လူတိုင်းမသိသေးတဲ့ ဒူလာသွေးဝမ်းကို ယူပစ်သလိုပျောက်တဲ့ဆေးနည်း
Unicode
ဝမ်းသွား၏။ ပထမ ရိုးရိုးဝမ်းသွားခြင်းဟု ထင်သည်။ နောက်သွေးပါ ပါလာသည်။ ထိုသို့ဖြစ်ခြင်းကို သွေးဒူလာဖြစ်သည်ဟု ဆိုလေသည်။ အညောင်းထိုင်ခြင်းများ၍လည်းပါသည်။ ဆေးအတော်စုံသော်လည်း အရှင်းပျောက်ကင်းခြင်းမရှိဘဲ (၁)လကျော် ခံရသည်။
ထိုစဉ် မိတ်ဆွေတစ်ဦးက နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင်ပါရှိသော ဒူလာဝမ်းအတွက် ယူပစ်သလိုပျောက်တဲ့ဆေးနည်းဖြင့် သူလည်း ပျောက်ကင်းခဲ့ကြောင်း။ စမ်းသပ်လိုစိတ်ရှိရင် စမ်းကြည့် ယူပစ်သလို ပျောက်ပါတယ်ဆိုလေသည်။
ဆေးနည်းမှာ- ကြက်တစ်ကောင်လုံးကို ငှက်ပျောပင်မှရသော အရည်ဖြင့် ချက်ပြီး အဝစားခြင်း ဖြစ်လေသည်။ အချို့ကလည်း အကုသိုလ်ဟု ဆိုတတ်သည်။ ထိုကြောင့် မည်သည့်နည်းဖြင့်ရသော ကြက်ဖြစ်ဖြစ် ရပါသည်။
ငှက်ပျောပင်ကို ခုတ်ပြီး အလက်နှင့် ပင်စည်မှရသော ငှက်ပျောရည်ကို ဆိုလိုပါသည်။ ဒူလာသွေးဝမ်း အမှန်ပင် ယူပစ်သလို ပျောက်ကင်းခဲ့ပါသည်။ ဒူလာသွေးဝမ်းသည် စက်ချုပ်၊
အညောင်းထိုင်၊ သံဃာတော်များနှင့် ရုံးသမားစသည်တို့ ဖြစ်လေ့ရှိကြပါသည်။ လိုသူတို့ သုံးနိုင်ရန် မိတ်ဆွေပြောပြသော နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ဒူလာဝမ်းအတွက် နည်းလမ်းကောင်းလေးအား တင်ပြလိုက်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *