ချစ်ရတဲ့ ခင်ပွန်းကို သတိရလွမ်းဆွတ်တဲ့အကြောင်းလေးကို ဆို့ နစ်ကြေကွဲစွာ ပြောပြလာတဲ့ ဒွေးရဲ့ ဇနီး မိုးမိုးရဲ့ ဗီဒီယိုဖိုင်







Unicode

ပရိသတ်ကြီးရေ….. (၁၂)နှစ်ကျော်ကြာ ကွယ်လွန်သွားပြီးသည့်တိုင် အနုပညာလောကနဲ့ ပရိသတ်တွေကြား ယနေ့အချိန်ထိ အောက်မေ့သတိရလွမ်းဆွတ်နေရတဲ့ ပြည်သူချစ် အနုပညာရှင်ကတော့ ဒွေးပါပဲ..။

သရုပ်ဆောင်နေတယ်လို့ မထင်ရလောက်အောင်ကို သဘာဝဇာတ်ရုပ်တွေ သရုပ်ဆောငကျွမ်းကျင်မှုတွေအပြင် သီချင်းဆို ပိုင်နိုင်မှုတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်ကြီးရေ…. ပြီးခဲ့တဲ့ မေလ(၇)ရက်နေ့လေးကတော့ အားလုံးရဲ့ အချစ်တော်ကြီး ဒွေးရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး ဒွေးသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အသက်(၅၃)နှစ်ပြည့်မှာ ဖြစ်ပါတယ်နော်..။

ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် ဒွေးရဲ့ မွေးနေ့လေးမှာတော့ အနုပညာရှင်တော်ောတ်များများနဲ့ ပရိသတ်တွေကလည်း သတိရလွမ်းဆွတ်တဲ့အကြောင်းလေးတွေ ရေးသားပြောထားကြတာကိုလည်း လူမှုကွန်ယက်မှာ အများအပြားတွေ့မြင်ရပါတယ်နော်..။

ဒွေးရဲ့ ဇနီးချော မိုးမိုးကလည်း (၁၂) နှစ်ကျော် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူကို ယနေ့အချိန်ထိ လွမ်းဆွတ်သတိရနေပြီး ဒွေးရဲ့ မွေးနေ့လေးမှာလည်း ဘယ်လောက်တောင် လွမ်းဆွတ်နေတဲ့အကြောင်းလေးကို ဆို့နစ်ကြေကွဲစွာ ပြောပြလာခဲ့ပါတယ်..။

လတ်တလေမှာတော့ မိုးမိုးဟာ “မိုးစံအိမ်” ဆိုတဲ့ ထမင်းဆိုင်လေးကို ဖွင့်လှစ်ထားပြီး ဒီကနေ့လေးမှာတော့ မြင်သူတိုင်းကို ကြေကွဲဝမ်းနည်းစေမယ့် ဒွေးရဲ့ ဇနီးချော မိုးမိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Leave a Reply

Your email address will not be published. Required fields are marked *