အသက် (၂၈) နှစ်နဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးဖြစ်လာခဲ့ သူ

ကျွန်တော် အရမ်းအားကျမိတဲ့ မဝေသစ်လွင်မဝေသစ်လွင်အကြောင်း ရေးဖို့တွေးနေတာ တော်တော်ကြာပါပြီ ခုတော့ အကယ်ဒမီပေးပွဲရဲ့ ပုံရိပ်တွေကြောင့် ပိုလူသိများလာလို့ ရေးဖို့ သတိရသွားတာပါ။ သူ့ကို အရမ်းအားကျမိတယ်ဆို လွန်တယ် မထင်ပါနဲ့။

သူဟာ အသက်၂၈နှစ်ပဲရှိပါသေးတယ်။ ကိုယ်နဲ့ အသက်သိပ်မကွာတဲ့ မိန်းမတစ်ယောက်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင်တစ်ဦးဖြစ်နေတာ ကျွန်တော်အရမ်း လေးစားမိတယ်။ သူဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်မကြီး Drဝင်းမင်းသစ်ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူက သစ်တော အရာရှိဟောင်း တစ်ယောက်ပါ။

သစ်တောဌာနမှ အနားယူပြီး sony electronic ကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အစောဆုံး တင်ပို့ ရောင်းချခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မဝေသစ်လွင်ဟာ ကလေးဘဝကတည်းက စီးပွားရေးနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေကို ဖခင်ထံမှ သင်ကြားခဲ့ရပါတယ်။

အဲဒီနောက် Haas School of Business University of California Berkeley USA မှာ Bachelor of Business administration ဘွဲ့ရယူခဲ့ပြီး လက်ရှိမှာ Myanmar Indo Best Company Limitedရဲ့ Director, TMW Enterprise Ltd ရဲ့ Executive Director, ABC Convenience Store Chainရဲ့ Managing Director အဲဒီလို ကိုယ်အိပ်မက်တောင် မမက်ဖူးတဲ့

ရာထူးတွေအပြင် INAX အိမ်ဆောက်ပစ္စည်း, T-Home ကြွေပြားစက်ရုံ, မိဘလုပ်ငန်းဖြစ်တဲ့ Sony electronic, Springfield ဆိုတဲ့ ယောက်ျားဝတ်၊ မိန်းမဝတ်အင်္ကျ ီBrand ကို စပိန်ကနေ franchise ယူပြီး သွင်းပါတယ်။

နောက်ထပ် woman secret မိန်းမအတွင်းဝတ် အင်္ကျ ီနဲ့ အတွင်းခံဘောင်းဘီဆိုင် abc Medical Service ကနေ cord blood သိမ်းတဲ့ အလုပ်ကိုလည်းလုပ်ပါတယ်။ အချင်းကော အချင်းထဲကသွေးရော ပင်မဆဲလ်တွေရော ကို သိမ်းပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ abc network တွေကိုလည်း wireless လိုက်လုပ်ပေးတာ ရှိပါတယ်။

အခြားproject အနေနဲ့ pay here လဲ လုပ်နေပါတယ်။ ဥပမာ- air asia တို့ nok air တို့က airticket တွေကို အွန်လိုင်းကနေ ဝယ်ပြီးတော့ abc မှာ ပိုက်ဆံပေးချေလို့ ရပါတယ်။ ပြီးတော့ abc FM ဆိုပြီး လုပ်ထားပါတယ်။

နောက်တစ်ခုကတော့ ခုခေတ်စားနေတဲ့ Bellaပါ။ abc Convenience Store အလုပ်ခင်က ဝိတိုရိယဆေးရုံကိုလဲ တည်ထောင်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဆေးရုံကိုရောင်းပြီး abc Convenience Store ကို လုပ်ကိုင်ခဲ့တာပါ။

ရည်ရွယ်ချက်သူ့ကို သဘောကျမိတဲ့ အဓိကအချက်ကတော့ ဘာအလုပ်ဘဲလုပ်လုပ် ရည်ရွယ်ချက်ကောင်းကောင်း ရှိနေခြင်းပါပဲ။မြန်မာနိုင်ငံရဲ့ လူငယ်ထုကို သူတော်တော်လေး အလေးထားတာ တွေ့ရတယ်။

သူအမြဲပြောတဲ့စကားက သူ့ရဲ့ ဘယ်လုပ်ငန်း အကြောင်းကိုပဲ မေးမေး ရည်ရွယ်ချက်က တစ်ခုထဲဖြေတယ်။ Customerတွေကို value added ဖြစ်စေဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရှိပြီး ဝန်ထမ်းတွေကို Educate လုပ်ဖို့ပါပဲ။

အရမ်းကို ပြီးပြည့်စုံတဲ့ ရည်ရွယ်ချက်ပါ။abc Convenience Store Chainသူ့ရဲ့ abc Convenience Store တွေက ဝန်ထမ်းတွေကို သူဘယ်လို train ပေးတယ်ဆိုတာကို နားထောင်ရတော့ အဲဒီ abc မှာတောင် သွားပြီး အလုပ်လုပ်ချင်စိတ် ပေါက်တယ်။

ကိုယ့်အတွက် အကျိုးအမြတ်တွေချည်းပဲမို့လေ။abc storeမှာ ဝန်ထမ်းတွေအတွက် 4 years Program ဆိုပြီးရှိပါတယ်။

အလုပ်စဝင်ကတည်းက နေစရိတ်(or) နေစရာ ပေးပါတယ်။အလုပ်ပေးပါတယ်။ Overtime ပေးတယ်။ Performance Target ပေးတယ်။ Performance Allowance ပေးပါတယ်။ အဲဒါတွေအပြင် ပထမသုံးလအတွင်းမှာ ကွန်ပျူတာကိုကျွမ်းကျွမ်း ကျင်ကျင် ကိုင်နိုင်အောင်ရယ် ၊အင်္ဂလိပ်စာရယ်ကို သင်ပေးတာရှိပါတယ်။

ပြီးရင် ပထမသုံးလကနေ နောက်ခြောက် လပြည့်တဲ့အခါ CashCounter ကိုဘယ်လို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ရမယ်။ဈေးကိုဘယ်လိုရောင်းရမယ်ဆိုတာသေသေချာချာသိအောင် ဈေးရောင်း ရင်းနဲ့ အသက်မွေးဝမ်းကျောင်းလို့ရအောင် စသင်ပေးပါတယ်။

ပထမ (၆)လကနေ (၁) နှစ်အတွင်းမှာ ကွန်ပျူတာကို ပိုပြီးကျွမ်းကျင်လာအောင် သင်ပေးပါတယ်။ English စာ Training တွေသင်ပေးပါတယ်။ ပြီးရင် ဒုတိယနှစ်မှာဆိုရင် Management Training .Business နဲ့သက်ဆိုင်တဲ့အရာတွေကို စပြီးသင်ပြပေးပါတယ်။

အဓိကက Retail ဖြစ်တဲ့အတွက် Merchandizing ဘယ်လိုပစ္စည်းတွေကိုဝယ်ရမလဲ။ ဘယ်လို ပြရမလဲ။ ဘာဖြစ်လို့ ဘယ်ပစ္စည်းကိုဘယ်နေရာမှာ ပြရမှာလဲဆိုတာတွေကို သင်ပေးတယ်။ နောက် Order taking ပိုင်း၊ အဲဒါလေးတွေကို အဓိကသင်ပေးပါတယ်။ ပြီးရင် ဘယ်လိုပစ္စည်းတွေ တင်ရမလဲ ဘာလို့ ဒီပစ္စည်းကို တင်ရသလဲဆိုတာတွေကို သင်ပေးပါတယ်။

အဲဒါပြီးရင်တော့ Accounting ပေါ့။ Bookkeeping ပေါ့။စရိတ်တွေဘယ်လောက်ရှိတယ်။ စရိတ်တွေ ဘယ်လောက်တင်ရတယ်ဆိုတာ သင်ပေးပါတယ်။ ဒုတိယနှစ်နဲ့တတိယနှစ်ကြားမှာဆိုရင် P & Lဘယ်လိုဆွဲရလဲ။

ဘယ်လိုရှုံးတာ မြတ်တာတွက်ရလဲ ဆိုတာတွေအပြင် လူတွေကို ဘယ်လို Manage လုပ်ရမလဲဆိုတာကအစ သင်ပေးပါတယ်။ ဒါကြောင့် ပထမသုံးလပြီးရင် Operator ဖြစ်ပါတယ်။ပထမ ခြောက်လပြီးရင် Cashier ဖြစ်ပါတယ်။

ပထမတစ်နှစ်ပြီးရင် သူဟာစီနီယာဖြစ်ပြီ ဆိုတဲ့အတွက်ကြောင့်မို့လို့ ဆိုင်တစ်ဆိုင်မှာ သူ့လက်အောက်မှာ အုပ်ချုပ်ရတာတစ်ယောက် (သို့) နှစ်ယောက်ရှိပါတယ်။ အဲဒီလူတွေကိုသူအုပ်ချုပ်ဖို့ဆိုရင် သူကပိုသိရမယ် ဈေးလည်းပိုရောင်းတတ်မှရမယ် အဲဒီအတွက် Merchandizing Training တွေလဲ ပေးတာဖြစ်ပါတယ်။

ဒုတိယတစ်နှစ် ပြီးသွားရင်တော့ ဒီကလေးတွေဟာအဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်သွားပါတယ် ။ အဆိုင်းတစ်ဆိုင်းရဲ့ Incharge ဖြစ်တဲ့အတွက် သူ့အောက်က ကလေးတွေကိုလည်း ဘယ်လိုသူ Manange လုပ်ရမယ် ဆိုတာကိုလည်း သူသိရပါမယ်။

အဲဒါပြီးရင်၂နှစ်ကနေ ၃နှစ်အတွင်းမှာ ဆိုရင်တော့ People Management ရယ် profit & loss ရယ်ဖြစ်ပါတယ်။ အဲဒီကနေ နှစ်နှစ်ခွဲလောက်အတွင်းမှာ သူသည် ဆိုင်မန်နေဂျာဖြစ်ပါမယ်။ ဆိုင်မန်နေဂျာ ဖြစ်တဲ့အတွက် သူ့အောက်မှာ ကလေးက အနည်းဆုံး (၁၂)ယောက်နဲ့ (၁၆) ယောက်ကြားကို သူအုပ်ချုပ်ရပါတယ်။

ဒါကြောင့် သုံးနှစ် ပြည့်သွားတဲ့အခါ သူ့ရဲ့ အုပ်ချုပ်မှု သက်တမ်းဟာ အနည်းဆုံး ၆လလောက် ရှိသွားပြီ ဖြစ်တဲ့အတွက် ဆယ်တန်းအောင်ထားတဲ့ ကလေးဟာ ဘွဲ့လည်း ရပြီးသွားပြီဆိုရင် သူသည် Junier level လောက်နဲ့ မဟုတ်ပဲAssistant Supervisor level လောက်နဲ့ စလို့ရပါတယ်။

တစ်ခြား တစ်နေရာကို သွားမယ်ဆိုရင်လည်း သူသည်အဲဒီ level လောက်နဲ့ သွားလို့ရပြီပေါ့။ နောက်တစ်ခုက abc convenience storeကို Franchise ပေးဖို့ ရှိပါတယ်တဲ့။

သူ့ဆိုင်က ၃နှစ်နဲ့ ၅နှစ်အတွင်း သက်တမ်းရှိတဲ့ ဝန်ထမ်းဟာ Store Manager တစ်ယောက်အနေနဲ့ ဒီဆိုင်ကိုသူ run တတ်နေပါပြီ။ မိဘကလည်းထောက်ပံ့ပေးမယ်။

ဒါမှမဟုတ် ဘဏ်ကပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်ဆိုရင် သူ့ကိုယ်ပိုင်ဆိုင် ဖြစ်သွားအောင် Franchise ပေးပေးမှာဖြစ်ပါတယ်။ တခြားသူတွေလဲ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် Franchiseပေးမှာပါ။ကဲ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စီးပွားရေးလဲ။ ကျွန်တော်ကတော့ အဆင်ပြေရင် Franchise ယူဖို့ အစီစဉ်ရှိပါတယ်။

နောက်တစ်ခုက Bella

Bella ပေါ်ခါစက ဈေးပေါတယ်ဆိုပြီး ကိုယ့်ပတ်ဝတ်းကျင်က လူတွေကအစ အထင်သေးကြတယ်။ မြန်မာတွေရဲ့ အကျင့်က ဈေးကြီးပေးရမှ ကောင်းတယ်ထင်တာ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံက brand ဖြစ်တဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့ကို အားပေးခဲ့တာ။

အဲဒီအချိန် TV မှာ သူ့ interview လာတယ်။ bella အပေါ်သူ့စေတနာတွေ ကြားရတော့ bella ကိုလဲချစ် သူ့ကိုလဲ ချစ်မိတယ်။

သူက မြန်မာအမျိုးသမီးတွေရဲ့ ပျမ်းမျှဝင်ငွေကို တွက်ချက်ပြီး တစ်လမှာ cosmetic အတွက် ၅၀၀၀ ဝန်းကျင်ဖိုးလောက်ပဲ သုံးနိုင်တာကို တွေ့တော့ အဲဒီဈေးနဲ့ quality ကောင်းကောင်းသုံးနိုင်အောင် သူစဉ်းစားခဲ့တယ်။

ကမ္ဘာအကြီးဆုံး မိတ်ကပ်companyတစ်ခုနဲ့ ချိတ်ဆက်ပြီး bella ကို ထုတ်လုပ်ခဲ့တယ်။ bella brand ရဲ့ quality ကို အမေရိကားမှာ စစ်ဆေးပြီး အဆင့်ဆင့် ဂရုတစိုက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ကတော့ bella ကိုတန်ဖိုးထားလို့ V- day မှာတောင် bellaကိုပဲ လက်ဆောင်တောင်းခဲ့တာပါ။