မိန်းမလျာရုပ်နဲ့  နှင်းဆီမင်းသားငါးယောက်ရဲ့ ဆေးပုံတွေကို အလင်းပြလိုက်တဲ့ ကျော်ကျော်ဗိုလ်









Unicode

ဒိတ်ဒိတ်ကြဲ မင်းသားချောငါးယောက်ပါဝင်တဲ့ နှင်းဆီအဖွဲ့လေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ပိုင်ဆိုင်ရရှိပြီးသား ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့လေးမှာတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့ ပါဝင်ကြတယ်ဆိုတာကို ပရိသတ်တွေအားလုံးက သိပြီးသားဖြစ်မယ် ထင်ပါတယ်။

အနုပညာညီအစ်ကိုတွေဖြစ်ကြတဲ့ သူတို့ငါးယောက်က အပြင်မှာလည်း ညီအစ်ကိုအရင်းတွေလို ချစ်ခင်ရင်းနှီးကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း သူတို့နှင်းဆီအဖွဲ့လေးက ” နှင်းဆီပုဝါခြုံတဲ့လက်” ဆိုတဲ့ အငြိမ့်ပွဲလေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း အတူလုပ်ဆောင်ဖို့ ဆက်လက်တိုင်ပင်နေကြတာ ဖြစ်ပါတယ်။

အခုလည်း နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်းသား ကျော်ကျော်ဗိုလ်က သူတို့ညီအစ်ကိုငါးယောက်ရဲ့ မိန်းမလျာဇာတ်ရုပ်နဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် အလင်းပြပေးထားတာ တွေ့ရပါတယ်။

ကျော်ကျော်ဗိုလ်က “Dry Roses” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး နှင်းဆီညီအစ်ကို ငါးယောက်ရဲ့ပုံတွေကို တင်လိုက်တာပဲ ဖြစ်ပါတယ်။

ယောက်ျားပုံစံနဲ့ မိန်းမလျာပုံစံကို ယှဉ်တွဲပြသထားတဲ့ နှင်းဆီမင်းသားငါးယောက်ရဲ့ ပုံလေးတွေကိုတော့ ပရိသတ်တွေကအမြင်နှစ်မျိုးနဲ့ ရှုစားမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကဲ…..ချစ်ပရိသတ်တွေအတွက် မိန်းမလျာဇာတ်ရုပ်နဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ နှင်းဆီမင်းသား ငါးယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *