အသက္အ႐ြယ္ရလာေသာအခါတြင္ျဖစ္တတ္ေလ့ရွိေသာ ဒူးနာေဝဒနာခံစားေနရသူမ်ားအတြက္ ဗန္ဒါ႐ြက္ လက္ေတြ႕ေဆးနည္း

သင့္တသက္မွာ အနည္းဆုံးတခါေလာက္ေတာ့ ဒူးနာဖူးမွာ အမွန္ပါ။ အသက္ငယ္စဥ္ အ႐ြယ္တြင္မသိေပမဲ့ အသက္အ႐ြယ္ရလာေသာအခါတြင္ အေၾကာတက္ အဆစ္နာဆိုသည္ အ႐ြယ္အရ စကားေျပာလာပါသည္။

မိမိ၏ ကိုယ္ခႏၶာအေလးခ်ိန္ဝိတ္ကို မထိန္းႏိုင္လွ်င္ ဒူးနာ ခါးနာ ပိုမိုျဖစ္ပြားေလ့ရွိပါသည္။ခႏၶာကိုယ္အထက္ပိုင္း ကိုယ္အေလးခ်ိန္မ်ားကို ၾကာရွည္ဖိထားျခင္းေၾကာင့္ ထိုင္ေနရာမွ ထလွ်င္ျဖစ္ျဖစ္ သြားလာေနရင္းျဖစ္ျဖစ္ ဒူးနာလာျခင္း၊ ခါးနာလာျခင္း သိသိသာသာ နာက်င္ေနမႈ ျဖစ္ေပၚလာသည္။

တစ္သက္လုံး ခိုင္းသမွ် လုပ္ေဆာင္ခဲ့သမွ် ဒဏ္ေတြေၾကာင့္ ျဖစ္ေပၚလာသည့္ ေရာဂါလည္းျဖစ္ပါသည္။ အမ်ိဳးသားမ်ားေရာ အမ်ိဳးသမီးမ်ားတြင္ ျဖစ္ပြားပါသည္။လႈပ္ရွားလွ်င္ ဒူးေခါင္း အဆစ္ေနရာတြင္ အသံေတြျမည္ၿပီး နာက်င္ပါသည္။

လူတစ္ေယက္ ဒူးနာေရာဂါ စြဲကပ္ေနၿပီဆိုပါက ပုဆစ္တုပ္လည္း ထိုင္မရ၊ ထိုင္ေနရာမွ ထရမွာကိုေတာင္ ေၾကာက္ေနမိပါတယ္။ အိမ္သာသြားလည္း ထိုင္လို႔ေတာင္ အစဥ္မေျပျဖစ္တက္ပါသည္။ ဒူးနာေဝဒနာ ခံစားေနရသူအတြက္ လက္ေတြ႕ေဆးနည္းကို ေဝမွ်ေပးလိုက္ပါတယ္။

ေဆးနည္း-ဒူးနာေနလွ်င္ ဗန္ဒါ႐ြက္ ႏွစ္႐ြက္ကို ညအိပ္ယာဝင္လွ်င္ ဒူးအား တပတ္လည္ပတ္ၿပီး အဝတ္ပါး (သို႔) ဒူးစြပ္ႏွင့္ စြပ္ၿပီး အိပ္ပါ။ မနက္မိုးလင္း အိပ္ယာထလွ်င္ ဗန္ဒါ႐ြက္တြင္ အဆီမ်ားထြက္ေနသည္ကို ေတြ႕ရမည္ ျဖစ္သည္။

၎အဆီမွာ အပူခိုးမ်ားျဖစ္သည္။ ထိုသို႔ျပဳလုပ္ၿပီး ႏွစ္ရက္သုံးရက္အတြင္း ဒူးနာေဝဒနာ သက္သာေပ်ာက္ကင္းသြားပါမည္။ အနီးအနားမွ မိတ္ေဆြမ်ားအား ေျပာျပသျဖင့္ သက္သာ ေပ်ာက္ကင္းၾကပါသည္။ေမတၱာျဖင့္ အားလုံး က်မ္းမာခ်မ္းသာၾကပါေစ။

Unicode

သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ အသက်ငယ်စဉ် အရွယ်တွင်မသိပေမဲ့ အသက်အရွယ်ရလာသောအခါတွင် အကြောတက် အဆစ်နာဆိုသည် အရွယ်အရ စကားပြောလာပါသည်။

မိမိ၏ ကိုယ်ခန္ဓာအလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် ဒူးနာ ခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ခန္ဓာကိုယ်အထက်ပိုင်း ကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် ထိုင်နေရာမှ ထလျှင်ဖြစ်ဖြစ် သွားလာနေရင်းဖြစ်ဖြစ် ဒူးနာလာခြင်း၊ ခါးနာလာခြင်း သိသိသာသာ နာကျင်နေမှု ဖြစ်ပေါ်လာသည်။

တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလည်းဖြစ်ပါသည်။ အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည်။လှုပ်ရှားလျှင် ဒူးခေါင်း အဆစ်နေရာတွင် အသံတွေမြည်ပြီး နာကျင်ပါသည်။

လူတစ်ယေက် ဒူးနာရောဂါ စွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ်။ အိမ်သာသွားလည်း ထိုင်လို့တောင် အစဉ်မပြေဖြစ်တက်ပါသည်။ ဒူးနာဝေဒနာ ခံစားနေရသူအတွက် လက်တွေ့ဆေးနည်းကို ဝေမျှပေးလိုက်ပါတယ်။

ဆေးနည်း-ဒူးနာနေလျှင် ဗန်ဒါရွက် နှစ်ရွက်ကို ညအိပ်ယာဝင်လျှင် ဒူးအား တပတ်လည်ပတ်ပြီး အဝတ်ပါး (သို့) ဒူးစွပ်နှင့် စွပ်ပြီး အိပ်ပါ။ မနက်မိုးလင်း အိပ်ယာထလျှင် ဗန်ဒါရွက်တွင် အဆီများထွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။

၎င်းအဆီမှာ အပူခိုးများဖြစ်သည်။ ထိုသို့ပြုလုပ်ပြီး နှစ်ရက်သုံးရက်အတွင်း ဒူးနာဝေဒနာ သက်သာပျောက်ကင်းသွားပါမည်။ အနီးအနားမှ မိတ်ဆွေများအား ပြောပြသဖြင့် သက်သာ ပျောက်ကင်းကြပါသည်။မေတ္တာဖြင့် အားလုံး ကျမ်းမာချမ်းသာကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *