လူအများစုစားဖူးကြသော တိုဟူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ














Unicode

တိုဟူးတွေဟာ ပရိုတင်းဓာတ် အပြည့်ပါတဲ့ သစ်သီးကိတ် တွေနဲ့ တူပါတယ်။ City Mart တွေမှာ တိုဟူး မဝယ်ဘဲ တိုဟူးတန်းကို ဖြတ်သွား မိပြီ ဆိုရင် ဝယ်ရမလားလို့ နောက်တစ်ကြိမ် ထပ်စဉ်းစား လိုက်ပါဦး။

ပဲပိစပ်နဲ့ လုပ်ထားတဲ့ တိုဟူးမှာ သင့်ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ သက်သတ်လွတ် စားသူတွေကို ပရိုတင်းဓာတ် ပြည့်ဝစေပါတယ်။

ပရိုတင်းဓာတ် အပြည့်အဝပါတဲ့ တိုဟူးကို သက်သတ်လွတ်စားသူတွေအနေ နဲ့ မဖြစ်မနေ မှီဝဲသင့်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအ စာများအကြောင်း လေ့လာမှုတစ်ရပ်အရ

တို့ဟူးလေးအောင်စ တစ်တုံးမှာ ပရိုတင်းဓာတ် ၉ ဒသမ ၁၆ ဂရမ် ပါဝင်ပြီး ဒီပမာဏဟာ တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။စွမ်းအင် ထုတ်လုပ်ပေးတယ်။

တိုဟူးမှာပါဝင်တဲ့ သံဓာတ် နဲ့ ကြေးနီဓာတ်တွေက ဟေမိုဂလိုဘင်တည် ဆောက်မှုမှာ မရှိမဖြစ် အရေးပါပြီး စွမ်း အင်ကို ထုတ်လုပ်ပေးပါတယ်။ ကြေးနီ နဲ့ မဂ္ဂနိစ်တို့က ခန္ဓာကိုယ်ထဲက မကောင်း တဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေး နိုင်မယ့်

အင်ဇိုင်းတစ်မျိုးအတွက် အရေးပါပြီး ကြေးနီဟာ ရိုးဆစ်ရောင်ရမ်းနာရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါ တယ်။ အရိုး တွေကို သန်စွမ်း ကျန်းမာစေ ပါတယ်။

တိုဟူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာ စေကာ အရိုးပါးရောဂါမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာ စေပါတယ်။

တိုဟူးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ နှလုံးကျန်းမာစေပြီး သွေးကြောတွေမှာ သွေးခဲမှု မဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးကြော ပိတ်ဆို့စေတဲ့ ကိုလက်စထရောတွေကို လည်း လျော့နည်းစေပါတယ်။

ကင်ဆာကို ကာကွယ်ပေးပါတယ်။ တိုဟူးမှာ ပါဝင်တဲ့ ဆီလီနီယမ် ဓာတ်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်ပါရှိပါတယ်။

ဆီလီနီယမ်ဟာ အိုင်အိုဒင်းနဲ့ တွဲပြီး သိုင်းရွိုက်ရဲ့ လုပ်ငန်း ဆောင်တာကို ဟန်ချက်ညီအောင် ကူညီ ကာDNA ကို ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်းကြောင့် ရင်သားနဲ့ ဆီးကျိတ် ကင်ဆာတို့ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း လျော့ကျ စေပါတယ်။သွေး ဆုံး အကြိုဝေဒနာနဲ့ သွေးဆုံး ဝေဒနာ တွေကို သက်သာ စေပါတယ်။

တိုဟူးမှာပါတဲ့ အိုက်ဆိုဖလေဗုန်း ဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးဆုံး အကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေ၊ အထူးသဖြင့် ချွေးထွက် လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာ စေပါတယ်။

မကောင်းတဲ့ ကိုလက်စထရော လျော့နည်းစေပြီး ကောင်းတဲ့ ကို လက်စထရော တိုးစေပါတယ်။ တိုဟူးမှာပါတဲ့ အိုက်ဆို ဖလေဗုန်း ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော LDL ကို လျော့နည်း စေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကို တိုးစေ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *