အချိန်ပေးပြီး အိမ်ပြင်တုန်းက ကူညီခဲ့တဲ့ အကို(၂၅)ယောက်စာအတွက် လက်အနာခံပြီးဟင်းတွေ ထမင်းတွေချက်ကျွေးခဲ့တဲ့ ပိုပို








Unicode

ချစ်ပရိတ်သတ်ကြီးရေ ….. ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရင်ထဲ တခုခုခံစားရအောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး ပိုပိုကို ပရိတ်သတ်တွေ သိကြပြီးသားပါပဲနော်။

သူမဟာ ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းခွေလေးနဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သူလေးပါပဲနော်။

ဒါကြောင့် သူမဟာ အခုအချိန်မှာဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အခြေခိုင်ခိုင်နဲ့ လျှောက်လှမ်းနေနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့်လည်း အချိန်တိုတိုလေးအတွင်းမှာ ကျော်ကြားလာခဲ့ရခြင်းပဲဖြစ်ပါတယ်နော်။

သူမဟာ အခုနောက်ပိုင်းမှာဆိုရင်လည်း အနုပညာခြေလှမ်းတွေစိပ်လာခဲ့ပြီးတော့ သူမနောက်ထပ်ထွက်ရှိမယ့် သီချင်းတွေ အခွေအတွက် ကြိုးစားနေပါတယ်နော်။

သူမဟာ အခြားမိသားစုဝင်လည်းမရှိတဲ့အတွက် အနုပညာအလုပ်တွေက တစ်ဖက်အိမ်ကိစ္စတွေကတစ်ဖက် နဲ့ တစ်ယောက်တည်း အလုပ်တွေပိနေခဲ့ပါတယ်နော်။ သူမဟာ အိမ်လေးကိုပြင်ဆင်နေခဲ့တဲ့အတွက် ဒီလပိုင်းတွေမှာ တော်တော်လေး အလုပ်တွေရှုပ်နေခဲ့ရပါတယ်နော်။

ဒါကြောင့်သူမကို မောင်နှမအရင်းလို သဘောထားပြီးတော့ သူမဖျော်ဖြေရေးတွေသွားနေရတဲ့အချိန်မှာတောင် အိမ်မှာ ဝိုင်းဝန်ပြီး ကူညီပြင်ဆင်ပေးခဲ့ကြတဲ့ အကို (၂၅) ယောက်လုံးကို ကျေးဇူးအရမ်းတင်တဲ့အတွက် သူမရဲက အိမ်မှာ အကိုတွေအားလုံးအတွက် ကိုယ်တိုင်ဈေးဝယ်ပြီး ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်နော်။

ပုဇွန်ဟင်းအတွက် ချက်ပြုတ်တဲ့နေရာမှာတော့ လူ(၂၅)ယောက်စာဖြစ်တဲ့အတွက် ပုဇွန်(၂) ပိဿာလောက်ကို အခွံခွာလိုက်ရတာနဲ့တင် လက်တွေထိရှနာကျင်ခဲ့ရပါသေးတယ်တဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *