ကိုယ်တိုင်သွားရောက်ပြီး ရေရှားပါးလှတဲ့ကျေးရွာလေးကို ရေလှူဒါန်းခဲ့တဲ့ ပိုးကြာဖြူခင်တို့ မိသားစု








Unicode

ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူကြိုက်များအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ချစ်စရာကောင်းတဲ့ အပြုံးအလှပိုင်ရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ်။

မဟာဆန်တဲ့ အလှပိုင်ရှင်လေး ပိုးကြာဖြူခင်က စိတ်ကောင်း စေတနာကောင်းရှိပြီး အများကို ကူညီတတ်သူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုးကြာဖြူခင်တို့ မိသားစုလေးက ရေရှားပါးတဲ့ရွာလေးကို သွားရောက်ပြီး ရေအလှူ ကုသိုလ်ပြုခဲ့ကြတာ တွေ့ရပါတယ်။

ပိုးကြာဖြူခင်တို့ မိသားစုလေးက ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ရှိ ကန်တော်ကျေးရွာဆိုတဲ့ ရွာလေးကို သွားရောက်ပြီး ရေတွေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီရွာလေးမှာတော့ အမှန်တကယ် ရေရှားပါးနေတာဖြစ်တာကြောင့်

အခုလို ပူပြင်းလှတဲ့ရာသီဥတုမှာ ရွာသူရွာသားတွေ ရေကောင်းရေသန့် ရရှိစေဖို့ ပိုးတို့မိသားစုလေးက ကူညီခဲ့တာပဲ ဖြစ်ပါတယ်။ နေပူထဲမှာတောင် ကိုယ်တိုင်သွားရောက်ပြီး ရေအလှူပြုခဲ့တဲ့ ပိုးတို့မိသားစုလေးကတော့ အရမ်းကို အလှူအတန်းရက်ရောကြတာ ဖြစ်ပါတယ်။

အခုလည်း ပိုးကြာဖြူခင်က ရေရှားတဲ့ကျေးရွာလေးမှာ မီးသတ်ကားနှစ်စီးစာ ရေလှူဒါန်းနေတဲ့ မြင်ကွင်းလေးကို ပရိသတ်တွေ သာဓုခေါ်စေနိုင်ဖို့ Live လွှင့်ပေးခဲ့ပါတယ်။

ရေပုံးလေးတွေ ကိုယ်စီနဲ့ ကလေးလူကြီးမရွေး ရေလာယူနေကြတာကိုကြည့်ပြီး ပိုးတို့မိသားစုလေးက ကြည်နူးပီတိဖြစ်နေတာ တွေ့ရပါတယ်။

ကဲ…..ချစ်ပရိသတ်တွေအတွက် ပဲခူးတိုင်း ၊ ကဝမြို့နယ် ကန်တော်ကျေးရွာမှာ ရေလှူနေတဲ့ ပိုးကြာဖြူခင်တို့မိသားစုရဲ့ပုံရိပ်နဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *