သိထား ဖတ္ထားသင့္ေသာ အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးျခင္းအတြက္ အလြန္ထိေရာက္ေသာ ေဆးနည္း

ေယာက်္ားေတေဇာ၊ မိန္းမအာေပါဆိုေသာ တိုင္းရင္းေဆး ပညာ၏ ေဝါဟာရရွိ၏။ အမ်ိဳးသားတို႔က ေတေဇာဓာတ္လြန္ကဲ တတ္ၾကၿပီး အမ်ိဳးသမီးတို႔က အာေပါဓာတ္ႏွင့္ ပထဝီဓာတ္မ်ား လြန္ကဲေလ့ ရွိသည္ဟုဆို၏။

အမ်ိဳးသမီးတို႔သည္ မီးယပ္ေသြးတည္းဟူေသာ အာေပါဓာတ္ယိုစီးမႈေၾကာင့္ ႐ုပ္သ႑ာန္ လွပမႈတြင္ ရင္ႏွင့္တင္ စသည္ျဖင့္ ႐ုပ္ကို ေရွ႕ေဆာင္ျခင္း ျဖစ္ေလသည္။

အမ်ိဳးသမီးမ်ား၏ က်န္းမာေရးသည္ မီးယပ္ေသြးႏွင့္ သက္ဆိုင္ ေနတတ္ေပသည္။ထိုေၾကာင့္လည္း မီးယပ္ေသြး လစဥ္မွန္မွန္ ဆင္းသက္ေစရန္ အမ်ိဳးသမီးမ်ား ေစာင့္ေရွာက္သင့္လွ၏။

အမ်ိဳးသမီးမ်ားသည္ အဓိကအားျဖင့္ မီးယပ္ေသြးမမွန္ျခင္းမွ စကာ မီးယပ္ေရာဂါ အမ်ိဳးမ်ိဳးကို ခံစားၾကရသည္။ အမ်ိဳးသမီးအမ်ားစု ခံစားရတတ္ေသာ မီးယပ္ ေသြးဆုံးျခင္းႏွင့္ ပတ္သက္ၿပီး တင္ျပရပါလွ်င္ ေသြးဆုံးခ်ိန္ နီးသည္အခ်ိန္ ၾကားကာလမ်ိဳးတြင္ ေရာဂါ၏မာယာက စတင္တတ္ေလသည္။

ခ်မ္းလိုက္၊ ပူလိုက္ျဖစ္၏။ ေခါင္းကိုက္ျခင္း၊ ႏွလုံးတုန္၊ ေမာပန္းျခင္းလည္းျဖစ္၏။ ထိုမွ်မက ေျခဖ်ား၊ လက္ဖ်ားတို႔ေအးၿပီး စိတ္မၿငိမ္သက္ျဖစ္ရကာ စားမဝင္ အိပ္မေပ်ာ္ စုံလင္လွေပသည္။

ထိုေၾကာင့္ ထိုအမ်ိဳးသမီး၏ က်န္းမာေရးသည္ ေကာင္းလိုက္၊ မေကာင္းလိုက္ နားလည္ရ ခက္ေနတတ္ေလသည္။ ဒါေၾကာင့္လည္း မီးယပ္ေသြးဆုံး ေယာက်ာ္းမုန္းဟု စာပင္ခ်ိဳးၾက ေတာ့သည္။

မီးယပ္ ေသြးဆုံးျခင္းႏွင့္ ပတ္သက္၍ တိုင္းရင္းေဆး ဆရာႀကီးဦးႂကြယ္က အလြန္ထိေရာက္ေသာ ေဆးနည္းေကာင္းေလးအား ေပးဖူးပါသည္။

ထိုေဆးနည္းမွာ ေသြးဆုံး မီးယပ္ခံစားေနရေသာ အမ်ိဳးသမီး တစ္ပတ္တစ္ႀကိမ္ႏႈန္း တစ္လလွ်င္(၄) ႀကိမ္ လြယ္လင့္တကူ ေသာက္ေပးရန္ ျဖစ္ပါသည္။

(၁) ထမင္းရည္ ငါးၾကင္းဖန္ခြက္(၁)ခြက္ ၊ (၂) ၾကက္ဥစိမ္း (၁)လုံး (အိမ္ၾကက္ဥရပါက ပိုေကာင္းပါသည္) ၊ (၃) င႐ုတ္ေကာင္းမႈန႔္ (၅)ေစ့စာ ၊ (၄) ဆားအနည္းငယ္ ၊(၅) ပ်ားရည္ (၂)က်ပ္သား။

ထမင္းရည္ပူပူထဲ ၾကက္ဥကို ေဖာက္ထည့္ေပးၿပီး င႐ုတ္ေကာင္း၊ ဆားထည့္ၿပီး ပ်ားရည္ထည့္ေမႊ၍ ထမင္းရည္ေႏြးေႏြးကို တစ္ခါတည္း ေသာက္ေပးျခင္း ျဖစ္ေလသည္။

ဝန္ထမ္းဘဝတစ္ေလွ်ာက္ တိုင္းရင္းေဆး ဆရာႀကီး ဦးႂကြယ္ ေပးေသာ ေဆးနည္းျဖင့္ ေရာက္ရွိရာ ေနရာေဒသမ်ားတြင္ေဆးနည္း ဒါနျပဳခဲ့ရာ အေတာ္ပင္ ထိေရာက္ အက်ိဳးရွိပါ၍

လိုသူတို႔ သုံးႏိုင္ပါရန္ အပန္းမႀကီးေသာ မီးယပ္ေသြးဆုံး ေဆးနည္းကို တင္ျပလိုက္ပါသည္။ လိုသူယူသုံး ေစတနာ အၿပဳံးျဖင့္ ႐ႊင္လန္းၾကပါေစ…။

Unicode

ယောကျ်ားတေဇော၊ မိန်းမအာပေါဆိုသော တိုင်းရင်းဆေး ပညာ၏ ဝေါဟာရရှိ၏။ အမျိုးသားတို့က တေဇောဓာတ်လွန်ကဲ တတ်ကြပြီး အမျိုးသမီးတို့က အာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ ရှိသည်ဟုဆို၏။

အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ်ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန် လှပမှုတွင် ရင်နှင့်တင် စသည်ဖြင့် ရုပ်ကို ရှေ့ဆောင်ခြင်း ဖြစ်လေသည်။

အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့် သက်ဆိုင် နေတတ်ပေသည်။ထိုကြောင့်လည်း မီးယပ်သွေး လစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။

အမျိုးသမီးများသည် အဓိကအားဖြင့် မီးယပ်သွေးမမှန်ခြင်းမှ စကာ မီးယပ်ရောဂါ အမျိုးမျိုးကို ခံစားကြရသည်။ အမျိုးသမီးအများစု ခံစားရတတ်သော မီးယပ် သွေးဆုံးခြင်းနှင့် ပတ်သက်ပြီး တင်ပြရပါလျှင် သွေးဆုံးချိန် နီးသည်အချိန် ကြားကာလမျိုးတွင် ရောဂါ၏မာယာက စတင်တတ်လေသည်။

ချမ်းလိုက်၊ ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊ နှလုံးတုန်၊ မောပန်းခြင်းလည်းဖြစ်၏။ ထိုမျှမက ခြေဖျား၊ လက်ဖျားတို့အေးပြီး စိတ်မငြိမ်သက်ဖြစ်ရကာ စားမဝင် အိပ်မပျော် စုံလင်လှပေသည်။

ထိုကြောင့် ထိုအမျိုးသမီး၏ ကျန်းမာရေးသည် ကောင်းလိုက်၊ မကောင်းလိုက် နားလည်ရ ခက်နေတတ်လေသည်။ ဒါကြောင့်လည်း မီးယပ်သွေးဆုံး ယောကျာ်းမုန်းဟု စာပင်ချိုးကြ တော့သည်။

မီးယပ် သွေးဆုံးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းဆေး ဆရာကြီးဦးကြွယ်က အလွန်ထိရောက်သော ဆေးနည်းကောင်းလေးအား ပေးဖူးပါသည်။

ထိုဆေးနည်းမှာ သွေးဆုံး မီးယပ်ခံစားနေရသော အမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း တစ်လလျှင်(၄) ကြိမ် လွယ်လင့်တကူ သောက်ပေးရန် ဖြစ်ပါသည်။

(၁) ထမင်းရည် ငါးကြင်းဖန်ခွက်(၁)ခွက် ၊ (၂) ကြက်ဥစိမ်း (၁)လုံး (အိမ်ကြက်ဥရပါက ပိုကောင်းပါသည်) ၊ (၃) ငရုတ်ကောင်းမှုန့် (၅)စေ့စာ ၊ (၄) ဆားအနည်းငယ် ၊(၅) ပျားရည် (၂)ကျပ်သား။

ထမင်းရည်ပူပူထဲ ကြက်ဥကို ဖောက်ထည့်ပေးပြီး ငရုတ်ကောင်း၊ ဆားထည့်ပြီး ပျားရည်ထည့်မွှေ၍ ထမင်းရည်နွေးနွေးကို တစ်ခါတည်း သောက်ပေးခြင်း ဖြစ်လေသည်။

ဝန်ထမ်းဘဝတစ်လျှောက် တိုင်းရင်းဆေး ဆရာကြီး ဦးကြွယ် ပေးသော ဆေးနည်းဖြင့် ရောက်ရှိရာ နေရာဒေသများတွင်ဆေးနည်း ဒါနပြုခဲ့ရာ အတော်ပင် ထိရောက် အကျိုးရှိပါ၍

လိုသူတို့ သုံးနိုင်ပါရန် အပန်းမကြီးသော မီးယပ်သွေးဆုံး ဆေးနည်းကို တင်ပြလိုက်ပါသည်။ လိုသူယူသုံး စေတနာ အပြုံးဖြင့် ရွှင်လန်းကြပါစေ…။

Leave a Reply

Your email address will not be published. Required fields are marked *