ပရိသတ်ကြီး သွားရည်ကျအောင် အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေကို စားပြနေတဲ့ မခိုင်လေး







Unicode

ပရိသတ်ကြီးတွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ခိုင်သင်းကြည်က စိတ်ထားဖြူစင်ပြီး သဘောမနောကောင်းတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကို ပရိသတ်တွေက ချစ်စနိုးလေးနဲ့ မခိုင်လေးလို့ ခေါ်ဝေါ်ကြပြီး မခိုင်လေးရဲ့ ဇာတ်ကားတိုင်းကို ကြည့်ရှု့ကြကာ သူမရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေက သဘာဝဆန်လွန်းလို့ ကြိုက်နှစ်သက်ကြပါတယ်။

မခိုင်လေးရဲ့ မိသားစုလေးဖြစ်တဲ့ ချစ်ခင်ပွန်းကိုခန့်နိုင်နဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးတို့ကလည်း စိတ်ထားလေးဖြူစင်တဲ့ ရိုးသားပွင့်လင်းတဲ့ သူတွေဖြစ်ပါတယ်။

မိသားစုလေးက တစ်ယောက်ကိုတစ်ယောက်နားလည်ပေးမှုတွေ အပြန်အလှန်ကြင်နာယုယမှုတွေနဲ့ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်လို့ ပရိသတ်တွေကတောင် အရမ်းချစ်ရပါတယ်နော်။

မခိုင်လေးတို့ မိသားစုက အားလပ်ရက်တွေမှာဆိုလည်း အပန်းဖြေခရီးတွေထွက်ပြီး ပျော်ပျော်နေတတ်သလို မကြာခဏဆိုသလိုလည်း မိသားစု Dinner ကို အပြင်မှာထွက်စားလေ့ရှိပါတယ်။

အခုဆိုရင်လည်း မခိုင်လေးတို့ မိသားစု၃ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ အပြင်မှာ ညစာစားကြပါတယ်။ မခိုင်လေးကတော့ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို ပရိသတ်ကြီး သွားရည်ကျအောင် စားပြနေပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *