ခြင်ပြေးဆေးတွေမသုံးဘဲ ခြင်ကိုက်ခြင်းမှ ကင်းဝေးစေမယ့် နည်းလမ်းကောင်းမျာ

သင့်ကို ခြင်ကိုက်ခြင်းမှ ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ

ခြင်ကိုက်ခြင်းသည် ကျွန်ုပ်တို့နေ့စဉ်ရင်ဆိုင်နေရဆုံးသော ပြသနာတစ်ခုဖြစ်ပါတယ်။ ခြင်ကိုက်ခြင်းကြောင့် စိတ်ကသိကအောက်ဖြစ်စေရုံသာမက နောက်ဆက်တွဲရောဂါများကိုလဲ ဖြစ်ပေါ်စေပါတယ်။

ခြင်ဆေးတွေမသုံးချင်ပဲ သဘာဝအတိုင်း ခြင်တွေကို ဝေးဝေးပြေးစေမယ့် နည်းလမ်းတွေကိုရှာဖွေနေသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

-အိမ်တွင်သဘာဝအပင်များစိုက်ပျိူးပါ

ခြင်တွေဝေးဝေးပြေးစေဖို့ ခြင်ဖျန်းဆေးတွေကပဲ အစွမ်းထက်တာမဟုတ်ပါဘူး။ သဘာဝဆေးဖက်ဝင်သစ်ပင်တွေကလဲ အစွမ်းထက်ပါတယ်။

သင့်ခြံထဲမှာ ပင်စိမ်းပင်၊ကြက်သွန်ပင်၊လာဗင်ဒါပင်၊ရို့စ်မေရီပင်စသော အပင်များကိုစိုက်ပျိူးထားခြင်းဖြင့် သင့်မိသားစုနဲ့ အိမ်မွေးတိရစာန်လေးများကို ခြင်အနရာယ်မှ ကင်းဝေးစေပါမယ်။

-လာဗင္ဒါအဆီ

ခြင်တွေဟာ လာဗင်ဒါအနံ့ကို ကြောက်ပါတယ်။ လာဗင်ဒါအဆီကိုရေနဲ့ရောပြီး စပရေးအဖြစ် ကိုယ်ပေါ်ကို ဖျန်းပေးခြင်းဖြင့် ခြင်ရန်ကင်းဝေးစေမယ့် အပြင် အသားအရေ အလာ့ဂျစ်ဖြစ်ခြင်းကိုပါကာကွယ်ပေးပါတယ်။

တခြား chemicalပါသော ခြင်ဖျန်းဆေးများထက်လဲစိတ်ချရပါတယ်။ လာဗင်ဒ်ါကြိုက်သူတွေအတွက် သတင်းကောင်းပါ။

ပန်းသီးဗီနီဂါ

ဘက်စုံသုံး ပန်းသီးဗီနီဂါကို အသုံးပြုပြီး သင့်ကိုယ်ပိုင်ခြင်ဖျန်းဆေးပြုလုပ်လို့ရပါတယ်။ ခြင်သာမက အင်းဆက်များမလာအောင်လဲ ဖျန်းလို့ရပါတယ်။

ဆပ်ပြာရည်

သင့်ခြံထဲမှာပါတီ သို့ ဒင်နာကျင်းပမှာမို့ ခြင်တွေလာမှာ ကြောက်နေပြီလား။ လွယ်ပါတယ်။

ဆပ်ပြာရည်ကိုပန်းကန်တစ်ချပ်ထဲထည့်ပြီးခြံထထည့်ထားပေးပါ။ ခြင်တွေထိုပန်းကန်ပြားထဲရောက်သွားမှာ ဖြစ်ပါတယ်။

ကြက်သွန်

လေ့လာချက်များအရ ကြက်သွန်ဖြူစားခြင်းဖြင့် ခြင်တွေကိုပြေးစေပါတယ်။

ကြက်သွန်ကြိုက်သူတွေအတွက် ကောင်းပေမယ့် ကြက်သွန်မကြိုက်သူများလဲ စိတ်မပူပါနဲ့။ အများကြီးစားဖို့မလိုပါဘူး။ ကြက်သွန်ကိုပြုတ်ပြီးထိုအရည်ဖြင့် ခြင်ကိုက်သောနေရာများကိုဖြန်းပါ။