ဘ၀ရဲ့ နေဝင်ချိန်ကို တစ်ကိုယ်တည်း ဖြတ်သန်းရတော့မယ့် လူရွှင်တော်ကြီး ဦးချစ်စရာ

ပရိသတ်ကြီးရေ ၊ ဆယ်စုနှစ်ပေါင်းများစွာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာကို သတိရကြပါသေးရဲ့လား ။ လူကောင်ညှက်ပေမယ့် ပရိသတ်တွေကို တဝါးဝါးပွဲကျအောင်လုပ်နိုင်သူတစ်ယောက်ပါ ။ အခုအချိန်မှာတော့ ဦးချစ်စရာတစ်ယောက် ဘဝရဲ့ နေဝင်ချိန်လေးကို သူတစ်ယောက်တည်းဖြတ်သန်းနေရပါပြီ။

အသက်အရွယ်ကြီးခဲ့ပြီဖြစ်တဲ့ ဦးချစ်စရာဟာ လက်ရှိမှာ(၉၆)ပါးရောဂါတွေကိုခံစားနေရပြီး လက်ရှိမှာ ဘယ်ဖက် မျက်လုံးကွယ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဇနီးဖြစ်သူ ဟာလည်း (၉၆)ပါးရောဂါတွေကြောင့် စောစီးစွာ နှုတ်ဆက်ထွက်ခွာသွားတာကြောင့် စားဝတ်နေရေးဆိုင်ရာ ကိစ္စတွေမှာ အခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူ နဲ့ ကမ္ဘာခြားခဲ့ပေမယ့် အကြောင်းတိုက်ဆိုင်တိုင်း ကောင်းမှုတွေလုပ်ရင်း ဦးချစ်စရာက သတိရနေပါတယ်တဲ့ ။

အွန်လိုင်းအလှူရှင်တွေက ထောက်ပံ့ပေးတာတွေရှိသလို ၊ လင်မယားနှစ်ယောက်ရဲ့ ဆေးပင်စင်လေးနဲ့ တစ်သိန်းပတ်ချာလည်လောက်နဲ့ အသက်ဆက်နေကြောင်းရင်ဖွင့်ခဲ့ပါသေးတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဘ၀ရဲ့ နေဝင်ချိန်ကို တစ်ကိုယ်တည်း ဖြတ်သန်းရတော့မယ့် လူရွှင်တော်ကြီး ဦးချစ်စရာအတွက် ဆုတောင်းအားပေးစကားလေးတွေ ရေးပေးခဲ့ကြပါနော်။

Source – Hiso Myanmar,Via-Nay Madhuri Celeကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *