လူတွေအတွက်ပါ အလွန်ဆေးဖက်ဝင်တဲ့ ကြောင်ဆေးပင် အကြောင်း အပြည့်အစုံ
Unicode
ကြောင်ဆေးပင် ဆေးနည်းတောင်းဆိုထား၍ အများအတွက် တင်ပေးလိုက်ပါသည်။ ဒီအပင်ရဲ့အမည်က (Acalypha indica plant) လို့ခေါ်ပါတယ်။ ဒီအပင်ဟာ ကြောင်တွေအတွက် ဆေးဖက်ဝင်အပင်တစ်မျိုးပါ။
ကြောင်တွေမှာ ဖြစ်တတ်တဲ့ ရောဂါဟူသမျှကို ကာကွယ်တားဆီးပေးသည့်အပြင် လူသားအတွက်လည်း များစွာဆေးဖက်ဝင်ပါတယ်။ ကြောင်ဆေးပင်ရဲ့အမြစ်ပြုတ်အရည်ဟာအစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း၊
ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါ ၊ ဆီးရောဂါ ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အဆုပ်ရောင်ရောဂါများကို ပျောက်ကင်းစေပါတယ်။ ကြောင်ဆေးပင်အရွက်ရဲ့အရည်ဟာ ပွေး၊ ဝဲ ၊ ယားနာ နှင့် အရေပြားရောဂါအမျိုးမျိုးအတွက်အသုံးပြုနိုင်ပြီး
အရွက်မှရရှိသော အရည်ကိုလည်း မျက်စိဝေနာများအတွက် မျက်စဉ်းခပ်ပေးနိုင်ပါသည်။ ကြောင်ဆေးပင်ပဥ္စငါးပါးကိုရေဆင်အောင်ဆေး၍ပန်းနာ ရင်ကြပ်သမားများ၎င်း ပဥ္စငါးပါးစလုံးကို
ကန်ဇွန်းရွက်ကြော်သကဲ့သို ့ ကြက်သွန်ဖြူဆီသပ်ပြီးလျှင် ဆားအချိုမှုန့်သင့်သလိုထည့်ပြီးကြော်စားပါ ။ ချွဲအရိအရွဲများဝမ်းသွားချိန်ပါသွားပြီးလျှင် ပန်းနာရင်ကြပ် ရောဂါသက်သာပျောက်ကင်းစေပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *