ရန္ကုန္ေဆး႐ုံႀကီးက လူေပါင္း(၁၂၀၀)စာအတြက္ ေမြးေန ့မွာ အာဟာရဒါနအလွူျပဳခဲ့တဲ့ ဟိန္းေဝယံ

ဒီေန႔ ေလးကေတာ့ ျပည္သူခ်စ္ သ႐ုပ္ေဆာင္ မင္းသားေလး ဟိန္းေဝယံရဲ့ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္တဲ့ ဟိန္းေဝယံက အႏုပညာေလာကမွာ

ေနရာတစ္ေနရာရၿပီး ေအာင္ျမင္မွုေတြ ပိုင္ဆိုင္ေနရသူ ျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႔ေလးမွာေတာ့ ပ်ိဳတိုင္းႀကိဳက္တဲ့ မင္းသားေလး ဟိန္းေဝယံက အသက္ (၃၀) ႏွစ္တိတိျပည့္သြားၿပီပဲ ျဖစ္ပါတယ္ ။

ႏွစ္စဥ္ႏွစ္တိုင္း ေမြးေန႔မွာ အလွူအတန္းျပဳေလ့ရွိတဲ့ ဟိန္းေဝယံက ဒီႏွစ္ေမြးေန႔မွာလည္း မြန္ျမတ္တဲ့ အာဟာရဒါနအလွူတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဟိန္းေဝယံက ဒီေန႔မနက္ေစာေစာမွာ

We Love ေတြနဲ႔အတူ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ အာဟာရဒါန သြားေရာက္လွူဒါန္းခဲ့တာ ျဖစ္ပါတယ္။ ရန္ကုန္ေဆး႐ုံႀကီးမွာရွိတဲ့ လူနာနဲ႔လူနာေစာင့္ စုစုေပါင္း လူအေယာက္ (၁၂၀၀) စာအတြက္ အျပည့္အဝ လွူဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။

ယေန႔မနက္ (၈) နာရီမွာ သြားေရာက္လွူဒါန္းခဲ့တဲ့ ဟိန္းေဝယံရဲ့ေမြးေန႔အလွူပြဲေလးကေတာ့ အရမ္းကိုစည္ကားသိုက္ၿမိဳက္ခဲ့တာ ျဖစ္ပါတယ္။ မုန႔္နဲ႔အေအးေတြ ကိုယ္တိုင္လွူဒါန္းေနတဲ့

ဟိန္းေဝယံတစ္ေယာက္ အျဖဴေရာင္ဝတ္စုံေလးနဲ႔ ေခ်ာေမာခန႔္ညားေနတာလည္း ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မင္းသားေခ်ာ ဟိန္းေဝယံရဲ့ အသက္(၃၀) ႏွစ္ျပည့္ ေမြးေန႔အလွူပြဲက ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Unicode

ဒီနေ့ လေးကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသားလေး ဟိန်းဝေယံရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဟိန်းဝေယံက အနုပညာလောကမှာ

နေရာတစ်နေရာရပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ပျိုတိုင်းကြိုက်တဲ့ မင်းသားလေး ဟိန်းဝေယံက အသက် (၃၀) နှစ်တိတိပြည့်သွားပြီပဲ ဖြစ်ပါတယ် ။

နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်းပြုလေ့ရှိတဲ့ ဟိန်းဝေယံက ဒီနှစ်မွေးနေ့မှာလည်း မွန်မြတ်တဲ့ အာဟာရဒါနအလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဟိန်းဝေယံက ဒီနေ့မနက်စောစောမှာ

We Love တွေနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အာဟာရဒါန သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ လူနာနဲ့လူနာစောင့် စုစုပေါင်း လူအယောက် (၁၂၀၀) စာအတွက် အပြည့်အဝ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ယနေ့မနက် (၈) နာရီမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ဟိန်းဝေယံရဲ့မွေးနေ့အလှူပွဲလေးကတော့ အရမ်းကိုစည်ကားသိုက်မြိုက်ခဲ့တာ ဖြစ်ပါတယ်။ မုန့်နဲ့အအေးတွေ ကိုယ်တိုင်လှူဒါန်းနေတဲ့

ဟိန်းဝေယံတစ်ယောက် အဖြူရောင်ဝတ်စုံလေးနဲ့ ချောမောခန့်ညားနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဟိန်းဝေယံရဲ့ အသက်(၃၀) နှစ်ပြည့် မွေးနေ့အလှူပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *