သင္ဟာ ခါးနာတတ္သူတစ္ေယာက္ဆိုရင္ ဒီနည္းလမ္းေလးကိုသံုးျကည့္လိုက္ပါ

ခါးမွာ ေရစိုအဝတ္ကို (ေရကုန္ေအာင္ညႇစ္ၿပီးမွ ပတ္) ပတ္ထားၿပီး ဆားနင္းပါ။ သို႔မဟုတ္ ပက္လက္အိပ္ၿပီး ေျခဖဝါး ဆားပြတ္ပါ။ အျခားသူတစ္ေယာက္ကို ပြတ္ခိုင္းရပါမယ္။

ေရဆြတ္ၿပီး ပြတ္ပါ။ ေျခာက္သြားရင္ ေရထပ္ဆြတ္ (၁၀) ႀကိမ္ခန႔္ ပြတ္ပါ။ ခါးက ေရစိုအဝတ္ ေျခာက္သြားပါလိမ့္မယ္။တစ္ေန႔၂ႀကိမ္ နံနက္၊ညျပဳလုပ္ႏိုင္ပါတယ္။ ေရရွည္ျပဳလုပ္ပါ။ လက္ေတြ႕ေပ်ာက္ေသာနည္းပါ။

ခါးနာအတြက္ ေဆးနည္းတိုမ်ား။ သက္ရင္းႀကီး႐ြက္မ်ားကို ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္စည္းထားပါ။ (၂)နာရီၾကာလွ်င္၊ ယားလာလွ်င္ျဖည္ေပးပါ။ သက္ရင္းႀကီး႐ြက္(၇)႐ြက္ကို အိပ္ယာေအာက္တြင္ ခင္းအိပ္လွ်င္ ခါးနာသက္သာသည္ဟုေရွးလူႀကီးမ်ားသုံးၾကသည္။

ကိုရန္ႀကီး (ခတၱာပင္) အ႐ြက္ကိုေပ်ာ့ေအာင္ မီးကင္ပါ။ မုံညႇင္းဆီ(သို႔)ႏွမ္းဆီသုပ္ၿပီး ခါးတြင္ကပ္ၿပီးအဝတ္ျဖင့္ ပတ္စည္းထားပါ။ ဗာဒံ႐ြက္(ဗန္ဒါ႐ြက္) အစိမ္းေရာင္အ႐ြက္ႏုကို ခါးတြင္ ၃႐ြက္ခန႔္ကပ္ၿပီး

ခါးနာလွ်င္ ပတ္သည့္ခါးပတ္ျဖင့္ ပတ္ထားလွ်င္ ခါးေၾကာညပ္၊ ခါးဆစ္နာ သက္သာေစသည္။ သေဘၤာ႐ြက္ကို ေပ်ာ့ေအာင္ေရေႏြးစိမ္၊ ခါးတြင္ကပ္ၿပီး ပတ္ထားလွ်င္ သက္သာေစသည္။

ခ်င္းေျခာက္မႈန႔္ ၂ဆ၊ လင္းေနမႈန႔္၁ဆ၊ သစ္ႀကံပိုးေခါက္မႈန႔္၁ဆ ေရာစပ္ ေရေႏြးျဖင့္ ေက်ညက္ေအာင္ေခါက္ေဖ်ာ္ၿပီး ဂြမ္း(သို႔) ပတ္တီးစေပၚတြင္ သုပ္လိမ္း ခါးတြင္ ကပ္ၿပီး အိပ္လွ်င္ ခါးနာ၊က်ီးေပါင္းတက္နာ သက္သာေစႏိုင္သည္။

မိႆလင္ဥ (သို႔) အမႈန႔္ကို ၾကပ္ထုပ္လုပ္ၿပီး ေရေႏြးေငြ႕ခံထိုးေပးလွ်င္ ခါးကိုက္၊လွည့္ေစာင္းမရေဝဒနာသက္သာေစသည္။ ဆားခါးထုပ္ကို ေရစိမ္ကန္တြင္ ထည့္ေဖ်ာ္ၿပီး စိမ္ေပးလွ်င္ ခါးနာသက္သာေစသည္။

ခါးနာအတြက္ ေဆးပ႐ုပ္ဆီခ်က္နည္း။ မင္ေသာ္ဆီ ၂က်ပ္သား၊ မီသိုင္း ၃က်ပ္သား၊ ပက္ပါမင္ ၅က်ပ္သား၊ ပ႐ုပ္ ၂၄က်ပ္သား၊ ထင္းရွဴးဆီ ၁၀က်ပ္သား၊ မုံညႇင္းဆီ ၄၀က်ပ္သား၊ ပ်ားဖေယာင္း ၁၆က်ပ္သား။

( မုံညႇင္းဆီအရင္တည္။ ဆူၿပီးမွ ေဆးမယ္မ်ားအဆင့္ဆင့္ထည့္သြား မီးဖိုေပၚမွခ်ၿပီးမွ ေနာက္ဆုံးပ်ားဖေယာင္းထည့္ပါ။ မေအးခဲမီ ဖန္ပုလင္းငယ္မ်ားတြင္ ခြဲထည့္ပါ။

ေအးခဲလွ်င္ ေဆးပ႐ုပ္ဆီျဖစ္ပါၿပီ) ဤနည္းသည္ မိမိေဆးခန္းမွာခ်က္သည့္ အေၾကာလိမ္းေဆးအဆီခ်က္နည္းျဖစ္ပါသည္။ လွ်ိဳ႕ဝွက္မထားပါ.. မည္သူမဆို မွ်ေဝသုံးစြဲႏိုင္ပါသည္။

Unicode

ခါးမှာ ရေစိုအဝတ်ကို (ရေကုန်အောင်ညှစ်ပြီးမှ ပတ်) ပတ်ထားပြီး ဆားနင်းပါ။ သို့မဟုတ် ပက်လက်အိပ်ပြီး ခြေဖဝါး ဆားပွတ်ပါ။ အခြားသူတစ်ယောက်ကို ပွတ်ခိုင်းရပါမယ်။

ရေဆွတ်ပြီး ပွတ်ပါ။ ခြောက်သွားရင် ရေထပ်ဆွတ် (၁၀) ကြိမ်ခန့် ပွတ်ပါ။ ခါးက ရေစိုအဝတ် ခြောက်သွားပါလိမ့်မယ်။တစ်နေ့၂ကြိမ် နံနက်၊ညပြုလုပ်နိုင်ပါတယ်။ ရေရှည်ပြုလုပ်ပါ။ လက်တွေ့ပျောက်သောနည်းပါ။

ခါးနာအတွက် ဆေးနည်းတိုများ။ သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင်ဖြည်ပေးပါ။ သက်ရင်းကြီးရွက်(၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟုရှေးလူကြီးများသုံးကြသည်။

ကိုရန်ကြီး (ခတ္တာပင်) အရွက်ကိုပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့)နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီးအဝတ်ဖြင့် ပတ်စည်းထားပါ။ ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင် ၃ရွက်ခန့်ကပ်ပြီး

ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာ သက်သာစေသည်။ သင်္ဘောရွက်ကို ပျော့အောင်ရေနွေးစိမ်၊ ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။

ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့်၁ဆ၊ သစ်ကြံပိုးခေါက်မှုန့်၁ဆ ရောစပ် ရေနွေးဖြင့် ကျေညက်အောင်ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း ခါးတွင် ကပ်ပြီး အိပ်လျှင် ခါးနာ၊ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။

မိဿလင်ဥ (သို့) အမှုန့်ကို ကြပ်ထုပ်လုပ်ပြီး ရေနွေးငွေ့ခံထိုးပေးလျှင် ခါးကိုက်၊လှည့်စောင်းမရဝေဒနာသက်သာစေသည်။ ဆားခါးထုပ်ကို ရေစိမ်ကန်တွင် ထည့်ဖျော်ပြီး စိမ်ပေးလျှင် ခါးနာသက်သာစေသည်။

ခါးနာအတွက် ဆေးပရုပ်ဆီချက်နည်း။ မင်သော်ဆီ ၂ကျပ်သား၊ မီသိုင်း ၃ကျပ်သား၊ ပက်ပါမင် ၅ကျပ်သား၊ ပရုပ် ၂၄ကျပ်သား၊ ထင်းရှူးဆီ ၁၀ကျပ်သား၊ မုံညှင်းဆီ ၄၀ကျပ်သား၊ ပျားဖယောင်း ၁၆ကျပ်သား။

( မုံညှင်းဆီအရင်တည်။ ဆူပြီးမှ ဆေးမယ်များအဆင့်ဆင့်ထည့်သွား မီးဖိုပေါ်မှချပြီးမှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင် ခွဲထည့်ပါ။

အေးခဲလျှင် ဆေးပရုပ်ဆီဖြစ်ပါပြီ) ဤနည်းသည် မိမိဆေးခန်းမှာချက်သည့် အကြောလိမ်းဆေးအဆီချက်နည်းဖြစ်ပါသည်။ လျှို့ဝှက်မထားပါ.. မည်သူမဆို မျှဝေသုံးစွဲနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *