ေနမင္းတို႔အုပ္စုက ေလယာဥ္မွုးႀကီးကို ေလးစားယုံၾကည္တာေၾကာင့္ MNA ေလယာဥ္ နဲ႔သာရန္ကုန္ၿမိဳ႕သို ့ျပန္လာခဲ့

ပရိသတ္ႀကီးေရ…အႏုပညာရွင္ေတြျဖစ္တဲ့ ေနမင္း ၊ စည္သူေမာင္ ၊ မုဏ္း ၊ ခိုင္သဇင္ဦး ၊ ခင္ေလးႏြယ္ ၊ ယုသႏၲာတင္တို႔ သူငယ္ခ်င္းအုပ္စုကေတာ့ မေန႔က မႏၲေလးသို႔လာခ်ိန္မွာ ေလယာဥ္အေရးေပၚအေျခအေနေလးမွာ ပါဝင္ခဲ့ရတဲ့ ခရီးသည္ေတြပဲျဖစ္ပါတယ္။

ေလယာဥ္မွူးႀကီးရဲ့ ဆုံးျဖတ္ခ်က္အရမ္းမွန္သြားတာေၾကာင့္ ခရီးသည္ေတြအကုန္လုံးေဘးကင္းခဲ့ၾကၿပီး ခရီးသည္ေတြနဲ႔ျပည္သူမ်ားက ေလယာဥ္မွူးႀကီးကိုခ်ီးက်ဴးခဲ့ၾကပါတယ္။

ေနမင္းတို႔ သူငယ္ခ်င္းအုပ္စုကေတာ့ ေလယာဥ္နဲ႔ ေဘးကင္းရာကိုေရာက္တဲ့အခါမွာ သူတို႔ရဲ့ အေျခအေနေလးနဲ႔ ရင္ခုန္စိတ္လွုပ္ရွားခဲ့ရပုံေလးေတြကို Live လႊင့္ၿပီး ေျပာျပခဲ့ပါတယ္ေနာ္။

သူငယ္ခ်င္းအုပ္စုကေတာ့ ရင္လည္းခုန္ ေပ်ာ္လည္းေပ်ာ္နဲ႔ အေတြ႕အၾကဳံသစ္ေလးေတြရခဲ့ၾကပါတယ္။ မႏၲေလးကိုေတာ့ အလုပ္ကိစၥနဲ႔လာၾကတာေၾကာင့္ ပုံမွန္အတိုင္းပဲအလုပ္ကိစၥေတြလုပ္ၿပီး မႏၲေလးၿမိဳ႕ကိုလည္ပတ္ၾကပါတယ္။

ေနမင္းတို႔ သူငယ္ခ်င္းအုပ္စုကေတာ့ မႏၲေလးက မဟာျမတ္မုနိဘုရားႀကီးကို ဝင္ေရာက္ဖူးေမၽွာ္ၾကၿပီး အလွူအတန္းေတြလည္းလုပ္ခဲ့ၾကသလို ကုသိုလ္ေတြလည္းအမ်ားႀကီးယူခဲ့ၾကပါတယ္။

အခုဆိုရင္ေတာ့ ေနမင္း ၊ စည္သူေမာင္ ၊ မုဏ္း ၊ ခိုင္သဇင္ဦး နဲ႔ တစ္ျခားလူမ်ားက ေလယာဥ္မွုးႀကီးကို ေလးစားယုံၾကည္ေသာအားျဖင့္ MNA ေလယာဥ္ နဲ႔သာရန္ကုန္ၿမိဳ႕ကိုျပန္လာခဲ့ပါတယ္ဆိုတဲ့ သူတို႔ရဲ့ ပုံရိပ္ေလးေတြကို မၽွေဝလာပါတယ္ေနာ္။

Unicode

ပရိသတ်ကြီးရေ…အနုပညာရှင်တွေဖြစ်တဲ့ နေမင်း ၊ စည်သူမောင် ၊ မုဏ်း ၊ ခိုင်သဇင်ဦး ၊ ခင်လေးနွယ် ၊ ယုသန္တာတင်တို့ သူငယ်ချင်းအုပ်စုကတော့ မနေ့က မန္တလေးသို့လာချိန်မှာ လေယာဉ်အရေးပေါ်အခြေအနေလေးမှာ ပါဝင်ခဲ့ရတဲ့ ခရီးသည်တွေပဲဖြစ်ပါတယ်။

လေယာဉ်မှူးကြီးရဲ့ ဆုံးဖြတ်ချက်အရမ်းမှန်သွားတာကြောင့် ခရီးသည်တွေအကုန်လုံးဘေးကင်းခဲ့ကြပြီး ခရီးသည်တွေနဲ့ပြည်သူများက လေယာဉ်မှူးကြီးကိုချီးကျူးခဲ့ကြပါတယ်။

နေမင်းတို့ သူငယ်ချင်းအုပ်စုကတော့ လေယာဉ်နဲ့ ဘေးကင်းရာကိုရောက်တဲ့အခါမှာ သူတို့ရဲ့ အခြေအနေလေးနဲ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပုံလေးတွေကို Live လွှင့်ပြီး ပြောပြခဲ့ပါတယ်နော်။

သူငယ်ချင်းအုပ်စုကတော့ ရင်လည်းခုန် ပျော်လည်းပျော်နဲ့ အတွေ့အကြုံသစ်လေးတွေရခဲ့ကြပါတယ်။ မန္တလေးကိုတော့ အလုပ်ကိစ္စနဲ့လာကြတာကြောင့် ပုံမှန်အတိုင်းပဲအလုပ်ကိစ္စတွေလုပ်ပြီး မန္တလေးမြို့ကိုလည်ပတ်ကြပါတယ်။

နေမင်းတို့ သူငယ်ချင်းအုပ်စုကတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီးကို ဝင်ရောက်ဖူးမျှော်ကြပြီး အလှူအတန်းတွေလည်းလုပ်ခဲ့ကြသလို ကုသိုလ်တွေလည်းအများကြီးယူခဲ့ကြပါတယ်။

အခုဆိုရင်တော့ နေမင်း ၊ စည်သူမောင် ၊ မုဏ်း ၊ ခိုင်သဇင်ဦး နဲ့ တစ်ခြားလူများက လေယာဉ်မှုးကြီးကို လေးစားယုံကြည်သောအားဖြင့် MNA လေယာဉ် နဲ့သာရန်ကုန်မြို့ကိုပြန်လာခဲ့ပါတယ်ဆိုတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *