လိုက်ဖက်မှု မရှိတိုင်း သီချင်းကိုချည်း အဆင့်အတန်းမမှီသလိုအပြစ်ပုံမချဖို့ပြောလိုက်တဲ့ အဆိုတော်ရေမွန်

မြန်မာအိုင်ဒေါ Season-4 ဟာ အားပေးမှုတွေနဲ့အတူ ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာခဲ့တာ (၄) ကြိမ်မြောက်ရှိခဲ့ပါပြီ။

ဒီတစ်ခေါက် Week ဟာ Rock Week ဖြစ်ပြီးတော့ ရော့ခ်သီချင်းမြူးမြူးကြွကြွတွေနဲ့အပြိုင်အဆိုင်ဖျော်ဖြေသွားတာ ပရိသတ်ကြီးမြင်တွေ့ကြမှာပါ။

ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ယောကီးက အဆိုတော်ရေမွန်ရဲ့ ဝမ်းနည်းတတ်တဲ့ချစ်သူ သီချင်းကို ဒီတပတ် Week မှာယှဉ်ပြိုင်ခဲ့ပြီးတော့ ဒိုင်တွေရဲ့ အားရကျေနပ်ခြင်းအပြည့်တော့မရရှိခဲ့ပါဘူး။

ဒီလိုမရရှိခဲ့တဲ့အပေါ်မှာ ရေမွန်က ဒီသီချင်းဟာ Low Bass ကိုအသားပေးဆိုရတာဖြစ်တဲ့အတွက်ကြောင့် လိုက်ဖက်မှုမရှိတိုင်း သီချင်းကိုချည်း အပြစ်ပုံချလို့မရဘူးလို့ သူ့အမြင်ကို ပြောလိုက်ပါတယ်။

”ဝမ်းနည်းတတ်တဲ့ချစ်သူ “သီချင်းက Low (Bass) ကိုအသားပေးဆိုရတဲ့သီချင်းပါ ။ Bass အသံကိုပေါ်လွှင်အောင်မဆိုတတ်လို့ သီချင်းနဲ့လိုက်ဖက်မှုမရှိတိုင်း သီချင်းကိုချည်း (အဆင့်အတန်းမမှီသလို) အပြစ်ပုံချလို့ မရပါဘူး ကိုယ့်ဆရာတို့ ။

MMID Fan တစ်ယောက်မဟုတ်သလို ဘယ်ပြိုင်ပွဲမှလည်းမကြည့်ဖြစ်ပါဘူး ( အဆိုတော်တွေကို စက်နဲ့ Season အလိုက်ရိုက်ထုတ်နေတယ်လို့ခံစားရလို့ပါ ) ။

အခုကျွန်တော့်သီချင်းနဲ့ပြိုင်တယ်ဆိုလို့တချက် ဝင်လေ့ကြည့်တာပါ ။ Yaw Kee ရေညီလေး Bravo ပါ ။ ပြိုင်ပွဲမှာဆုရဖို့ထက် တကယ့်လက်တွေ့ မှာဆုရဖို့ကပိုအရေးကြီးပါတယ် ။ Vocal အ Fine ကြီးပဲ ။ ကြိုးစားထား ”

ဒါ့အပြင် ယောကီးရဲ့ အသံကိုလည်း ချီးကျူးစကားပြောဆိုသွားတာကို တွေ့ရပါတယ်။ ဂုဏ်ယူပါတယ် ယောကီး။