အလွှင့်ဒီဇိုင်းလေးတွေနဲ့  ဘာလီကျွန်းလေးမှာ အပြတ်တွေဂေါ်နေတဲ့ ဖွေးစိန်လေး








Unicode

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလေးတွေထဲမှာ ကလေးရုပ်လေးနဲ့ ချစ်စဖွယ်ပုံစံလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေးကတော့ ဖွေးဖွေးလေးပဲ ဖြစ်ပါတယ်။

သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီထူးချွန်မှုတွေ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ တစ်နိုင်ငံလုံးကပရိသတ်တွေချစ်နေရတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ သူ့ရဲ့ပီပြင်တဲ့ ကာရိုက်တာတွေကြောင့် သူ့ဇာတ်ကားတိုင်းက ပရိသတ်တွေ တစ်ခဲနက်အားပေးနေရတာပါ။

သူမဟာ ပီပြင်တဲ့ ကာရိုက်တာတွေနဲ့ တူတူချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ မင်းသမီးလေးဖြစ်နေရတာပါ။ မာနကင်းမဲ့ပြီး ဖြူစင်တဲ့စိတ်ထားတွေကြောင့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေရတာပါ။

အနုပညာလောကမှာလည်း ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်ထားသူလေးပါ။ ဖွေးဖွေးဟာ သူပါဝင်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်းမှာ ပရိသတ်တွေကို ဇာတ်ကားတစ်ကားရဲ့ ရသတွေပေးနိုင်အောင် သရုပ်ဆောင်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သူ့ရဲ့ဇာတ်ကားတိုင်းကို ရုံပြည့်အားပေးနေကြတာပါ။

ဖွေးဖွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာလေးတွေကို မပြတ်တမ်းရိုက်ကူးနေရတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာ သူမဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို အပန်းဖြေရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့အလှပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ကနေ ပရိသတ်တွေကိုဝေမျှထားတာပါ။ ” Sometimes…Life is…” “အမြဲတမ်း မရပ်မနား လျှောက်နေစရာ မလိုပါဘူး…”

“ခဏ တထောက်နားရင်း..ဘဝ ရဲ့ အဓိပ္ပါယ် ကို အဖြေပြန်ရှာရင်း ” ဆိုပြီးဝေမျှထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ဖွေးစိန်လေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *