ကလေးတစ်ယောက်လို လှိုင်းလုံးတွေကြားမှာ ဆော့ကစားနေတဲ့ ပင်လယ်ပျော်မလေး ရွှေကစ်ရဲ့ပုံရိပ်လေးများ








Unicode

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေနဲ့ ကြွေရုပ်လေးတစ်ရုပ်ပမာ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။

ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ချပ်လျပ်လှပတဲ့ ရွှေကစ်လေးက ဘာဝတ်ဝတ် အမြဲပေါ်လွင်လှပနေတတ်သူလည်း ဖြစ်ပါတယ်။

ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးလည်း အမြင်ရှိတဲ့ ကစ်က နေရာဒေသနဲ့ လိုက်ဖက်ညီအောင် ရွေးချယ်ဝတ်ဆင်တတ်တဲ့အတွက် ဖက်ရှင်ဘုရင်မလေးလို့ အများက တင်စားခေါ်ဝေါ်ကြပါတယ်။

လတ်တလောမှာတော့ ရွှေကစ်က ဂျပန်နိုင်ငံကို “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် သွားရောက်ခဲ့ရတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ အလှတရားတွေနဲ့အပြိုင် ဓာတ်ဖမ်းခဲ့တဲ့ ရွှေကစ်လေးကိုတော့ ညို့အားပြင်းပြင်းလှနေတာကြောင့် ပရိသတ်တွေအားလုံးက အချစ်တွေပိုတိုးခဲ့ရပါတယ်။

လက်ရှိမှာတော့ ကစ်က ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ငပလီကမ်းခြေကို အလည်သွားရောက်ပြီး စိတ်ကြိုက်အပန်းဖြေ အနားယူခဲ့တာ တွေ့ရပါတယ်။

အခုလည်း ရွှေကစ်လေးက “ပင်လယ်ပျော်တွေ” ဆိုပြီး လှိုင်းလုံးတွေကြားမှာ ကလေးတစ်ယောက်လို အပူပင်ကင်းကင်း ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။

လှိုင်းလုံးတွေနဲ့အတူ ရေကစားနေတဲ့ ကစ်လေးကတော့ တစ်ကိုယ်လုံး ရေတွေရွှဲစိုပြီး စွဲမက်ချင်စရာကောင်းတဲ့ အလှတွေပေါ်လွင်နေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ရွှေကစ်လေးရဲ့ ကမ်းခြေရောက်အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *