ဒီဇိုင်းကာလာအနေအထားက မနေ့ ကနဲ့ မတူတော့ဘူးဆိုပြီး အမိုက်စားပုံလေးတွေကိုထုတ်ပြလိုက်တဲ့ အောင်ရေချမ်း









Unicode

သရုပ်ဆောင် အောင်ရေချမ်းနဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်တို့နှစ်ယောက်ကိုတော့ ပရိသတ်အားလုံးက ”ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးမှာ အတူတူအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ သူတို့နှစ်ယောက်က မင်းမျိုးနွယ်နဲ့ စံမြန်းဆိုတဲ့ စုံတွဲလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဇာတ်လမ်းတွဲလေးက ပြီးဆုံးသွားပြီဖြစ်တာကြောင့် ပရိသတ်တွေအားလုံးက သူတို့နှစ်ယောက်ကို သတိရနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့နှစ်ယောက်က အနုပညာအလုပ်တွေ အသီးသီးလုပ်ကိုင်နေကြပြီး ဇာတ်လမ်းတွဲ အသစ်လေးတွေကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုလည်း အောင်ရေချမ်းနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောက်က အမိုက်စားဖက်ရှင်တွေနဲ့ လူမှားရလောက်အောင် စတိုင်ကျနေတဲ့ ပုံလေးတွေကို တင်ပေးထားပါတယ်။

နိုင်ငံခြားမော်ဒယ်တွေလို့တောင် ထင်မှတ်ရတဲ့ သူတို့နှစ်ယောက်ရဲ့ပုံလေးတွေကတော့ လုံးဝကို အလန်းစားဖြစ်နေတာ တွေ့ရပါတယ်။

ဒီပုံလေးတွေကိုတော့ သူတို့နှစ်ယောက်က ”Fashion Magazine Cover” အတွက် အတူတူရိုက်ကူးပေးထားကြတာ ဖြစ်ပါတယ်။ အောင်ရေချမ်းကတော့ ” အခြေအနေကတော့ မနေကနဲ့ မတူတော့ဘူး ” ဆိုပြီး ပုံလေးတွေနဲ့အတူ စကားဆိုထားတာလည်း တွေ့ရပါတယ်။

ကဲ…..ချစ်ပရိသတ်တွေအတွက် အလန်းစားဖက်ရှင်တွေနဲ့ အရမ်းကို လိုက်ဖက်ညီနေတဲ့ အောင်ရေချမ်းနဲ့ ဝင့်ယမုံနိုင်တို့ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *