သာသနာ့ေဘာင္ထဲ ဝင္ေရာက္ေတာ့မယ့္ မိုးေအာင္ရင္

သရုပ္ေဆာင္ မိုးေအာင္ရင္ကို ဒီဇင္ဘာ(၁၂) ရက္ေန႕ ခရိုင္တရားရံုးကေန မူးယစ္ေဆးဝါးေရာင္းဝယ္မႈ ပုဒ္မ ၁၉(က)နဲ႕ ေထာင္ဒဏ္(၁၂)ႏွစ္ ခ်မွတ္ခဲ့တာ ပရိသတ္ေတြသိျပီး ျဖစ္မွာပါ။

နိုဝင္ဘာ (၂၆) ရက္ေန႕ ကလည္း ပုဇြန္ေတာင္ တရားရံုးကေန မူးယစ္ေဆးဝါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ ၁၅/၁၆(ဂ)ျဖင့္ အလုပ္နဲ႕ေထာင္ဒဏ္ (၅)ႏွစ္ က်ခံဖို႕ အမိန္႕ခ်ခဲ့ပါေသးတယ္။

ဒါေၾကာင့္ မိုးေအာင္ရင္ဟာ စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ က်ခံခဲ့ရပါတယ္။ ဖခင္ျဖစ္သူ ဦးေအာင္ရင္က သားျဖစ္သူလြတ္ေျမာက္ဖုိ႕အတြက္ အယူခံ၀င္ဖို႕ၾကိဳးစားေသာ္လည္း မေအာင္ျမင္ခဲ့တာေၾကာင့္ ပရိသတ္ေတြေရာ အနုပညာ ေမာင္နွမေတြပါ စိတ္မေကာင္းျဖစ္ခဲ့ရတာပါ ။

မၾကာေသးမီက ကံေကာင္းစြာနဲ႔ ျပစ္ဒဏ္လြတ္ၿငိမ္း သက္သာခြင့္ဆိုၿပီး ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား အက်ဥ္းသူ ၆၅၂၀ဦးအား လြတ္ျငိမ္းခြင့္ရခဲ့တဲ့ထဲမွာ ျပည္သူခ်စ္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မိုးေအာင္ရင္ပါဝင္ခဲ့ပါတယ္ ။

မိုးေအာင္ရင္ကိုခ်စ္တဲ့ ပရိသတ္ကလည္း မိသားစုနဲ႕ထပ္တူထပ္မွ်၀မ္းသာေနၾကသလို ဦးေအာင္ရင္ကိုယ္တိုင္ကလည္း သားျဖစ္သူကို စီစဥ္သူမေအးေအး၀င္း လက္ထဲျပန္လည္အပ္နွံခဲ့ပါတယ္ ။ လတ္တေလာမွာေတာ့ မိုးေအာင္ရင္ကဟာ ပရိသတ္ဆႏၵနဲ႔အညီ သာသနာေဘာင္ထဲသို႕၀င္ေရာက္မယ္လုိ႕ သိရွိရပါတယ္ ။

Unicode

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခဲ့တာ ပရိသတ်တွေသိပြီး ဖြစ်မှာပါ။

နိုဝင်ဘာ (၂၆) ရက်နေ့ ကလည်း ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။

ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ဦးအောင်ရင်က သားဖြစ်သူလွတ်မြောက်ဖို့အတွက် အယူခံဝင်ဖို့ကြိုးစားသော်လည်း မအောင်မြင်ခဲ့တာကြောင့် ပရိသတ်တွေရော အနုပညာ မောင်နှမတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတာပါ ။

မကြာသေးမီက ကံကောင်းစွာနဲ့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ဦးအား လွတ်ငြိမ်းခွင့်ရခဲ့တဲ့ထဲမှာ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ပါဝင်ခဲ့ပါတယ် ။

မိုးအောင်ရင်ကိုချစ်တဲ့ ပရိသတ်ကလည်း မိသားစုနဲ့ထပ်တူထပ်မျှဝမ်းသာနေကြသလို ဦးအောင်ရင်ကိုယ်တိုင်ကလည်း သားဖြစ်သူကို စီစဉ်သူမအေးအေးဝင်း လက်ထဲပြန်လည်အပ်နှံခဲ့ပါတယ် ။ လတ်တလောမှာတေ ာ့ မိုးအောင်ရင်ကဟာ ပရိသတ်ဆန္ဒနဲ့အညီ သာသနာဘောင်ထဲသို့ဝင်ရောက်မယ်လို့ သိရှိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *