လုပ္ငန္းခြင္ဝင္ေနျကတဲ့လူအမ်ားစုျဖစ္တတ္တဲ့ ဇက္ေၾကာတက္ျခင္းကို သဘာဝနည္းလမ္းနဲ႔ ဘယ္လို ေပ်ာက္ကင္းေအာင္ လုပ္မလဲ

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္တာေတြ ႂကြက္သားေတြ မာတင္းတာေၾကာင့္ျဖစ္တတ္ၿပီး ကိုယ့္တစ္ေန႔တာလုံးကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။

တခါတေလ ၁ ရက္ ပိုၾကာရွည္ေအာင္ ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တိုင္း ေခါင္းေလ့က်င့္ခန္းကို လုပ္ေပးသင့္ပါတယ္။ အဲ့ဒီ တျခား သဘာဝနည္းလမ္းနဲ႔ ကာကြယ္လို႔ရတဲ့ နည္းေတြကို ေဝမွ်ခ်င္ပါတယ္။

ပုဝါကို လည္ပင္းမွာပတ္ပါ ။ ။ အခုဆိုရင္ ေဆာင္းတြင္းဝင္လာပါၿပီ။ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြက ရာသီဥတု ေအးရင္လည္း ျဖစ္တတ္ပါတယ္။

ပုဝါေလးပတ္ၿပီး လည္ပင္းကို ေႏြးေႏြးေလး လုပ္ထားရင္ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္တာေတြသက္သာေစတဲ့အျပင္ ဖက္ရွင္လည္း က်ေစမွာပါ။

အပူအေအးနဲ႔ကုလို႔ရ ။ ။ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနတဲ့ေနရာကို ေရခဲကပ္ေပးပါ။ ေရခဲက ႂကြက္သားေတြ တင္းတာ၊ ေရာင္ရမ္းတာေတြကို က်ေစပါတယ္။ အပူကလည္း ႂကြက္သားေတြတင္းေနတာကိုေတြ ေလ်ာ့ေစပါတယ္။

ေရခဲတုံးကို ကုတ္နဲ႔ပခုံးေပၚမွာ မိနစ္ ၂၀ ေလာက္ ကပ္ေပးထားၿပီးေနာက္ ေရေႏြးအိတ္ကပ္ေပးပါ။ ဒါဆိုရင္ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြသက္သာလာပါလိမ့္မယ္။

ေရဓာတ္လုံေလာက္ေအာင္ ေသာက္ေပးပါ ။ ။ ေရဓာတ္ခမ္းေျခာက္ရင္လည္း ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္ၾကား ေသာက္သင့္ပါတယ္။ ကိုယ္လုပ္ရတဲ့အလုပ္က ေနပူထဲထြက္ၿပီး ေရဓာတ္ခမ္းေျခာက္မႈမ်ားရင္ ပိုေသာက္သင့္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ ။ ။ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနရင္ အေကာင္းဆုံးကေတာ့ ေလ့က်င့္ခန္းလုပ္ပါ။ ေလ့က်င့္ခန္းလို႔ ေျပာရာမွာ ကုတ္ေပၚမွာ အေလးေတြ တင္ၿပီး မတာမ်ိဳး မလုပ္ပါနဲ႔။

ေခြၽးထြက္ေစတဲ့ ေလ့က်င့္ခန္းေတြျဖစ္တဲ့ cardio တို႔ yoga စသည္တို႔ ေဆာ့လို႔ရပါတယ္။ ေရကူးတာမ်ိဳးတို႔လည္း လုပ္ေဆာင္ေပးပါ။

Unicode

ဇက်ကြောတက်၊ နောက်ကြောတက်တာတွေ ကြွက်သားတွေ မာတင်းတာကြောင့်ဖြစ်တတ်ပြီး ကိုယ့်တစ်နေ့တာလုံးကို အနှောက်အယှက်ဖြစ်စေပါတယ်။

တခါတလေ ၁ ရက် ပိုကြာရှည်အောင် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ခေါင်းလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ အဲ့ဒီ တခြား သဘာဝနည်းလမ်းနဲ့ ကာကွယ်လို့ရတဲ့ နည်းတွေကို ဝေမျှချင်ပါတယ်။

ပုဝါကို လည်ပင်းမှာပတ်ပါ ။ ။ အခုဆိုရင် ဆောင်းတွင်းဝင်လာပါပြီ။ ဇက်ကြောတက်၊ နောက်ကြောတက်တွေက ရာသီဥတု အေးရင်လည်း ဖြစ်တတ်ပါတယ်။

ပုဝါလေးပတ်ပြီး လည်ပင်းကို နွေးနွေးလေး လုပ်ထားရင် ဇက်ကြောတက်၊ နောက်ကြောတက်တာတွေသက်သာစေတဲ့အပြင် ဖက်ရှင်လည်း ကျစေမှာပါ။

အပူအအေးနဲ့ကုလို့ရ ။ ။ ဇက်ကြောတက်၊ နောက်ကြောတက်နေတဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲက ကြွက်သားတွေ တင်းတာ၊ ရောင်ရမ်းတာတွေကို ကျစေပါတယ်။ အပူကလည်း ကြွက်သားတွေတင်းနေတာကိုတွေ လျော့စေပါတယ်။

ရေခဲတုံးကို ကုတ်နဲ့ပခုံးပေါ်မှာ မိနစ် ၂၀ လောက် ကပ်ပေးထားပြီးနောက် ရေနွေးအိတ်ကပ်ပေးပါ။ ဒါဆိုရင် ဇက်ကြောတက်၊ နောက်ကြောတက်တွေသက်သာလာပါလိမ့်မယ်။

ရေဓာတ်လုံလောက်အောင် သောက်ပေးပါ ။ ။ ရေဓာတ်ခမ်းခြောက်ရင်လည်း ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်တတ်ပါတယ်။

ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်က နေပူထဲထွက်ပြီး ရေဓာတ်ခမ်းခြောက်မှုများရင် ပိုသောက်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ ။ ။ ဇက်ကြောတက်၊ နောက်ကြောတက်နေရင် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလို့ ပြောရာမှာ ကုတ်ပေါ်မှာ အလေးတွေ တင်ပြီး မတာမျိုး မလုပ်ပါနဲ့။

ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ cardio တို့ yoga စသည်တို့ ဆော့လို့ရပါတယ်။ ရေကူးတာမျိုးတို့လည်း လုပ်ဆောင်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *