Pressure တွေဖိကာ Shock ရိုက်သွားရတဲ့ ပရိသတ်အချစ်တော် ဇေရဲထက်







Unicode

ပရိသတ်ကြီးရေ…..အနုပညာလောကထဲမှာ အလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်ပြီး အောင်မြင်လာတဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ရိုးရှင်းစွာနေထိုင်တတ်သူ တစ်ဦးဖြစ်ပါတယ်။

ဇေရဲထက် ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုဆိုလည်း ပရိသတ်ကြီးက တစ်ခဲနက်အားပေးကြည့်ရှု့ကြပြီး ဇေရဲထက်ရဲ့ အိုင်တင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။

ဇေရဲထက်က မိဘကို လိုလေသေးမရှိအောင် ဂရုစိုက်ရင်း ပြုစုစောင့်ရှောက်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ ဇေရဲထက်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို

ကြိုးစားပမ်းစားလုပ်ဆောင်နေပြီး အမြဲသင်ယူနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဇေရဲထက်ရဲ့ ကြိုးစားမှုတွေကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကြောင့် အရာထင်ခဲ့ပါတယ်နော်။

ဇေရဲထက်က အခုဆိုရင် အလုပ်တွေကြိုးစားလွန်းလို့ နေမကောင်းဖြစ်နေတဲ့ ပုံလေးတွေနဲ့အတူ “အထက်သွေး ၁၁၀,၉၀ Pressure များပြီး Shock ရိုက်သွားခြင်း စိတ်ဖိစီးမှုတွေများနေတယ် အိပ်ရေးပျက်တာတွေများနေပြီ”ဆိုပြီး

သူ့ရဲ့ facebook မှာ ရေးသားထားပါတယ်။အိပ်ရာပေါ်မှာ နေမကောင်းဖြစ်နေတဲ့ ဇေရဲထက်ကို သူ့ရဲ့ပရိသတ်တွေက အားပေးစကားဆိုခဲ့ကြတာလေးတွေကို တွေ့ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *