင်းရှိ အရိုးတံ၏ ရေတွင်မြုပ်နေသော အပိုင်းကလည်း ကြာလျှင် အမြစ်များ ထွက်လာလေ့ရှိသည်။

‎ဆေးဖက်ဝင်အသုံးပြုပုံများ‬- ဇော်ဂျီတောင်ဝှေးပင်၏ အရွက်အစိုကို ပါးပါးညှပ်၊ ခြောက်အောင်နေလှန်းပြီး လက်ဖက်ခြောက်ကဲ့သို့ နေ့စဉ် သောက်ပေးလျှင် အဆုတ်ပွ၊ ချောင်းဆိုးရောဂါကို သက်သာစေနိုင်သည်။

အရွက်နုကို ကတ်ကြေးဖြင့် ပါးပါးညှပ်ပြီး ကြက်သွန်နီကြော်၊ မြေပဲဆန်တို့ဖြင့် အသုပ်ပြုလုပ်စားပါက ဝမ်းကိုက်၊ သွေးဝမ်းကိုက်ရောဂါများကို သက်သာစေသည်။

အရွက် နှင့် ပင်စည်အရိုးများကို ပြုတ်သောက်ပါက အဆုတ်ရောင်၊ အသည်းရောင်ရောဂါနှင့် ကျောက်ကပ်ရောင်ခြင်းများကို သက်သာစေနိုင်သည်။ အရွက်ကို နွားနို့နှင့် ပြုတ်သောက်ပါက ရင်ဘတ်နာရောဂါ၊ အိပ်မပျော်ရောဂါများ ပျောက်ကင်းသက်သာစေနိုင်သည်။

အရွက်ကို ထန်းလျက် နှင့် ကျိုသောက်လျှင် အူရောင်ရောဂါ၊ အသည်းရောင်ရောဂါများ သက်သာစေနိုင်သည်။ သကြားနှင့်ကျိုသောက်လျှင် ဝမ်းမှန်စေနိုင်သည်။

အရွက်နှင့်အရိုးများကို မှန်ရောင်သကြားခဲခေါ် ဒိုဘာလာသကြားနှင့် သိန္ဓောဆား အနည်းငယ်ထည့်ကျို၍ မတ်ခွက်တစ်ခွက်ခန့်သောက်ပါက ရင်ကျပ် အမောဝေဒနာကို သက်သာစေနိုင်သည်။

သွေးအားနည်း၍ မီးယပ်မပေါ်လျှင် မီးယပ်ပိန်၊ မီးယပ်ခြောက်ရောဂါဖြစ်လျှင် တစ်ပင်လုံး ပ ဉ္စငါးပါးကို သကြားနှင့်ကျိုသောက်လျှင် မီးယပ်သွေးမှန်၍ ကျန်းမာဝဖြိုးစေနိုင်သည်။

တစ်လခန့်စွဲ၍ သောက်ရန်လိုသည်။ အဆုတ်နာရောဂါဖြစ်လျှင် အပင်ပ ဉ္စငါးပါး နှင့် ကန်စွန်းရွက်ပြုတ်ရည်တွင် သကြား သို့မဟုတ် ပျားရည်ရောစပ်၍ သောက်ပေးပါ။

အမျိုးသမီးများ သွေးဆုံးချိန်တွင် နေမကောင်းဖြစ်လျှင် အဆစ်အမျက်များ ကိုက်ခဲလျှင် ဇော်ဂျီတောင်ဝှေးပင် တစ်ပင်လုံး ပ ဉ္စငါးပါးကိုကြိတ်၍

သတ္တုရည်ကို ချင်းနှင့် ထန်းလျက်ပြုတ်ရည်နှင့်အတူစပ်ပြီး နေ့စဉ် အကြမ်းပန်းကန်တစ်လုံးစာမျှ မှန်မှန်သောက်ပေးလျှင် သွေးဆုံးကိုင်ဝေဒနာမှ သက်သာစေနိုင်သည်။

အမြစ်ကိုသွေး၍ ရှူပေးလျှင် ထိပ်ကပ်နာ၊ နှာခေါင်း သွေးလျှံနာ၊ သွေးယိုစီးသောရောဂါများ သက်သာစေနိုင်သည်။ လျှာတွင် အနာ၊ အချိုင့်အခွက်များဖြစ်လျှင် အမြစ်ကို ဆားအနည်းငယ်ရောသွေး၍ လိမ်းပေးလျှင် သက်သာစေနိုင်သည်။

အမြစ်ခြောက်ကို အမှုန့်ထောင်းပြီး ဝဲစို၊ ဝဲခြောက်၊ ယားနာများကို အုန်းဆီဖြင့် ဖျော်စပ်လိမ်းပေးလျှင် သက်သာပျောက်ကင်းစေကြောင်း ကျန်းမာရေးအကျိုးငှာ ရေးသားဖော်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *