ခါးနာ၊ ဒူးနာ၊ အရိုးအဆစ်နာ ချက်ချင်းလိမ်း၊ ချက်ချင်းပျောက် (အံသြတယ်)
Unicode
ခါးနာ အရိုးအဆစ်နာတာ ၂ နှစ်လောက်ရှိပြီ။ ဆေးခန်းသွားပြလည်း မကောင်းခဲ့ဘူး။ ခါးပတ် ပတ်လည်း အလုပ်မဖြစ်ဘူး။ အဲဒါနဲ့ ဖွဘုတ်မှာတွေ့တဲ့ ဆေးနည်းလေးနဲ့ မဟုတ်သော်ရှိ၊
ဟုတ်သော်ရှိ၊ ခက်တာမှ မဟုတ်ဘဲကွာ ဆိုပြီး စမ်းသုံးကြည့်လိုက်တာ ၁ခါ၊ ၂ ခါပဲ လိမ်းလိုက်ရတယ်။ ချက်ချင်းဆိုသလို ကောင်းသွားတော့တာပဲ။ ကျေးဇူးတင်ပါတယ် ဆေးနည်းလေးရေ။
အိမ်က အမျိုးသမီးလည်း ကလေးမွေးပြီးတည်းက ခါးရိုးဂျွိုင့်နေရာက နိမ့်ဝင်ပြီး ခါးနာရောဂါရလာတာ ၄ နှစ်လောက်ရှိပြီ။ အင်မတန်ခံစားရလွန်းတော့ ကျနော်ရဲ့ ဒီနည်းလေးနဲ့ စမ်းလိုက်တာ အဆင်ပြေသွားတယ်။
အရင်ဆုံး ရိုးရာအနှိပ်ပညာသည်နဲ့ ခါးရိုးချိုင့်ဝင်နေတာကို နဂိုအတိုင်းဖြစ်အောင် ပြန်လည်တည့်မတ်တယ်။ အဲနောက် ခါးရိုးတည့်ပြီးသွားတယ်ဆိုရပေမပေါ့။ ဒါပေမယ့် ချက်ခြင်း ခါးနာတာက မပျောက်သေးပဲ ကျန်နေတယ်။
ဘာလို့ မပျောက်သေးတာလဲ။ ဒီဆေးနည်းလေးနဲ့ စမ်းကြည့်ကွာ ဆိုပြီး စမ်းသုံးကြည့်တာ ၁ ခါပဲ လိမ်းလိုက်ရတယ်။ ချက်ချင်းဆိုသလို ကောင်းသွားရော။
ဆေးသမားကံ၊ လူနာကံဆိုရလေမလား။ ဇနီးမောင်နှံ ၂ ယောက်အတွက် ပိုက်ဆံမကုန်ဘဲ ရောဂါကောင်းသွားတယ်ဆိုရပေမပေါ့။
ခင်ဗျားတို့လည်း ဒီလို ဒူနားခါးနာ အရိုးအဆစ်နာတာတွေ ရှိရင် စမ်းသုံးကြည့်လို့ရအောင် နည်းလေးကို ထပ်မျှဝေလိုက်ပါတယ်။ သနပ်ခါးကျောက်ပြင်မှာ ဆိတ်ရိုးကို အရင်သွေးပြီး၊
ရလာတဲ့ အဲဒီ (ဆိတ်ရိုး) အရည်အပေါ်မှာ နှမ်းလုံးကြိုင်မြစ်ကို သမသွားအောင် ရောသွေးပါ။ နာရီဝက်လောက် အဲသလို ရောသမအရည်တွေ ရအောင် သွေးထားလိုက်ပါ။
ပြီးတာနဲ့ ရောသမအရည်တွေကို အရိုးအဆစ်နာကျင်ကိုက်ခဲနေတဲ့ နေရာတွေကို အသားထဲစိမ့်ဝင်သွားတဲ့အထိ လိမ်းပေးလိုက်ပါ။ ဆေးနည်းအလိုအရ မိနစ်၃၀ ခန့်ကြာအောင် အထပ်ထပ်အခါခါ လိမ်းပါလို့ဆိုပါတယ်။
သူက လိမ်းပြီး ပြီးချင်း အရိုးအဆစ်နာတာတွေ အကုန်ယူပစ်သလိုပျောက်သလောက်ပါပဲ။ သတိထားစရာတစ်ချက်က ဆိတ်ရိုးကိုသွေးတဲ့အခါ မနှဲစေအောင် ဂရုတစိုက်နဲ့ အချိန်ယူပြီး သွေးပါလို့ဆိုပါတယ်။
ဒါ့ကြောင့် မိနစ် ၃၀ ခန့် အချိန်ယူပြီး အထပ်ထပ်အခါခါ သွေး၊ လိမ်းခိုင်းတာ နေမှာပေါ့။ ဒီဆေးနည်းကို မူရင်းဘယ်သူကစ FB ပေါ်မှာ ဖြန့်တယ်ဆိုတာတော့ မသိဘူး။ သူ့ကို ကျေးဇူးတင်ရပါတယ်။
ဒီအကြောင်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ရဲ့ “ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများ” စာအုပ်မှာလည်း ဖတ်နိင်တယ်လို့ဆိုပါတယ်။ လူတိုင်း ဒီဆေးနည်းနဲ့ စမ်းသပ်ကြည့်လို့ရပါတယ်။
ဒါပေမယ့် အပျိုကြီး၊ အပျိုလေးတွေ အတွက်တော့ ဒီ နှမ်းလုံးကြိုင်ဆေးမြစ်က ကိုယ်တိုင်ဝယ်ရမှာ နည်းနည်းအခက်အခဲ ရှိနိုင်ပါတယ်။ ဆေးမြစ်တွေက လမ်းဘေး၊ ပရဆေးဆိုင်မှာလည်း ရှိပါတယ်။
ဒါပေမယ့် ပြသနာက နှမ်းလုံးကြိုင်ရဲ့ အခြားတစ်ဖက်က အစွမ်းထက်ပုံကြောင့်ပါ။ နှမ်းလုံးကြိုင်ကို မြန်မာ့ဆေးကျမ်းများ အလိုအရ ခွန်အားကိုဖြစ်စေ၏။ ကာမအားပေး၏။
အမြစ်သည် အမျိုးသား သီးသန့်သုံး၏ လို့ဆိုထားတာကြောင့် အမျိုးသားကာမအားပေးဆေးဖော်စပ်တဲ့နေရာ၊ အမျိုးသားလိင်အင်္ဂါကြီးထွားဆေး၊ အကြာသန်လိမ်းဆေးဖော်စပ်တဲ့နေရာမှာ အသုံးပြုတတ်ကြပါတယ်။
ဒါကို ကျနော် ကြိုပြောပြထားတော့ ခင်ဗျားသာ အပျိုဆိုရင် ဆေးမြစ်ဝယ်တဲ့အခါ မဟာဗျူဟာသစ်ကို အဆင်ပြေအောင် ကြိုခင်းကျင်းလို့ ရတာပေါ့။
Leave a Reply
Your email address will not be published. Required fields are marked *