သင္တို ့မသိေသးေသာ ပိန္းဥရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

အေရွ႕ေတာင္အာရွမွာ အဓိကေတြ႔ရတဲ့ ပိန္းဥ ျမန္မာျပည္မွာလည္း အရမ္းကိုေပါတဲ့ ပိန္းဥပါေနာ္။ ပိန္းဥကိုစားေပးရင္ ဘယ္လိုအက်ိဳးေက်းဇူးရမယ္ဆိုတာကို မွ်ေ၀ေပးခ်င္ပါတယ္။

ပိန္းဥကို ျပဳတ္ၿပီးစားရင္လည္း အရသာရွိၿပီး အမ်ိဳးမ်ိဳးခ်က္စားၾကေလ့ရွိပါတယ္။ ပိန္းဥေရခဲမႈန္႔ဆိုရင္ ေရခဲမႈန္႔ေတြထဲမွာ ေတာ္ေတာ္ေရာင္းအားေကာင္းတာတဲ့။ စာဖတ္သူေတြထဲမွာလည္း ပိန္းဥႀကိဳက္တဲ့သူရွိမယ္လို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

ေသြးဖိအားက်ေစျခင္း။ ။ ပိန္းဥမွာ ပိုတက္ဆီယမ္ဓါတ္ၾကြယ္၀စြာပါ၀င္ၿပီး တျခားသတၱဳဓါတ္ေတြလည္းပါ၀င္လို႔ ေသြးဖိအားကို တည္ၿငိမ္ေစပါတယ္။ ေသြးဖိအားမ်ားတဲ့သူေတြလည္း စားလို႔ရပါတယ္။

ကိုယ္ခံအားစနစ္ေကာင္းမြန္ေစျခင္း။ ။ ဗီတာမင္ C ၾကြယ္၀စြာပါ၀င္ၿပီး ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးျခင္း။ ။ ပိန္းဥကိုစားေပးျခင္းအားျဖင့္ ႏွလံုးကိုက်န္းမာေစၿပီး ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ကိုယ္အေလးခိ်န္က်ေစျခင္း။ ။ ပိန္းဥဟာ ကိုယ္အေလးခ်ိန္က်ေစႏိုင္တဲ့ အသီးအရြက္တစ္မ်ိဳးပါပဲ။အဆီဓါတ္မပါဘဲ အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔လည္း က်န္းက်န္းမာမာနဲ႔ ကိုယ္အေလးခ်ိန္ကို က်ေစမွာပါ။

အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္ျခင္း။ ။ အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ အူမႀကီးနဲ႔ အစာအိမ္ကို က်န္းမာေစပါတယ္။ အမွ်င္ဓါတ္မ်ားတဲ့အစားအစာကို စားေပးတာဟာ အူမႀကီးကင္ဆာ ျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္သလို ကိုလက္စထေရာ ပါ၀င္မႈကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

Amino Acid နဲ႔ Omega 3 ပါ၀င္ျခင္း။ ။ Amino Acid ၁၇ ႏွစ္မ်ိဳးေက်ာ္ကို ပိန္းဥမွာေတြ႔ရသလို Omega 3 နဲ႔ Omega 6 ကိုလည္း ေတြ႔ရပါတယ္။

ဒါ့ေၾကာင့္ ႏွလံုးက်န္းမာေရးကို အထူးေကာင္းမြန္ေစၿပီး ကင္ဆာကာကြယ္ေပးႏိုင္သလို တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရွိပါတယ္။

အိုမင္းရင့္ေရာ္မႈကိုကာကြယ္ေပးျခင္း။ ။ ဗီတာမင္ C ၾကြယ္၀စြာပါ၀င္လို႔ အသားအေရကိုႏုပ်ိဳစိုေျပေစၿပီး အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

Unicode

အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ ပိန်းဥ မြန်မာပြည်မှာလည်း အရမ်းကိုပေါတဲ့ ပိန်းဥပါနော်။ ပိန်းဥကိုစားပေးရင် ဘယ်လိုအကျိုးကျေးဇူးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

ပိန်းဥကို ပြုတ်ပြီးစားရင်လည်း အရသာရှိပြီး အမျိုးမျိုးချက်စားကြလေ့ရှိပါတယ်။ ပိန်းဥရေခဲမှုန့်ဆိုရင် ရေခဲမှုန့်တွေထဲမှာ တော်တော်ရောင်းအားကောင်းတာတဲ့။ စာဖတ်သူတွေထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်လို့မျှော်လင့်ပါတယ်နော်။

သွေးဖိအားကျစေခြင်း။ ။ ပိန်းဥမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါ၀င်ပြီး တခြားသတ္တုဓါတ်တွေလည်းပါ၀င်လို့ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ သွေးဖိအားများတဲ့သူတွေလည်း စားလို့ရပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း။ ။ ဗီတာမင် C ကြွယ်ဝစွာပါ၀င်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း။ ။ ပိန်းဥကိုစားပေးခြင်းအားဖြင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း။ ။ ပိန်းဥဟာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။အဆီဓါတ်မပါဘဲ အမျှင်ဓါတ်ကြွယ်ဝစွာပါ၀င်လို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေမှာပါ။

အမျှင်ဓါတ်ကြွယ်ဝစွာပါ၀င်ခြင်း။ ။ အမျှင်ဓါတ်ကြွယ်ဝစွာပါ၀င်လို့ အူမကြီးနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓါတ်များတဲ့အစားအစာကို စားပေးတာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကိုလက်စထရော ပါ၀င်မှုကိုလည်း လျှော့ချပေးပါတယ်။

Amino Acid နဲ့ Omega 3 ပါ၀င်ခြင်း။ ။ Amino Acid ၁၇ နှစ်မျိုးကျော်ကို ပိန်းဥမှာတွေ့ရသလို Omega 3 နဲ့ Omega 6 ကိုလည်း တွေ့ရပါတယ်။

ဒါ့ကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပြီး ကင်ဆာကာကွယ်ပေးနိုင်သလို တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း။ ။ ဗီတာမင် C ကြွယ်ဝစွာပါ၀င်လို့ အသားအရေကိုနုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *