သင်တို့ ရဲ့ ပါးစပ်ထဲမှာ အပူနာဖြစ်ခဲ့ရင် အိမ်မှာ တင်လုပ်နိုင်တဲ့ နည်းလမ်းကောင်းလေး





Unicode

လျှာ၊ သွားဖုံးနဲ့ ပါးစောင်အတွင်းပိုင်းတွေမှာ အပူနာဖြစ်တာဟာ အန္တရာယ်မရှိပေမယ့် စကားပြောရခက်၊ ပြုံးရယ်ရခက်၊ စားသောက်ရခက်နဲ့ အတော်လေး ခံရခက်ပါတယ်။ ဒီအခြေအနေကနေ သက်သာဖို့ အိမ်မှာတင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

ရှားစောင်းလက်ပပ်ဂျယ်နဲ့ အပူနာရှိတဲ့နေရာကို တစ်နေ့နှစ်ကြိမ် လိမ်းပေးနိုင်သလို ရှားစောင်းလက်ပပ် ဖျော်ရည်စစ်စစ် နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပလုတ်ကျင်းပေးနိုင်ပါတယ်။

ရေတစ်ခွက်ထဲကို လက်ဖက်ပင်ဆီ ဆယ်စက်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေးနိုင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ရောစပ် အနှစ်လုပ်ပြီး အနာဖြစ်နေတဲ့နေရာကို သုတ်လိမ်းပေးနိုင်ပါတယ်။

အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျ ပေါက်ပင်တစ်မျိုးဖြစ်တဲ့ ဒုဓလီပွင့်ကို ရေနွေးဆူဆူထဲမှာ ထည့်စိမ်ထားပြီး အေးသွားတဲ့အခါ ပလုတ်ကျင်းပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *