အနီးဆုံးမှာရှိပြီး အလွယ်ကူဆုံးပြုလုပ်လို့ ရတဲ့ အသည်းဆေးနည်း
Unicode
အသည်းအတွက် အကောင်းဆုံး သဘာဝအစားအစာကတော့ မန်ကျည်းသီးပဲ ဖြစ်ပါတယ်။ မန်းကျည်းသီးရဲ့ ဆေးဖက်ဝင်များကိုလည်း မကြာခဏ တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီဆေးနည်းကို ဆရာဝန်ကြီးများကိုယ်တိုင် ရေးထားတဲ့ဆေးနည်းဖြစ်ပြီး အခုဆိုရင် ကမ္ဘာမှာ ခေတ်စားနေတဲ့ အလွယ်ကူဆုံး အသည်းဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။
(၁) မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်ကို ထန်းလျက်ခဲ ၃လုံး၊ ဆားအနည်းငယ် နဲ့ အဝကျယ်ဖန်ပုလင်းထဲ ထည့်ပါ။ (၂) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။
(၃) နေ့လည်လောက်မှာ လုပ်ထားပြီး ညနေလောက်မှာ ရေစစ်နဲ့ အရည်များကို ညစ်ယူပါ။ (၄) အိပ်ယာမဝင်ခင်မှာ ၎င်းမန်ကျည်းဖျော်ရည်ကို သံပုရာစိပ်လေး ညစ်ထည့်ပြီး သောက်ပါ။
မနက်အိပ်ယာထင်ရင် ဝမ်းသွားပါလိမ့်မယ်။ ဝမ်းမပျက်ပါ။ ပုံမှန်အတိုင်းပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် သောက်ပေးပါ။ လွန်ဘေးတန်ဆေးဆိုတဲ့အတိုင်း နေ့တိုင်းတော့ မသောက်သင့်ပါ။
လူ့ခန္ဓာကိုယ်ထဲမှာ အသည်းဟာ အလုပ်အများဆုံး လုပ်ပေးရတဲ့ ကလီစာတစ်မျိုး ဖြစ်နေပါတယ်။ ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲက အဆိပ်အတောက်များကို အသည်းက အမြဲတမ်း စစ်ထုတ်ပေးနေပါတယ်။
ဒါ့ကြောင့် အသည်းကျန်းမာဖို့ သိပ်အရေးကြီးပါတယ်။ ဝမ်းဗိုက်ထဲက အဆိပ်အတောက်၊ အပူအပုပ်များ ကင်းစင်သွားပြီး အသားအရေလည်း စိုပြေလှပလာစေပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *