သင္ဟာကားမူးတတ္သူတစ္ေယာက္ဆိုရင္ ဒါေလးဖတ္ျကည့္လိုက္ပါ

ခရီးသြားတဲ့အခါ ကားမူးတတ္သူေတြကို ႀကဳံေတြ႕ဖူးၾကမွာပါ။ သာမန္လူေတြအတြက္ေတာ့ ကားစီးတာဟာေရးႀကီးခြင္က်ယ္ကိစၥ မဟုတ္ေပမယ့္ ကားမူးတတ္သူေတြ အေနနဲ႔ေတာ့

ကားစီးရမွာကို ေၾကာက္တဲ့အဆင့္ထိ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ကားမူးတတ္သူေတြအတြက္ အသုံးတည့္ေစမယ့္ နည္းလမ္းေကာင္းအခ်ိဳ႕ကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ဂ်င္း။ ။ဂ်င္းဟာ ကားမူးျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ ပ်ိဳ႕အန္ျခင္း၊ ေခါင္းမူးျခင္းစတာေတြကို အလ်င္အျမန္ သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဂ်င္းအနည္းငယ္ကို ဝါးစားတာမ်ိဳးျဖစ္ျဖစ္၊ Ginger Tea ေသာက္သုံးတာမ်ိဳးပဲ ျဖစ္ျဖစ္ ျပဳလုပ္ျခင္းဟာ ကားမူးျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၂) Vitamin B6။ ။Vitamin B6 ဟာ ကိုယ္ဝန္သည္ေတြ ကိုယ္ဝန္ စေဆာင္စဥ္ကာလမွာ ျဖစ္ေပၚတတ္တဲ့ ပ်ိဳ႕အန္ၿပီး မအီမသာျဖစ္ျခင္းကို ေပ်ာက္ကင္းေစႏိုင္သလို

ကားမူးတတ္သူေတြမွာျဖစ္တဲ့ ပ်ိဳ႕အန္ၿပီး မူးေဝျခင္းကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ကားမစီးခင္ ၁၅ မိနစ္ခန႔္ အလိုေလာက္မွာကတည္းက ႀကိဳၿပီးေသာက္သုံးေပးျခင္းအားျဖင့္ ကားမူးျခင္းကို သက္သာေစႏိုင္ပါတယ္။

(၃) အစားမစားဘဲ ေနျခင္းကို ေရွာင္ၾကဥ္ပါ။ ။ကားမူးတတ္သူအမ်ားစုဟာ ကားမူးတဲ့အခါ ပ်ိဳ႕အန္မွာကို စိုးရိမ္တာေၾကာင့္ ဘာမွမစားဘဲ ေနတတ္ၾကပါတယ္။

ဘာမွ မစားဘဲ ေနျခင္းဟာ ပ်ိဳ႕အန္တာကို သက္သာေစေပမယ့္ မူးေဝျခင္းကိုေတာ့ မသက္သာေစႏိုင္ပါဘူး။ ဒါေၾကာင့္မို႔လို႔ဆီေၾကာ္ အစားအစာေတြကိုေတာ့ ေရွာင္ၾကဥ္ၿပီး အသီးအႏွံနဲ႔ ေရမ်ားမ်ား ေသာက္ျခင္းကိုေတာ့ ျပဳလုပ္ေပးသင့္ပါတယ္။

(၄) ကားစီးတဲ့အခါ ေနရာကို ဂ႐ုတစိုက္ ေ႐ြးခ်ယ္ပါ။ ။ကားမူးတတ္သူေတြအေနနဲ႔ ကားစီးတဲ့အခါ ေနရာ ေ႐ြးခ်ယ္တတ္မႈကလည္း အေရးႀကီးပါတယ္။ အိမ္ကားစီးသူေတြအေနနဲ႔ကေတာ့

ကားေနာက္ခန္းရဲ႕ အလယ္တည့္တည့္ေလာက္မွာ ထိုင္ျခင္းက ကားမူးျခင္းကို သက္သာေစႏိုင္ၿပီး Express ကားစီးသူေတြအေနနဲ႔ေတာ့ ကားရဲ႕အေနာက္ပိုင္းက်လြန္းတဲ့ ခုံေနရာေတြအစား အလယ္နားေလာက္မွာ ထိုင္ျခင္းက ကားမူးတတ္သူေတြအတြက္ အဆင္ေျပေစပါတယ္။

(၅) ကားမူးတတ္ျခင္းကို အာ႐ုံ လႊဲထားပါ။ ။ ကားမူးတတ္သူေတြအေနနဲ႔ ကားမူးျခင္းကို အာ႐ုံစိုက္လြန္းရင္လည္း ပိုမိုဆိုး႐ြားႏိုင္ပါတယ္။ ကားစီးတဲ့အခါ ဖုန္းအသုံးျပဳတာမ်ိဳးဟာ ကားမူးျခင္းကို ပိုမိုဆိုး႐ြားေစႏိုင္တာေၾကာင့္ သီခ်င္း နားေထာင္တာမ်ိဳး၊ အသာအယာ ေမွးစက္ေနတာမ်ိဳးက သက္သာေစႏိုင္ပါတယ္။

Unicode

ခရီးသွားတဲ့အခါ ကားမူးတတ်သူတွေကို ကြုံတွေ့ဖူးကြမှာပါ။ သာမန်လူတွေအတွက်တော့ ကားစီးတာဟာရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပေမယ့် ကားမူးတတ်သူတွေ အနေနဲ့တော့

ကားစီးရမှာကို ကြောက်တဲ့အဆင့်ထိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကားမူးတတ်သူတွေအတွက် အသုံးတည့်စေမယ့် နည်းလမ်းကောင်းအချို့ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဂျင်း။ ။ဂျင်းဟာ ကားမူးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းစတာတွေကို အလျင်အမြန် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဂျင်းအနည်းငယ်ကို ဝါးစားတာမျိုးဖြစ်ဖြစ်၊ Ginger Tea သောက်သုံးတာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်ခြင်းဟာ ကားမူးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) Vitamin B6။ ။Vitamin B6 ဟာ ကိုယ်ဝန်သည်တွေ ကိုယ်ဝန် စဆောင်စဉ်ကာလမှာ ဖြစ်ပေါ်တတ်တဲ့ ပျို့အန်ပြီး မအီမသာဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်သလို

ကားမူးတတ်သူတွေမှာဖြစ်တဲ့ ပျို့အန်ပြီး မူးဝေခြင်းကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ ကားမစီးခင် ၁၅ မိနစ်ခန့် အလိုလောက်မှာကတည်းက ကြိုပြီးသောက်သုံးပေးခြင်းအားဖြင့် ကားမူးခြင်းကို သက်သာစေနိုင်ပါတယ်။

(၃) အစားမစားဘဲ နေခြင်းကို ရှောင်ကြဉ်ပါ။ ။ကားမူးတတ်သူအများစုဟာ ကားမူးတဲ့အခါ ပျို့အန်မှာကို စိုးရိမ်တာကြောင့် ဘာမှမစားဘဲ နေတတ်ကြပါတယ်။

ဘာမှ မစားဘဲ နေခြင်းဟာ ပျို့အန်တာကို သက်သာစေပေမယ့် မူးဝေခြင်းကိုတော့ မသက်သာစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ဆီကြော် အစားအစာတွေကိုတော့ ရှောင်ကြဉ်ပြီး အသီးအနှံနဲ့ ရေများများ သောက်ခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။

(၄) ကားစီးတဲ့အခါ နေရာကို ဂရုတစိုက် ရွေးချယ်ပါ။ ။ကားမူးတတ်သူတွေအနေနဲ့ ကားစီးတဲ့အခါ နေရာ ရွေးချယ်တတ်မှုကလည်း အရေးကြီးပါတယ်။ အိမ်ကားစီးသူတွေအနေနဲ့ကတော့

ကားနောက်ခန်းရဲ့ အလယ်တည့်တည့်လောက်မှာ ထိုင်ခြင်းက ကားမူးခြင်းကို သက်သာစေနိုင်ပြီး Express ကားစီးသူတွေအနေနဲ့တော့ ကားရဲ့အနောက်ပိုင်းကျလွန်းတဲ့ ခုံနေရာတွေအစား အလယ်နားလောက်မှာ ထိုင်ခြင်းက ကားမူးတတ်သူတွေအတွက် အဆင်ပြေစေပါတယ်။

(၅) ကားမူးတတ်ခြင်းကို အာရုံ လွှဲထားပါ။ ။ ကားမူးတတ်သူတွေအနေနဲ့ ကားမူးခြင်းကို အာရုံစိုက်လွန်းရင်လည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ကားစီးတဲ့အခါ ဖုန်းအသုံးပြုတာမျိုးဟာ ကားမူးခြင်းကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် သီချင်း နားထောင်တာမျိုး၊ အသာအယာ မှေးစက်နေတာမျိုးက သက်သာစေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *