လက္သည္းခြံႏွင့္ အသားၾကားနာက်င္စြာခံစားေနရတဲ့ လက္သည္ပိုးကို လက္ေတြ့ေပ်ာက္ကင္းေစတဲ့ တမာရြက္ရဲ့အစြမ္း

တမာဆိုလွ်င္ ျမန္မာတို႔ သိၾကၿပီး ျဖစ္ေလသည္။ ျမန္မာလူမ်ိဳးတို႔ တမာ႐ြက္ကို ျပဳတ္၍ေသာ္လည္းေကာင္း၊ အခ်ဥ္တည္၍ ေသာ္လည္းေကာင္း၊ မီးသင္း၍လည္းေကာင္း ထမင္းဝိုင္းတြင္ အလြန္ေကာင္းမြန္ေသာ အတို႔အျမႇဳပ္အျဖစ္ စားေလ့ရွိပါသည္။

ျမန္မာျပည္တြင္လည္း တမာပင္ႏွင့္ပတ္သက္၍ ေရွ႕မွာတမာ၊ ေနာက္မွာ ခတက္ စီးပြါးတက္၏။ ေရွ႕အမွာစကားႏွင့္အညီ ေရွးျမန္မာတို႔ အိမ္တိုင္းတြင္ တမာပင္ စိုက္ပ်ိဳးၾကသည္ဟု ဆိုပါသည္။

ထို ့ျပင္ တမာသည္ သြားေရာဂါကို ထိေရာက္စြာ ကာကြယ္ႏိုင္သည့္အတြက္ ေရွးသူျမတ္တို႔က တမာတစ္ခက္ သြားတစ္သက္ မိန႔္ႁမြတ္မွာၾကားခဲ့သည္လည္း ရွိေလသည္။

ကၽြန္ေတာ္ အသက္(၁၅)ႏွစ္အ႐ြယ္တြင္ လက္ဖဝါးျပင္တြင္ ေပြးေပါက္ရာကစၿပီး တစ္စတစ္စ ကူးစက္ရာက လက္သန္း ထိပ္ဖ်ား လက္သည္းပိုး ဝင္ပါေတာ့သည္။

လက္ဖဝါးျပင္ေပၚမွ ေပါက္ေသာ ေပြးေရာဂါ ေပ်ာက္ကင္းသြားေသာ္လည္း လက္သန္းထိပ္ဖ်ား လက္သည္းပိုးေရာဂါမွာ သိပၸံေဆးဝါး ထိုးေဆး၊ ေသာက္ေဆးမ်ားျဖင့္ ကုသေသာ္လည္း ေဝဒနာ ေပ်ာက္ကင္းျခင္းမရွိပါ။

ျပည္တည္ျခင္း၊ ယားယံျခင္း၊ ကိုက္ခဲျခင္းတို႔ကို ေန႔စဥ္ပင္ခံစားရ၍ ငိုေႂကြးရသည့္အထိ ျဖစ္ေတာ့သည္။ ထိုစဥ္ဖခင္ျဖစ္သူက ကၽြန္ေတာ္ခံစားေနရေသာ လက္သန္းထိပ္လက္သည္းခြံႏွင့္ အသားၾကား ခံစားေနရေသာ ေဝဒနာအား ေပ်ာက္ကင္းရန္ တမာ႐ြက္မ်ား ခူးလာခဲ့ေလသည္။

သား…မင္းအနားေပ်ာက္ေအာင္ကုေပးမယ့္ သမားေတာ္က ဒီတမာပဲကြ ဟုဆိုၿပီး တမာ႐ြက္မ်ားကို ေျမအိုးေလးႏွင့္ ျပဳတ္ပါေတာ့သည္။ ႏူးနပ္ေပ်ာ့အိသြားေသာ တမာ႐ြက္ဖက္မ်ားျဖင့္ အနာအား ပြတ္ေပးျခင္း၊ တမာျပဳတ္ရည္တြင္ စိမ္ေစျခင္းကို နံနက္၊ ေန႔လည္၊ ည(၃)ႀကိမ္ ပုံမွန္ ျပဳလုပ္ေပးျခင္းျဖစ္သည္။

ထိုျပင္သာမက တမာ႐ြက္ျပဳတ္ကို ထမင္းစားတိုင္း အတို႔အျမႇဳပ္ လုပ္၍ စားေစပါသည္။ ထိုသို႔ေန႔စဥ္မျပတ္ ဖခင္ ကိုယ္တိုင္ ႀကီးၾကပ္ျပဳလုပ္ေပးခဲ့ရာ (၁၅)ရက္မွ် အၾကာတြင္ လက္သန္းထိပ္ဖ်ား လက္သည္း ၾကား၌ ၾကာရွည္စြာ ခံစားေနရသည့္ ယားယံျခင္း၊

ျပည္တည္ျခင္း၊ ကိုက္ခဲျခင္းေဝဒနာ အၿပီးတိုင္ ေပ်ာက္ကင္းသြားခဲ့သည္မွာ ယေန႔အထိပင္ ျဖစ္ပါသည္။ ထိုအခ်ိန္မွစ၍ တမာပင္၏ ေဆးစြမ္းအားကို ဘဝတြင္ မွတ္မွတ္သားသား တန္ဖိုးထားမိပါသည္။

တမာပင္ႏွင့္ ပတ္သက္၍ ေဆးဝါးအသုံးျပဳမႈကို ေလ့လာၾကည့္မိရာ တမာဆီ၊ တမာေခါက္၊ တမာေစ့၊ တမာသီး၊ တမာ႐ြက္၊ တမာပြင့္ အားလုံးသည္ ေဆးအသုံးဝင္ေၾကာင္း ကုထုံးမ်ားတြင္ ေလ့လာေတြ႕ ရွိရေလ သည္။

တိုင္းရင္းေဆး အသုံးအျဖစ္ မ်က္စိေရာဂါ၊ လိပ္ေခါင္းေရာဂါ၊ ပန္းနာရင္ၾကပ္ေရာဂါ၊ အေရးျပားေရာဂါ၊ အဖ်ားက်ေဆး၊ ဝမ္းကိုက္၊ ေသြးတိုးႏွင့္ ဆီးခ်ိဳေရာဂါတို႔ကို ေပ်ာက္ကင္းသက္သာေစသည္ဟု ေဖၚျပထားသည္။

မည္သို႔ဆိုေစ စိတ္တြင္ ယုံၾကည္ေနမိသည္က တမာသည္ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳးတို႔၏ ႏႈတ္ၿမိန္ ခံတြင္းေတြ႕ေစေသာ စားဖြယ္ဟင္းလ်ာလည္း ျဖစ္သည့္အျပင္ ေရာဂါေပါင္းမ်ားစြာကို ေပ်ာက္ကင္းေစႏိုင္သည့္ စြမ္းရည္သတၱိမ်ား ျပည့္ဝေနေသာ ေဆးေတာ္ပင္ဟု ယုံၾကည္ေနမိပါေတာ့သည္။

Unicode

တမာဆိုလျှင် မြန်မာတို့ သိကြပြီး ဖြစ်လေသည်။ မြန်မာလူမျိုးတို့ တမာရွက်ကို ပြုတ်၍သော်လည်းကောင်း၊ အချဉ်တည်၍ သော်လည်းကောင်း၊ မီးသင်း၍လည်းကောင်း ထမင်းဝိုင်းတွင် အလွန်ကောင်းမွန်သော အတို့အမြှုပ်အဖြစ် စားလေ့ရှိပါသည်။

မြန်မာပြည်တွင်လည်း တမာပင်နှင့်ပတ်သက်၍ ရှေ့မှာတမာ၊ နောက်မှာ ခတက် စီးပွါးတက်၏။ ရှေ့အမှာစကားနှင့်အညီ ရှေးမြန်မာတို့ အိမ်တိုင်းတွင် တမာပင် စိုက်ပျိုးကြသည်ဟု ဆိုပါသည်။

ထို ့ပြင် တမာသည် သွားရောဂါကို ထိရောက်စွာ ကာကွယ်နိုင်သည့်အတွက် ရှေးသူမြတ်တို့က တမာတစ်ခက် သွားတစ်သက် မိန့်မြွတ်မှာကြားခဲ့သည်လည်း ရှိလေသည်။

ကျွန်တော် အသက်(၁၅)နှစ်အရွယ်တွင် လက်ဖဝါးပြင်တွင် ပွေးပေါက်ရာကစပြီး တစ်စတစ်စ ကူးစက်ရာက လက်သန်း ထိပ်ဖျား လက်သည်းပိုး ဝင်ပါတော့သည်။

လက်ဖဝါးပြင်ပေါ်မှ ပေါက်သော ပွေးရောဂါ ပျောက်ကင်းသွားသော်လည်း လက်သန်းထိပ်ဖျား လက်သည်းပိုးရောဂါမှာ သိပ္ပံဆေးဝါး ထိုးဆေး၊ သောက်ဆေးများဖြင့် ကုသသော်လည်း ဝေဒနာ ပျောက်ကင်းခြင်းမရှိပါ။

ပြည်တည်ခြင်း၊ ယားယံခြင်း၊ ကိုက်ခဲခြင်းတို့ကို နေ့စဉ်ပင်ခံစားရ၍ ငိုကြွေးရသည့်အထိ ဖြစ်တော့သည်။ ထိုစဉ်ဖခင်ဖြစ်သူက ကျွန်တော်ခံစားနေရသော လက်သန်းထိပ်လက်သည်းခွံနှင့် အသားကြား ခံစားနေရသော ဝေဒနာအား ပျောက်ကင်းရန် တမာရွက်များ ခူးလာခဲ့လေသည်။

သား…မင်းအနားပျောက်အောင်ကုပေးမယ့် သမားတော်က ဒီတမာပဲကွ ဟုဆိုပြီး တမာရွက်များကို မြေအိုးလေးနှင့် ပြုတ်ပါတော့သည်။ နူးနပ်ပျော့အိသွားသော တမာရွက်ဖက်များဖြင့် အနာအား ပွတ်ပေးခြင်း၊ တမာပြုတ်ရည်တွင် စိမ်စေခြင်းကို နံနက်၊ နေ့လည်၊ ည(၃)ကြိမ် ပုံမှန် ပြုလုပ်ပေးခြင်းဖြစ်သည်။

ထိုပြင်သာမက တမာရွက်ပြုတ်ကို ထမင်းစားတိုင်း အတို့အမြှုပ် လုပ်၍ စားစေပါသည်။ ထိုသို့နေ့စဉ်မပြတ် ဖခင် ကိုယ်တိုင် ကြီးကြပ်ပြုလုပ်ပေးခဲ့ရာ (၁၅)ရက်မျှ အကြာတွင် လက်သန်းထိပ်ဖျား လက်သည်း ကြား၌ ကြာရှည်စွာ ခံစားနေရသည့် ယားယံခြင်း၊

ပြည်တည်ခြင်း၊ ကိုက်ခဲခြင်းဝေဒနာ အပြီးတိုင် ပျောက်ကင်းသွားခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ ထိုအချိန်မှစ၍ တမာပင်၏ ဆေးစွမ်းအားကို ဘဝတွင် မှတ်မှတ်သားသား တန်ဖိုးထားမိပါသည်။

တမာပင်နှင့် ပတ်သက်၍ ဆေးဝါးအသုံးပြုမှုကို လေ့လာကြည့်မိရာ တမာဆီ၊ တမာခေါက်၊ တမာစေ့၊ တမာသီး၊ တမာရွက်၊ တမာပွင့် အားလုံးသည် ဆေးအသုံးဝင်ကြောင်း ကုထုံးများတွင် လေ့လာတွေ့ ရှိရလေ သည်။

တိုင်းရင်းဆေး အသုံးအဖြစ် မျက်စိရောဂါ၊ လိပ်ခေါင်းရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အရေးပြားရောဂါ၊ အဖျားကျဆေး၊ ဝမ်းကိုက်၊ သွေးတိုးနှင့် ဆီးချိုရောဂါတို့ကို ပျောက်ကင်းသက်သာစေသည်ဟု ဖေါ်ပြထားသည်။

မည်သို့ဆိုစေ စိတ်တွင် ယုံကြည်နေမိသည်က တမာသည် ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ နှုတ်မြိန် ခံတွင်းတွေ့စေသော စားဖွယ်ဟင်းလျာလည်း ဖြစ်သည့်အပြင် ရောဂါပေါင်းများစွာကို ပျောက်ကင်းစေနိုင်သည့် စွမ်းရည်သတ္တိများ ပြည့်ဝနေသော ဆေးတော်ပင်ဟု ယုံကြည်နေမိပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *