နို့ကြောင်းပိတ်နေသော နို့တိုက်မိခင်များအတွက် ဆေးနည်းကောင်း






Unicode

Breast engorgement ဆိုတာက နို့ကြောင်းပိတ်တာကို ခေါ်ဆိုပါတယ်။ Breast inflammation ဆိုတာက ရင်သားတဝိုက်မှာ အသားရည် နီရဲတင်းကြပ်ပြီး ဖူးရောင်နေတာကို ခေါ်ဆိုပါတယ်။

နို့တိုက်မိခင်များ နို့ကြောင်းပိတ်တယ်ဆိုတာက ရင်သွေးငယ်ကို အချိန်မှန် နို့မတိုက်ခြင်းနှင့် နို့တိုက်ချိန်လျော့နည်းခြင်းအပြင် နို့အုံထဲမှာရှိတဲ့ လက်ကျန်နို့ရည်ကို စွန့်ထုတ်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။

နို့ထွက်အားကောင်းပြီး နို့ရည်ကို သိုလှောင်သိမ်းဆည်းမှုပမာန မြင့်တက်နေခြင်းကြောင့်ပါ။ ဒါ့ကြောင့် နို့အုံနဲ့ နို့ထွက်လမ်းကြောင်းမှာ နာကျင်နေမယ်၊ ရောင်နေမယ်၊ ကိုက်ခဲနေတတ်ပါတယ်။

ဒီဝေဒနာကို ကုစားလို့ရတဲ့ သဘာဝနည်းလမ်းရှိပါတယ်။ သူကတော့ ဂေါ်ဖီရွက်(Cabbage leaves)ဖြစ်ပါတယ်။ ဂေါ်ဖီရွက်ကို မိမိ၏ ရင်သားပေါ်သို့ ဖိကပ်ပေးထားပါက အထက်ပါဖော်ပြပေးခဲ့တဲ့ နို့နဲ့ပတ်သက်တဲ့ ဝေဒနာများကို ပျောက်ကင်းသက်သာစေပါတယ်။

ဒီအပြင် ဦးခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်းနှင့် လည်ချောင်း သိုင်းရွိုက် အကျိတ်ရောင်ခြင်းများကို ဂေါ်ဖီအရွက် ကပ်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *