”ဟစ္တိုင္”ဇာတ္ကားနဲ႔ပတ္သတ္ျပီး ရင္ဖြင့္လာတဲ့ အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ က သက္ငယ္မုဒိန္း ပညာေပး ဇာတ္ကားျဖစ္တဲ့ ဟစ္တိုင္႐ုပ္ရွင္ ဇာတ္ကားထဲက ေဒါင္းနီ ပီျပင္ဖို႔ စိတ္ပင္ပန္း၊ လူပင္ပန္းတဲ့အထိ ႀကိဳးစားသ႐ုပ္ေဆာင္ ခဲ့ရတယ္လို႔ဆိုပါတယ္။


အိျႏၵာေက်ာ္ဇင္ကေတာ့ ‘’ ဟစ္တိုင္’’ ႐ုပ္ရွင္ဇာတ္ကားထဲက ေဒါင္းနီ ကာရိုက္တာအေပၚ သူမရဲ့ ႀကိဳးစားအားထုတ္မွုေတြကို ျပန္လည္ေျပာျပလာပါတယ္။ အေၾကာကပ္သြားတဲ့အထိေအာင္ ျဖစ္ခဲ့ရတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့တာပါ။


‘’ အေၾကာေတြ ကပ္သြားတဲ့ အခန္းတစ္ခန္းကလည္း အေလာင္းဆြဲလာၿပီးေတာ့ ေအာ္လိုက္တဲ့အခန္းေပါ့ေနာ္။ ဒါရိုက္တာက ကဒ္ ဆိုတာေတာင္မွ Mood က ခ်က္ခ်င္း ရပ္လို႔ေတာင္မရဘူးျဖစ္သြားတယ္။


အဲဒီမွာ ေမာၿပီးေတာ့ ေျခေတြ၊ လက္ေတြတုန္ၿပီးေတာ့ အေၾကာကပ္သြားတယ္။ အန္တီေမသန္းႏုတို႔ကလည္း အကုန္ဝိုင္းၿပီးေတာ့ ေျဖေပးရတယ္။ အဲဒါကေတာ့ စိတ္အရမ္းေရာက္သြားလို႔ ျဖစ္သြားတယ္လို႔ အစ္မ ထင္ပါတယ္’’ လို႔ သူကဆိုပါတယ္။


ေဒါင္းနီကာရိုက္တာကေတာ့ သူမအတြက္ စိတ္ေရာ၊ လူေရာ ပင္ပန္းခဲ့ရတဲ့ အေနအထားပါလို႔ အိျႏၵာေက်ာ္ဇင္က ေျပာပါတယ္။ ဒါေပမယ့္လည္း ရိုက္ကြင္းေပၚအထိ လာအားေပးၾကတဲ့ ပရိသတ္မ်ားစြာေၾကာင့္လည္း ရိုက္ကြင္း ဖ်က္ရတဲ့အေနအထားေတြလည္း ရွိခဲ့ပါတယ္တဲ့။


‘’ စိတ္ကေတာ့ အရမ္းပင္ပန္းတယ္။ ဒီဇာတ္ကားက လူလည္းပင္ပန္းတယ္။ အူဝဲ တို႔ တည္းတဲ့ေနရာ ကေနၿပီးေတာ့ မနက္ဆိုလို႔ရွိရင္ ရိုက္တဲ့ေနရာကို ၁ နာရီေက်ာ္ေက်ာ္ေလာက္ ကားေမာင္းၿပီးေတာ့ သြားရတယ္။

အနီးအနားက ရြာက လူေတြကလည္း လာအားေပးၾကတယ္။ တစ္ခါတေလ လူအုပ္အရမ္းမ်ားလို႔ ရွုတင္ကို ဖ်က္လိုက္ရတဲ့ အေနအထားမ်ိဳးေတြရွိတယ္။


ရိုက္ရတာ အခက္အခဲျဖစ္၊ အေႏွာက္အယွက္ျဖတ္တ ယ္ဆိုေပမယ့္လည္း အူဝဲတို႔ စိတ္ထဲမွာ အားေပးၾကတယ္၊ ခ်စ္ၾကတယ္ဆိုတဲ့ စိတ္နဲ႔ စိတ္မဆိုးဘူး ေက်းဇူးတင္တာပါ’’ လို႔ ‘’ဟစ္တိုင္’’ ဇာတ္ကား မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့ပါတယ္။


ဟစ္တိုင္ ႐ုပ္ရွင္ဇာတ္ကားဟာ သက္ငယ္မုဒိန္း ပညာေပး ဇာတ္ကားတစ္ကားျဖစ္ၿပီး သားသမီးရွိတဲ့ မိဘတိုင္း ၾကည့္သင့္တဲ့ ဇာတ္ကားတစ္ကားပါ။

 

ဒီလို သက္ငယ္မုဒိန္းမွုေတြ ေပၚေပါက္လာတဲ့ အေပၚ အိျႏၵာေက်ာ္ဇင္က သူမရဲ့ စိတ္ထဲက ဆႏၵအတိုင္း ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။


‘’ အဲဒါကေလ အခုအေျခအေနမွာ ပိုၿပီးေတာ့ ၾကားေနရသလိုပဲ။ ပိုဆိုးေနတယ္လို႔လည္း ထင္တယ္ေပါ့ေနာ္။ ဒါေပမယ့္ အခုက Facebook ေတြမွာ က်ယ္ျပန႔္ေနတဲ့အခါက်ေတာ့ ဒီအေပၚမွာ သတင္းေတြက တက္တက္လာေတာ့ အဲဒါေတြက ပိုျမင္ေနတယ္၊ ပိုၾကားေနရတာေပါ့ေနာ္။


အဲဒီသတင္းေတြတက္လာၿပီဆိုရင္လည္း ဘယ္လိုမွကို မခံစားနိုင္တာ။ ဒီကိစၥကို အေမေတြေရာ၊ အေဖေတြေရာ ဘယ္သူမွလည္း ဒီကိစၥကို ခံစားနိုင္မွာ မဟုတ္ဘူး။

ဒီလိုလုပ္ရပ္၊ ဒီလို လူမ်ိဳးေတြကိုလည္း ေနာက္မလုပ္ေအာင္ ထိထိေရာက္ေရာက္ေလးေတာ့ ျဖစ္ေစခ်င္တယ္။ ဒါမ်ိဳးက လုံးဝ မျဖစ္သင့္တဲ့ ကိစၥကို ထိထိေရာက္ေရာက္ တားဆီးေပးေစခ်င္တယ္’’ လို႔ ဆိုပါတယ္။


စာေရးဆရာမ သၽွင္မရဲ့ ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ျပန္လည္ပုံေဖာ္မယ့္ ဟစ္တိုင္ ဇာတ္ကားကို ဒါရိုက္တာ ဟိန္းစိုးက ရိုက္ကူးကာ အကယ္ဒမီအိျႏၵာေက်ာ္ဇင္၊ အကယ္ဒမီေမသန္းႏု၊ စိုင္းဝဏၰေအာင္၊ ထူးျပည့္ေအာင္ ၊ဇင္မ်ိဳး ၊ ရဲမြန္ ၊ စိုးမိုးၾကည္၊ သန္းသန္းစိုး ၊ လွမ်ိဳးသဥၨာႏြယ္၊ သ႐ုပ္ေဆာင္မ်ားစြာ တို႔ ႏွင့္အတူ ကေလးသ႐ုပ္ေဆာင္ ျပည့္ျပည့္တို႔ က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။ဒီဇာတ္ကားကိုေတာ့ ၂၀၁၉ ခုႏွစ္ ေမလ ၁၆ ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

UNICODE

အိန္ဒြာကျော်ဇင် က သက်ငယ်မုဒိန်း ပညာပေး ဇာတ်ကားဖြစ်တဲ့ ဟစ်တိုင်ရုပ်ရှင် ဇာတ်ကားထဲက ဒေါင်းနီ ပီပြင်ဖို့ စိတ်ပင်ပန်း၊ လူပင်ပန်းတဲ့အထိ ကြိုးစားသရုပ်ဆောင် ခဲ့ရတယ်လို့ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ‘’ ဟစ်တိုင်’’ ရုပ်ရှင်ဇာတ်ကားထဲက ဒေါင်းနီ ကာရိုက်တာအပေါ် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြန်လည်ပြောပြလာပါတယ်။ အကြောကပ်သွားတဲ့အထိအောင် ဖြစ်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

‘’ အကြောတွေ ကပ်သွားတဲ့ အခန်းတစ်ခန်းကလည်း အလောင်းဆွဲလာပြီးတော့ အော်လိုက်တဲ့အခန်းပေါ့နော်။ ဒါရိုက်တာက ကဒ် ဆိုတာတောင်မှ Mood က ချက်ချင်း ရပ်လို့တောင်မရဘူးဖြစ်သွားတယ်။

အဲဒီမှာ မောပြီးတော့ ခြေတွေ၊ လက်တွေတုန်ပြီးတော့ အကြောကပ်သွားတယ်။ အန်တီမေသန်းနုတို့ကလည်း အကုန်ဝိုင်းပြီးတော့ ဖြေပေးရတယ်။ အဲဒါကတော့ စိတ်အရမ်းရောက်သွားလို့ ဖြစ်သွားတယ်လို့ အစ်မ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

ဒေါင်းနီကာရိုက်တာကတော့ သူမအတွက် စိတ်ရော၊ လူရော ပင်ပန်းခဲ့ရတဲ့ အနေအထားပါလို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒါပေမယ့်လည်း ရိုက်ကွင်းပေါ်အထိ လာအားပေးကြတဲ့ ပရိသတ်များစွာကြောင့်လည်း ရိုက်ကွင်း ဖျက်ရတဲ့အနေအထားတွေလည်း ရှိခဲ့ပါတယ်တဲ့။
‘’ စိတ်ကတော့ အရမ်းပင်ပန်းတယ်။ ဒီဇာတ်ကားက လူလည်းပင်ပန်းတယ်။ အူဝဲ တို့ တည်းတဲ့နေရာ ကနေပြီးတော့ မနက်ဆိုလို့ရှိရင် ရိုက်တဲ့နေရာကို ၁ နာရီကျော်ကျော်လောက် ကားမောင်းပြီးတော့ သွားရတယ်။

အနီးအနားက ရွာက လူတွေကလည်း လာအားပေးကြတယ်။ တစ်ခါတလေ လူအုပ်အရမ်းများလို့ ရှုတင်ကို ဖျက်လိုက်ရတဲ့ အနေအထားမျိုးတွေရှိတယ်။

ရိုက်ရတာ အခက်အခဲဖြစ်၊ အနှောက်အယှက်ဖြတ်တ ယ်ဆိုပေမယ့်လည်း အူဝဲတို့ စိတ်ထဲမှာ အားပေးကြတယ်၊ ချစ်ကြတယ်ဆိုတဲ့ စိတ်နဲ့ စိတ်မဆိုးဘူး ကျေးဇူးတင်တာပါ’’ လို့ ‘’ဟစ်တိုင်’’ ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားဟာ သက်ငယ်မုဒိန်း ပညာပေး ဇာတ်ကားတစ်ကားဖြစ်ပြီး သားသမီးရှိတဲ့ မိဘတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

ဒီလို သက်ငယ်မုဒိန်းမှုတွေ ပေါ်ပေါက်လာတဲ့ အပေါ် အိန္ဒြာကျော်ဇင်က သူမရဲ့ စိတ်ထဲက ဆန္ဒအတိုင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

‘’ အဲဒါကလေ အခုအခြေအနေမှာ ပိုပြီးတော့ ကြားနေရသလိုပဲ။ ပိုဆိုးနေတယ်လို့လည်း ထင်တယ်ပေါ့နော်။ ဒါပေမယ့် အခုက Facebook တွေမှာ ကျယ်ပြန့်နေတဲ့အခါကျတော့ ဒီအပေါ်မှာ သတင်းတွေက တက်တက်လာတော့ အဲဒါတွေက ပိုမြင်နေတယ်၊ ပိုကြားနေရတာပေါ့နော်။

အဲဒီသတင်းတွေတက်လာပြီဆိုရင်လည်း ဘယ်လိုမှကို မခံစားနိုင်တာ။ ဒီကိစ္စကို အမေတွေရော၊ အဖေတွေရော ဘယ်သူမှလည်း ဒီကိစ္စကို ခံစားနိုင်မှာ မဟုတ်ဘူး။

ဒီလိုလုပ်ရပ်၊ ဒီလို လူမျိုးတွေကိုလည်း နောက်မလုပ်အောင် ထိထိရောက်ရောက်လေးတော့ ဖြစ်စေချင်တယ်။ ဒါမျိုးက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စကို ထိထိရောက်ရောက် တားဆီးပေးစေချင်တယ်’’ လို့ ဆိုပါတယ်။

စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်မယ့် ဟစ်တိုင် ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးကာ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဥ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *