အ႐ိုးအဆစ္ကိုက္ျခင္း ႏွင့္ က်ီးေပါင္းေရာဂါအတြက္ သေဘၤာ႐ြက္၏ ေဆးဘက္အစြမ္း

သေဘၤာသီး၏ အာဟာရႏွင့္ ေဆးအသုံးဝင္ပုံကို အသိမ်ားေသာ္လည္း သေဘၤာ႐ြက္၏ ေဆးဘက္ဝင္ပုံကို သိသူနည္းသျဖင့္ တင္ျပလိုက္ရပါသည္။ သေဘၤာ႐ြက္တြင္ ႐ြက္ႏုႏွင့္ ႐ြက္ၾကမ္းႏွစ္မ်ိဳး ရွိသည္။

ထြက္ခါစ အ႐ြက္ႏွင့္ အဖူးတို႔ကိုျပဳတ္ၿပီး တို႔စရာအျဖစ္ စားသုံးေလ့ ရွိၾကသည္။ ႐ြက္ၾကမ္းမ်ားကို မီးကင္၊ မီးၿမိဳက္ၿပီး ေဆးဘက္ဝင္အျဖစ္ စားသုံးေလ့ ရွိၾကသည္။

ေရွးကပင္ လူႀကီး၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေလသက္၍ အစာေၾကေစသည္ဆိုကာ အ႐ြက္ၾကမ္းကို မီးၿမိဳက္ၿပီး စားသုံးေလ့ရွိၾကသည္။ ရင္ၾကပ္၊ ပန္းနာ ႏွင့္ စကားေျပာလွ်င္ ေမာၿပီး ေလမဆက္သူမ်ားအတြက္ သင့္ေတာ္သည္။

သေဘၤာ႐ြက္သည္ ခါးေသာအရသာ ရွိသည္။ ခါးေသာအရာ မွန္သမွ်သည္ ေလကိုဖြေပးေသာ ဓာတ္သေဘာရွိသည္။ စားသုံးမႈမ်ားလွ်င္၊ လြန္ကဲလွ်င္ ေခါင္းမူးတတ္သျဖင့္ အခါးအရသာရွိေသာ အသီးအ႐ြက္မွန္သမွ် သင့္တင့္႐ုံသာ စားသုံးရမည္။

သေဘၤာ႐ြက္ၾကမ္းျပဳတ္၊ ကပ္ေၾကးျဖင့္ ပါးပါးညႇပ္ၿပီး လက္ဖက္သုပ္ကဲ့သို႔ အသုတ္ျပဳလုပ္ၿပီးလည္း စားသုံးႏိုင္သည္။ ႏွမ္းနက္၊ ၾကက္သြန္ျဖဴေၾကာ္တို႔ႏွင့္ တြဲဖက္စားလွ်င္ ေလသက္ေစသည္။

ညေနေစာင္းအခ်ိန္ (ညေန ၃ နာရီမွ ၆ နာရီအတြင္း) စားလွ်င္ ပို၍ ေလရသည္။ သေဘၤာ႐ြက္ကိုေထာင္းၿပီး ညႇစ္ယူ၍ရေသာ အရည္ကို ေန႔စဥ္မွန္မွန္ ေသာက္ေပးလွ်င္ဝမ္းတြင္းမွ တုတ္၊ သန္ စေသာ ပိုးမ်ားကို ေအာက္သို႔ သက္ေစသည္။

အစာအိမ္ အူသိမ္မွ အနာကို က်က္ေစသည္။ ၎ကို သေဘာရၤြက္သတၱဳရည္ဟု ေခၚသည္။ စာေရးသူ လက္ေတြ႕ ကုသဖူးသည္မွာ တိုင္းရင္းေဆးသိပၸံ ေဆး႐ုံႀကီးတြင္ အလုပ္သင္ဆရာအျဖစ္ တာဝန္က်စဥ္က ျဖစ္သည္။

ဒူးဆစ္၊ ဂုံညင္းႏွင့္ အ႐ိုးေအာက္ခံခြက္ အတြင္းမွ လမ္းသြားလွ်င္ မခံမရပ္ႏိုင္ေအာင္ နာက်င္သူတစ္ဦးကို သေဘၤာ႐ြက္မ်ားကို ေထာင္းၿပီး စည္းေဆးအျဖစ္ ဒူးတြင္ ထည့္ေပးခဲ့ရာ (၇) ရက္ခန႔္စည္းၿပီး သက္သာသြားခဲ့ပါသည္။

ဒူးဆစ္၊ ဂုံညင္းႏွင့္ ေအာက္ခံအ႐ိုးဂြၽိဳင္းဆက္တြင္ က်ီးေပါင္းတက္ေလ့ရွိပါသည္။ ေဘာလုံးကန္သူ၊ ျခင္းလုံးခတ္သူမ်ားတြင္ အျဖစ္မ်ားသည္။ ဒူးဆစ္ က်ီးေပါင္းတက္ၿပီး အဆစ္ၾကပ္လွ်င္ ေကြးဆန႔္ေသာအခါ အထဲမွအသံျမည္ၿပီး လမ္းသြားလွ်င္ နာက်င္ေစသည္။

ထိုဒူးဆစ္ကို မုံညင္းဆီ သို႔မဟုတ္ ႏွမ္းဆီကို မီးျဖင့္ေႏြးၿပီး ခပ္ေႏြးေႏြးလိမ္းေပးၿပီးေနာက္ သေဘၤာ႐ြက္ၾကမ္းကို ေပ်ာ့သြားေအာင္ မီးကင္ၿပီး စည္းေပးပါ။ ရက္သတၱတစ္ပတ္မွ သုံးပတ္အထိ စည္းလွ်င္ အေကာင္းဆုံး ျဖစ္ပါသည္။

ဖေနာင့္႐ိုးအတက္ထြက္ က်ီးေပါင္းတက္သူမ်ားကို တိုင္းရင္းေဆးခန္းသုံး ေဆးအမွတ္ (၄၇) ခုႏွစ္ပါးေဆးဝါေလးႏွင့္ ေရာနယ္စည္းေပးပါ။ ညအိပ္ယာဝင္ခ်ိန္တြင္ စည္းထားၿပီး နံနက္ အိပ္ယာထတြင္ ျဖည္ပါ။

သုံးပတ္ခန႔္ စည္းေပးရပါမည္။ (၇) ပါးေဆးဝါးေလးမွာ ေရွးေဆးက်မ္းမ်ားပါ ေဆးနည္းေက်ာ္ ျဖစ္သည္။ ထိုေဆးတြင္ ၁။ဆိတ္ဖူး ၂။လင္းေန ၃။ႏြားေျမရင္း ၄။ဣႆရမူလီ ၅။ရွိန္းခို ၆။ေဆးဒန္း ၇။ကန႔္ စသည့္ ေဆးဖက္ (၇) မ်ိဳး ပါဝင္သည္။

ဝယ္မရလွ်င္ ပရေဆးဆိုင္မ်ားတြင္ ေဖာ္စပ္ႏိုင္သည္။ ေဆးအေလးခ်ိန္မွာ အားလုံးဆတူျဖစ္သည္။ ဇက္၊ ဂုတ္႐ိုး က်ီးေပါင္းဖုေပၚတြင္ သေဘၤာ႐ြက္ကိုျပဳတ္ၿပီး ခပ္ေႏြးေႏြးကပ္ေပးလွ်င္ ကြမ္း႐ြက္ကပ္သကဲ့သို႔ ကပ္ေနသည္။

ပုံမွန္ စိတ္ရွည္ရွည္ ကပ္ေပးျခင္းျဖင့္ က်ီးေပါင္းေရာဂါကို သက္သာေစႏိုင္သည္။ေလ့က်င့္ခန္းမွာ ဘယ္လွည့္ ညာလွည့္ လုပ္ေပးဖို႔ လိုသည္။

ဦးေခါင္း ေလ့က်င့္ခန္းမွာဘယ္လွည့္၊ ညာလွည့္၊ အထက္ေမာ့၊ ေအာက္ငုံ႔ ျဖည္းျဖည္းခ်င္း အစဥ္အတိုင္း တစ္ေန႔လွ်င္ အႀကိမ္ ႏွစ္ဆယ္ခန႔္ လုပ္ေပးလွ်င္ သက္သာႏိုင္သည္။

သေဘၤာ႐ြက္သာမက အေစ့မဲမဲမ်ားကိုလည္း အေျခာက္လွန္း၊ အမႈန႔္ေထာင္းၿပီး ပ်ားရည္ႏွင့္ေတၿပီး (ေရာေမႊၿပီး) တစ္ေန႔လွ်င္ ႏွစ္ႀကိမ္၊ တစ္က်ပ္သားခန႔္ ေသာက္ေပးလွ်င္ က်ီးေပါင္းႏွင့္ အ႐ိုးအဆစ္ကိုက္ျခင္း ေဝဒနာမ်ားကို သက္သာေစႏိုင္သည္။

ေတာ႐ြာမ်ားတြင္ သေဘၤာေစ့အနက္အစိုကို ကေလးမ်ား သန္ခ်ေဆးအျဖစ္ (၇) ေစ့ တိုက္ေကြၽးေလ့ ရွိသည္။ က်ီးေပါင္းေရာဂါသည္ တစ္ရက္၊ တစ္လႏွင့္ ျဖစ္ပၚလာေသာ ေရာဂါမဟုတ္၊ လႏွစ္ခ်ီၿပီး ျဖစ္လာေသာ ေရာဂါျဖစ္သျဖင့္ စိတ္ရွည္ရွည္ ကုသမႈခံယူရန္ လိုအပ္သည္။

ပူေသာ အေရျပားကို ေလာင္ေစေသာ ဒဏ္ေၾကေဆးမ်ားကို အလြန္အကြၽံ မလိမ္းသင့္ပါ။ ပူတိုင္း မေကာင္းပါ။ ေလ့က်င့္ခန္း လုပ္ျခင္း၊ ၾကပ္ထုပ္ထိုးျခင္း၊ ေရေႏြးအိတ္ ကပ္ျခင္း၊ ေဆးပူလိမ္းျခင္းတို႔ကို သင့္တင့္႐ုံသာ လုပ္ေဆာင္ၿပီး အေနအထိုင္ကို ဆင္ျခင္၊ စိတ္ရွည္ရွည္ ကုသမႈခံယူမွ သက္သာမည္ကို သတိျပဳေစလိုသည္။

Unicode

သင်္ဘောသီး၏ အာဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။

ထွက်ခါစ အရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။

ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာ နှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။

သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင် ခေါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။

ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင်ဝမ်းတွင်းမှ တုတ်၊ သန် စသော ပိုးများကို အောက်သို့ သက်စေသည်။

အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကို ထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။

ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။

ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။

သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ရ။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။

ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။ ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။

ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။

ဦးခေါင်း လေ့ကျင့်ခန်းမှာဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။

သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။

တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါ်လာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။

ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်းတို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *