သင္တို ့မသိေသးေသာ တမာပင္္ ႏွင္႔ တမာခ်ဥ္္၏ ေဆးဖက္၀င္အစြမ္းမ်ား

ေဆာင္းတြင္းမွာ အသီးအ႐ြက္ေတြ ေပါမ်ားတဲ့ ရာသီဆိုရင္ မမွားပါဘူး။ ဒီလို အခ်ိန္မွာ ခရမ္းခ်ဥ္သီး ငပိခ်က္နဲ႔ တြဲၿပီး စားတတ္ၾကတာကေတာ့ တမာခ်ဥ္ပါပဲ။

တမာ႐ြက္ျပဳတ္၊ တမာ႐ြက္အခ်ဥ္ဟာ ခါးေပမယ့္ ခံတြင္းၿမိန္ေစတဲ့ အ႐ြက္တစ္မ်ိဳးပါ။ သူ႔မွာရွိတဲ့ အျခားအာနိသင္ေတြကိုလည္း ျပန္ၿပီး မွ်ေဝလိုက္ပါတယ္။

(၁) ပိုးသတ္အာနိသင္ရွိပါတယ္တမာ႐ြက္မွာ ဘက္တီးရီးယား၊ ကပ္ ပါးေကာင္၊ ဖန္းဂပ္စ္မႈိ၊ ပ႐ိုတိုဇြနဲ႔ ဗိုင္းရပ္စ္ေတြကို ဆန႔္က်င္ႏိုင္တဲ့ ပိုးသတ္အာနိသင္ေတြ ရွိပါတယ္။

ဒါေၾကာင့္ အနာေပါက္ေနခ်ိန္မွာ တမာ႐ြက္ကို ျပဳတ္ၿပီး တို႔စားတာ၊ တမာ႐ြက္ကို က်ိဳၿပီး ရလာတဲ့ ေရနဲ႔ အနာကို ဖန္ရည္ေဆးတာေတြ ျပဳလုပ္ၾကတာ ျဖစ္ပါတယ္။

(၂) ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ့ ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။ သင့္ခႏၶာကိုယ္အေရျပား ယားယံေနရင္ တမာ႐ြက္ျပဳတ္ရည္နဲ႔ ေရခ်ိဳးလိုက္ပါ။ တမာ႐ြက္ရဲ႕ ေဆးဖက္ဝင္အာနိသင္ေၾကာင့္ ခႏၶာကိုယ္မွာ ကပ္ၿငိေနတဲ့ ပိုးမႊားေတြကို ကင္းစင္ေစပါတယ္။

(၃) ျပတ္ရွရာ နဲ႔ အနာေတြကို အျမန္သက္သာေစပါတယ္။ သင့္အေရျပားမွာ ျပတ္ရွရာ ဒါမွမဟုတ္ အနာေတြ ျဖစ္ေပၚေနရင္ တမာဆီကို လိမ္းေပးႏိုင္ပါတယ္။ ဒဏ္ရာနဲ႔ အနာေတြမွာ ကပ္ၿငိေနတဲ့ ပိုးမႊားမွန္သမွ် တြန္းလွန္ေပးၿပီး အနာက်က္ျမန္ေစပါတယ္။

(၄) အေရျပားအနာေတြအတြက္ ေဆးစြမ္းေကာင္းပါ။ ႏွင္းခူ၊ ဝက္ၿခံ၊ အေရျပားဓာတ္မတည့္တာ၊ အေရျပားမွာ အနီကြက္ေပၚတာ၊ အေရျပားမွာ

ယားနာေပါက္တာ စတဲ့ အေရျပားေဝဒနာအားလုံး အျမန္သက္သာေစဖို႔ တမာဆီ ဒါမွမဟုတ္ တမာ႐ြက္နဲ႔ လုပ္ထားတဲ့ ေပါင္ဒါမႈန႔္ကို အသုံးျပဳေပးပါ။

(၅) မီးေလာင္ဒဏ္ရာကို အျမန္သက္သာေစပါတယ္။ မီးေလာင္တာေၾကာင့္ ျဖစ္လာတဲ့ ဒဏ္ရာေတြကို ကုသရာမွာ တမာ႐ြက္ ထည့္က်ိဳထားတဲ့ တမာေရကို လိမ္းေပးပါ။အေရျပားကို အနာအျမန္က်က္ေစၿပီး ပိုးမဝင္ေအာင္နဲ႔ ဓာတ္မတည့္မႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၆) ဆံပင္သား က်န္းမာေစပါတယ္။ တျခားဆံပင္လိမ္းဆီအစား ဆံပင္မွာ တမာဆီကို လိမ္းေပးရင္ ဆံပင္မျဖဴေအာင္ ကာကြယ္ေပးႏိုင္ၿပီး ေဗာက္ထတာ၊သန္းရွိတာနဲ႔ ဆံပင္ကြၽတ္တာေတြကို သက္သာေလ်ာ့ပါးေစပါတယ္။

(၇) ႂကြက္သား နဲ႔ အဆစ္ေတြ နာက်င္မႈကို သက္သာေစပါတယ္။ တမာဆီကို နာက်င္ေနတဲ့ ႂကြက္သားနဲ႔ အဆစ္ေနရာေတြမွာ လိမ္းၿပီး ႏွိပ္ေပးရင္ ႐ိုးဆစ္ေရာင္ရမ္းနာ၊ ေဂါက္အဆစ္ေရာင္နာ၊ ခါးနာတာစတဲ့ နာက်င္မႈ ေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။

(၈) အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ တမာ႐ြက္ကို ျပဳတ္ၿပီး စားေပးရင္ အရသာခံအာ႐ုံ မေကာင္းတာကို သက္သာေစၿပီး ဝမ္းခ်ဳပ္တာနဲ႔ အစာမေၾကတာကို သက္သာေစပါတယ္။ ရင္ပူမႈမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၉) သန္ေကာင္ေတြကို ကင္းစင္ေစပါတယ္။ တမာ႐ြက္ကို ျပဳတ္ၿပီး စားတာက သန္ေကာင္ေတြကို ကင္းစင္ေစပါတယ္။ အေၾကာင္းကေတာ့ တမာ႐ြက္မွာ သန္ ေကာင္ေတြကို တြန္းလွန္ေပးႏိုင္တဲ့ အစြမ္းရွိၿပီး အူလမ္းေၾကာင္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို က်န္းမာေစလို႔ပါ။

(၁၀) ေသြးသန႔္စင္ေစပါတယ္။ တမာ႐ြက္ကို ပုံမွန္စားေပးရင္ ေသြးသန႔္စင္ေစပါတယ္။ တမာ႐ြက္ဟာ ေသြးထဲက အညစ္အေၾကးေတြကို ဖယ္ရွားေပးတာေၾကာင့္ ခႏၶာကိုယ္မွာ ေရာဂါကင္းေစပါတယ္။

(၁၁) ေသြးတြင္း သၾကားဓာတ္ကို ထိန္းေပးႏိုင္ပါတယ္။ တမာ႐ြက္ကို ဆီးခ်ိဳေသြးခ်ိဳေရာဂါ ရွိသူေတြအတြက္ ထိေရာက္တဲ့ ေဆးတစ္လက္လို႔ ဆိုၾကပါတယ္။ အေၾကာင္းက ေတာ့ တမာ႐ြက္ဟာ ေသြးတြင္းသၾကား ဓာတ္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းေပးႏိုင္လို႔ပါ။

(၁၂) ခုခံစြမ္းအားစနစ္ကို ေကာင္းမြန္ ေစပါတယ္။ တမာ႐ြက္ကို စားေပးရင္ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို သန္စြမ္း ေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ကို အားနည္း ေစတဲ့ ျပင္ပေရာဂါေတြကိုလည္း အတိုင္း အတာတစ္ခုအထိ တြန္းလွန္ေပးႏိုင္စြမ္း ရွိပါတယ္။

Unicode

ဆောင်းတွင်းမှာ အသီးအရွက်တွေ ပေါများတဲ့ ရာသီဆိုရင် မမှားပါဘူး။ ဒီလို အချိန်မှာ ခရမ်းချဉ်သီး ငပိချက်နဲ့ တွဲပြီး စားတတ်ကြတာကတော့ တမာချဉ်ပါပဲ။

တမာရွက်ပြုတ်၊ တမာရွက်အချဉ်ဟာ ခါးပေမယ့် ခံတွင်းမြိန်စေတဲ့ အရွက်တစ်မျိုးပါ။ သူ့မှာရှိတဲ့ အခြားအာနိသင်တွေကိုလည်း ပြန်ပြီး မျှဝေလိုက်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာနိသင်တွေ ရှိပါတယ်။

ဒါကြောင့် အနာပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အရေပြား ယားယံနေရင် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင်အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

(၃) ပြတ်ရှရာ နဲ့ အနာတွေကို အမြန်သက်သာစေပါတယ်။ သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါတယ်။

(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်းပါ။ နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မတည့်တာ၊ အရေပြားမှာ အနီကွက်ပေါ်တာ၊ အရေပြားမှာ

ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန်သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံးပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက်သာစေပါတယ်။ မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေးပါ။အရေပြားကို အနာအမြန်ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်။ တခြားဆံပင်လိမ်းဆီအစား ဆံပင်မှာ တမာဆီကို လိမ်းပေးရင် ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထတာ၊သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေကို သက်သာလျော့ပါးစေပါတယ်။

(၇) ကြွက်သား နဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။ တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေတာကို သက်သာစေပါတယ်။ ရင်ပူမှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါတယ်။ တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန် ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်။ တမာရွက်ကို ပုံမှန်စားပေးရင် သွေးသန့်စင်စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါကင်းစေပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ တမာရွက်ကို ဆီးချိုသွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ်လက်လို့ ဆိုကြပါတယ်။ အကြောင်းက တော့ တမာရွက်ဟာ သွေးတွင်းသကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်။ တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *