ေယာက်္ား ပန္းထေဆး၊ အကိုက္အခဲေပ်ာက္ေဆး၊ အေၾကာေလ်ာက္သက္တန႔္ေဆး၊ ၾကက္ညႇာေခ်ာင္းဆိုးေပ်ာက္ေဆး တို ့အတြက္ ရွားေစာင္းလက္ဝါး(က်ားရွာ)

အပင္ကို အေတာ္မ်ားမ်ားသိၾက၏။ ေတြ႕ဖူးၾကသည္။ ထိုအပင္၏ ေဆးအသုံးသိေစရန္ တင္ျပလိုက္ပါသည္။ ေယာက်္ား ပန္းထေဆး၊ အကိုက္အခဲေပ်ာက္ေဆး၊ အေၾကာေလ်ာက္သက္တန႔္ေဆး၊ ၾကက္ညႇာေခ်ာင္းဆိုးေပ်ာက္ေဆး စသည္ျဖင့္ အသုံးျပဳၾကသည္။

ပန္းထလိမ္းေဆး ။ ။ အသီးမွအေစ့ကိုဆီခ်က္ရသည္။ ယင္းအဆီကို နံက္ညလိမ္းေပးပါက ကာမသတၱိပြားမ်ားျခင္း၊ ပန္းေသ ေရာဂါေပ်ာက္ကင္းျခင္း စေသာအက်ိးမ်ားကို ခံစားျမင္ေတြ႕ရပါမည္။ ထိုျပင္လိင္တံကို ေတာင့္တင္းမာေၾကာေစပါသည္။

ေဆးက်မ္းတြင္ မွတ္ခ်က္အျဖစ္ တင္ျပထားသည္မွာ ယင္းဆီကိုလိမ္းေသာအခါ သာမန္လိမ္း႐ုံမဟုတ္ဘဲ အေၾကာအသားအတြင္းသို႔ စိမ့္ဝင္ေအာင္ ခပ္ျပင္ျပင္း လိမ္းေပးရန္ဟု ပါရွိပါသည္။

အကိုက္အခဲေပ်ာက္ေဆး ။ ။ ရွားေစာင္းလက္ဝါးပၪၥ(၅)ပါးကိုထုေခ်ၿပီး ႏွမ္းဆီ၊ မုန္ညင္းဆီတို႔ျဖင့္ (၁)ရက္ၾကာ စိမ္၍ အဝတ္ျဖင့္ စစ္ယူရသည္။ ယင္းဆီကို ကိုယ္လက္အဂၤါႀကီးငယ္တို႔ကို နာနာပြတ္၍ လိမ္းေပးပါက အကိုက္အခဲ ေပ်ာက္ကင္း ေစပါသည္။

အေၾကာေလ်ာက္သက္တန႔္ ။ ။ အေၾကာတြင္ ေပါက္ေသာအနာျဖစ္ပါမူ ရွားေစာင္းလက္ဝါး အတြင္းသားမ်ားကို မီးေႏြးေႏြးျဖင့္ကင္ၿပီး အနာေပၚ အုံေပးရသည္။ အေၾကာနာေရာဂါ၊ အေၾကာေလ်ာက္သက္တန႔္နာမ်ား ေပ်ာက္ကင္းပါလိမ့္မည္။

သည္းေျခေဖာေရာဂါ ။ ။ ရွားေစာင္းလက္ဝါးအ႐ြက္ကို ႀကိတ္ၿပီးအုံေပးျခင္း၊ က်ပ္ထုပ္ထိုးျခင္းျဖင့္ အပူေဖာ၊ သည္းေျခေဖာေရာဂါကို ေပ်ာက္ကင္းေစသည္။

ၾကက္ညႇာေခ်ာင္းဆိုး ။ ။ ရွားေစာင္းလက္ဝါးအသီးကို မီးကင္း၍ အရည္ညႇစ္ပါ။ ထိုအရည္ကို ၾကက္ညႇာေခ်ာင္းဆိုးသူမ်ားအား သင့္႐ုံတိုက္ေပးပါက ေပ်ာက္ကင္းေစသည္။

ဝမ္းႏုတ္ေဆး ။ ။ အေစး(၁၀)စက္မွ်ကို သၾကားခဲႏွင့္ေရာၿပီး ေသာက္ပါမူ ဝမ္းစင္ၾကယ္စြာ သက္ပါသည္။ ယင္းဝမ္းႏုတ္ေဆးမွာ ေရဖ်ဥ္း၊ေဖါေရာင္သူ၊ ဆီးခိုးမႈတ္ျခင္း၊ ကိုယ္လက္ကိုက္ခဲ ေညာင္းညာ၊ ခြၽဲသလိပ္က်ပ္ျခင္းတို႔ကို ေပ်ာက္ကင္းေစပါသည္။ အျခားေပ်ာက္ကင္းေစေသာ ေရာဂါမ်ားလည္း မ်ားစြာရွိ ေနပါေသးသည္။

ရွားေစာင္းလက္ဝါး ။ ။ ရွားေစာင္းမ်ိဳးရင္း ျဖစ္သည္။ လက္ဝါးပုံ(သို႔) နဂါး ပါးပ်ဥ္းကဲ့သို႔ ရွိသည္။ ရွည္၍ ခြၽန္ထက္မာေက်ာေသာ အဆူးမ်ားရွိသည္။

အစုလိုက္ေပါက္တတ္ၿပီး၊ အပင္မ်ားကို သတ္ရန္ ခဲယဥ္းလွသည္။ ေရွးက အလႉအတန္းမ်ားတြင္ မ႑ပ္ဆင္ျခင္း၊လိုက္ကာ၊ မ်က္ႏွာက်က္ ဆြဲျခင္းမ်ားတြင္ တြယ္ခ်ိတ္အျဖစ္ အဆူးကို သုံးၾကသည္။

အေခၚအေဝၚ ။ ။ ျမန္မာတို႔က ရွာေစာင္းလက္ဝါး၊ အခ်ိဳ႕အရပ္မ်ားတြင္ဘီလူးလက္ဝါး၊ က်ားရွာ ဟုေခၚၾကသည္။ ေဆးက်မ္းတို႔တြင္ နာဂ္ဖနီ(နဂါးပါးပ်ဥ္း)ဟု ေခၚပါသည္။

ၿခံဝန္းလုံၿခဳံရန္ စိုက္ပ်ိဳးထားတတ္ၾကေသာ ရွားေစာင္းလက္ဝါး အဆူးပင္မွာ ေဆးဖက္ဝင္ပင္ ျဖစ္ေနသည္မွာ အံ့ၾသစရာျဖစ္ပါေတာ့သည္။

Unicode

အပင်ကို အတော်များများသိကြ၏။ တွေ့ဖူးကြသည်။ ထိုအပင်၏ ဆေးအသုံးသိစေရန် တင်ပြလိုက်ပါသည်။ ယောကျ်ား ပန်းထဆေး၊ အကိုက်အခဲပျောက်ဆေး၊ အကြောလျောက်သက်တန့်ဆေး၊ ကြက်ညှာချောင်းဆိုးပျောက်ဆေး စသည်ဖြင့် အသုံးပြုကြသည်။

ပန်းထလိမ်းဆေး ။ ။ အသီးမှအစေ့ကိုဆီချက်ရသည်။ ယင်းအဆီကို နံက်ညလိမ်းပေးပါက ကာမသတ္တိပွားများခြင်း၊ ပန်းသေ ရောဂါပျောက်ကင်းခြင်း စသောအကျိးများကို ခံစားမြင်တွေ့ရပါမည်။ ထိုပြင်လိင်တံကို တောင့်တင်းမာကြောစေပါသည်။

ဆေးကျမ်းတွင် မှတ်ချက်အဖြစ် တင်ပြထားသည်မှာ ယင်းဆီကိုလိမ်းသောအခါ သာမန်လိမ်းရုံမဟုတ်ဘဲ အကြောအသားအတွင်းသို့ စိမ့်ဝင်အောင် ခပ်ပြင်ပြင်း လိမ်းပေးရန်ဟု ပါရှိပါသည်။

အကိုက်အခဲပျောက်ဆေး ။ ။ ရှားစောင်းလက်ဝါးပ ဉ္စ(၅)ပါးကိုထုချေပြီး နှမ်းဆီ၊ မုန်ညင်းဆီတို့ဖြင့် (၁)ရက်ကြာ စိမ်၍ အဝတ်ဖြင့် စစ်ယူရသည်။ ယင်းဆီကို ကိုယ်လက်အင်္ဂါကြီးငယ်တို့ကို နာနာပွတ်၍ လိမ်းပေးပါက အကိုက်အခဲ ပျောက်ကင်း စေပါသည်။

အကြောလျောက်သက်တန့် ။ ။ အကြောတွင် ပေါက်သောအနာဖြစ်ပါမူ ရှားစောင်းလက်ဝါး အတွင်းသားများကို မီးနွေးနွေးဖြင့်ကင်ပြီး အနာပေါ် အုံပေးရသည်။ အကြောနာရောဂါ၊ အကြောလျောက်သက်တန့်နာများ ပျောက်ကင်းပါလိမ့်မည်။

သည်းခြေဖောရောဂါ ။ ။ ရှားစောင်းလက်ဝါးအရွက်ကို ကြိတ်ပြီးအုံပေးခြင်း၊ ကျပ်ထုပ်ထိုးခြင်းဖြင့် အပူဖော၊ သည်းခြေဖောရောဂါကို ပျောက်ကင်းစေသည်။

ကြက်ညှာချောင်းဆိုး ။ ။ ရှားစောင်းလက်ဝါးအသီးကို မီးကင်း၍ အရည်ညှစ်ပါ။ ထိုအရည်ကို ကြက်ညှာချောင်းဆိုးသူများအား သင့်ရုံတိုက်ပေးပါက ပျောက်ကင်းစေသည်။

ဝမ်းနုတ်ဆေး ။ ။ အစေး(၁၀)စက်မျှကို သကြားခဲနှင့်ရောပြီး သောက်ပါမူ ဝမ်းစင်ကြယ်စွာ သက်ပါသည်။ ယင်းဝမ်းနုတ်ဆေးမှာ ရေဖျဉ်း၊ဖေါရောင်သူ၊ ဆီးခိုးမှုတ်ခြင်း၊ ကိုယ်လက်ကိုက်ခဲ ညောင်းညာ၊ ချွဲသလိပ်ကျပ်ခြင်းတို့ကို ပျောက်ကင်းစေပါသည်။ အခြားပျောက်ကင်းစေသော ရောဂါများလည်း များစွာရှိ နေပါသေးသည်။

ရှားစောင်းလက်ဝါး ။ ။ ရှားစောင်းမျိုးရင်း ဖြစ်သည်။ လက်ဝါးပုံ(သို့) နဂါး ပါးပျဉ်းကဲ့သို့ ရှိသည်။ ရှည်၍ ချွန်ထက်မာကျောသော အဆူးများရှိသည်။

အစုလိုက်ပေါက်တတ်ပြီး၊ အပင်များကို သတ်ရန် ခဲယဉ်းလှသည်။ ရှေးက အလှူအတန်းများတွင် မဏ္ဍပ်ဆင်ခြင်း၊လိုက်ကာ၊ မျက်နှာကျက် ဆွဲခြင်းများတွင် တွယ်ချိတ်အဖြစ် အဆူးကို သုံးကြသည်။

အခေါ်အဝေါ် ။ ။ မြန်မာတို့က ရှာစောင်းလက်ဝါး၊ အချို့အရပ်များတွင်ဘီလူးလက်ဝါး၊ ကျားရှာ ဟုခေါ်ကြသည်။ ဆေးကျမ်းတို့တွင် နာဂ်ဖနီ(နဂါးပါးပျဉ်း)ဟု ခေါ်ပါသည်။

ခြံဝန်းလုံခြုံရန် စိုက်ပျိုးထားတတ်ကြသော ရှားစောင်းလက်ဝါး အဆူးပင်မှာ ဆေးဖက်ဝင်ပင် ဖြစ်နေသည်မှာ အံ့သြစရာဖြစ်ပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *