ခုလိုမိုးရာသီမှာအဖြစ်များသော ရာသီတုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း(၆)ခု
Unicode
အခုလို တုပ်ကွေးအမျိုးမျိုးဖြစ်ကြတဲ့ရာသီမှာ ကိုယ့်ကိုယ်ကို မဖျားအောင်၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ထားဖို့ လိုပါတယ်။ နေမကောင်းဖြစ်ပြီ၊ ဖျားပြီဆိုတာနဲ့ အလုပ်ပျက်အကိုင်ပျက်၊ ကျောင်းတွေပျက်ရပါတယ်။
ဖြစ်လာမှ ကုသတာထက် မဖြစ်လာခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒါကြောင့် တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။ ။ တုပ်ကွေးကာကွယ်ဆေး ထိုးတာက တကယ်အလုပ်ဖြစ်မဖြစ် ဆိုတာကို လူတွေက သံသယဝင်တတ်ကြပါတယ်။
လေ့လာမှုတွေအရ ကာကွယ်ဆေးထိုးထားတဲ့ လူတစ်ယောက်ဟာ မထိုးထားတဲ့သူထက် တုပ်ကွေးဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းပါတယ်။
ကာကွယ်ဆေး ဦးစားပေး ထိုးသင့်တဲ့ သူတွေကတော့ အသက် ၆ လမှ ၄နှစ် အတွင်း ကလေးငယ်များ ၊ အသက် ၅၀ အထက် လူကြီးများ ၊ အဆုတ်ရောဂါရှိသူများ ၊ ကိုယ်ဝန်ဆောင်များ ၊ ရက်ရှည်ဆေးသောက်နေရသူများ၊
ဆေးကုသမှု ခံယူနေရသူများ ၊ BMI 40 အောက်ရှိသူများ ၊ နှလုံးရောဂါ ရှိသူတွေကတော့ heart attack ဖြစ်နိုင်ချေကို တိုးစေတာကြောင့် တုပ်ကွေးကာကွယ်ဆေးကို မထိုးသင့်ပါဘူး။
(၂) တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဦးစားပေးပါ။ ။ တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဦးစားပေးဖို့ လိုပါတယ်။အထူးသဖြင့် အရာရာကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်တွေကို သေချာဆေးကြောပေးဖို့ လိုပါတယ်။လက်ဆေးဖို့ မပျင်းပါနဲ့။
(၃) ကိုယ်ခံအားကောင်းအောင်နေပါ။ ။ ကိုယ်ခံအားကောင်းနေရင် တုပ်ကွေး အလွယ်တကူ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေ များများစားပါ။ အသင့်စား အစားအစာများနဲ့ လမ်းဘေးစာတွေကို ဒီအချိန်မှာတတ်နိုင်သလောက် ရှောင်ပါ။
ပူပူနွေးနွေး စွပ်ပြုတ်လုပ်သောက်ပါ။ ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေးပါ။ တစ်နေကုန်ထိုင်နေ၊ အိပ်နေတာမျိုးမလုပ်ဘဲ၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးပါ။
(၄) ဆေးလိပ်မသောက်ပါနဲ့။ ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရောဂါ ဖြစ်နိုင်တဲ့အပြင် တုပ်ကွေဖြစ်နိုင်ချေလည်း ပိုများပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော မိသားစုကိုပါ တုပ်ကွေးမဖြစ်အောင်ကာကွယ်ဖို့ ဆေးလိပ်သောက်တာကို တတ်နိုင်သလောက်နားထားလိုက်ပါ။
(၅) ချောင်းဆိုး၊ နှာချေတဲ့အခါ ပုဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ အုပ်ထားပါ။ ။ သင်ဟာ ဖျားနေတဲ့သူ တစ်ယောက်မဟုတ်ရင်တောင် နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ အုပ်ထားဖို့ လိုပါတယ်။
ပြီးရင် အဲ့ဒီပုဝါ/တစ်သျှူးကို နောက်တစ်ခေါက်ထပ်ပြီး အသုံးမပြုပါနဲ့။တခြားလူတွေကိုယ့် အနားမှာ ချောင်းဆိုး၊ နှာချေရင်လည်း ကိုယ်က နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားပေးပါ။
(၆) ထိတွေ့တဲ့ ပစ္စည်းတွေကို မကြာခဏ သန့်ရှင်းရေးလုပ်ပါ။ ။လက်ကို မကြာခဏဆေးဖို့ လိုသလို ကိုယ်ကိုင်တွယ်တဲ့ ပစ္စည်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ဖို့လို ပါတယ်။ ဖုန်း၊ ကွန်ပျူတာနဲ့ စားပွဲခုံတွေကို အဝတ်သန့်သန့်နဲ့ မကြာခဏသုတ်ပေးပါ။
Leave a Reply
Your email address will not be published. Required fields are marked *