ကင္ဆာေရာဂါ ေဝဒနာခံစားေနရတဲ့ သ႐ုပ္ေဆာင္ ႏြယ္နီကို ေငြ(၆)သိန္းနဲ ့ လိုအပ္တာေတြကို လွဴဒါန္းကူညီေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝက ဇာတ္ပို႔ သ႐ုပ္ေဆာင္ ႏြယ္နီရဲ့ သတင္းၾကားၾကားခ်င္း လိုအပ္တာေတြ သြားေရာက္ကူညီေပးခဲ့တာပါ။ အႏုပညာသမား အခ်င္းခ်င္း ကိုယ္ခ်င္းစာမိလို႔ပါတဲ့။

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ ဒီေန႔(ေမလ၁၃ရက္)မွာ ဇာတ္ပို႔သ႐ုပ္ေဆာင္ ႏြယ္နီဆီသို႔ သြားေရာက္ခဲ့ၿပီး လိုအပ္တာေတြ လွူဒါန္းခဲ့ပါတယ္။ သူမဟာ ႏြယ္နီရဲ့ သတင္းၾကားၾကားခ်င္း သြားေရာက္ခဲ့တာျဖစ္ၿပီး

ႏြယ္နီရဲ့ အခက္အခဲ၊ က်န္းမာေရးနဲ႔ သားသမီးေလးေတြရဲ့ ဘဝ အားလုံးအတြက္ စဥ္းစားၿပီး ေဆးဝါးကုသနိုင္ရန္ အလွူေငြ (၆)သိန္း လွူဒါန္းခဲ့သလို လြယ္လြယ္ကူကူ ေဈးေရာင္းနိုင္ဖို႔အတြက္ ေဈးေရာင္းလွည္းကိုလည္း လွူဒါန္းခဲ့ပါေသးတယ္။

“အႏုပညာသမား အခ်င္းခ်င္း ကိုယ္ခ်င္းစာမိလို႔ ဒီေန႔မနက္မွာ သူ႔အခက္အခဲ သူ႔က်န္းမာေရး သူ႔ သားသမီးေလးေတြရဲ့ဘဝအားလုံး အတြက္ စဥ္းစားၿပီး ေဆးဝါး ကုသနိုင္ရန္ အလွူေငြက်ပ္ (6) သိန္း၊ အိမ္မွာ ပူေဇာ္နိုင္ရန္ ဘုရားတဆူ တို႔အျပင္

မေန႔က တရက္ ထည္းနဲ႔ လြယ္လြယ္ ကူကူ ေဈးေရာင္းနိုင္ဖို႔တြက္ လွည္း ၊ လိုအပ္တဲ့ အိမ္ေထာင္သုံးစားစရာ ၊ ကေလးေလးတြက္ မုန႔္ ၊ အ႐ုပ္ ေတြအျပင္ ေရာင္းခ်နိုင္ရန္အတြက္ ထိုင္းနိုင္ငံမွ တိုက္ရိုက္ တင္သြင္းေသာ အကင္စုံတို႔ကို သြားေရာက္လွူဒါန္းေပးခဲ့ပါတယ္ရွင္” ဆိုၿပီး

သူမရဲ့ ေဖ့စ္ဘြတ္မွာ ေမလ(၁၃) ရက္ေန႔က ေရးသားထားပါတယ္။ ႏြယ္နီရဲ့ ဝမ္းသာမ်က္ရည္ေတြကို ျမင္ရတာ သူမအတြက္ ပင္ပန္းတာေတြ ေပ်ာက္တဲ့အထိကို ၾကည္ႏူးပီတိျဖစ္ရတယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ ႏြယ္နီဟာ ကင္ဆာေရာဂါ အဆင့္(၃)ကို ခံစားေနရတယ္လို႔ သိရပါတယ္။

ပရဟိတအလုပ္ေတြ ၊ ကုသိုလ္ေရးေတြမွာ လက္မေႏွးတဲ့ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့ ဆင္းရဲသားျပည္သူေတြကိုလည္း တစ္ဖက္ တစ္လမ္းက ကူညီေစာင့္ေရွာက္ တတ္သလို ဘုရား ၊ တရားကိုလည္း မေမ့မေလၽွာ့ ေဆာင္ရြက္တတ္သူတစ္ဦးပါ။

ဘာသာေရး ၊ သာသနာေရး ေတြလည္း အဆက္မျပတ္ေဆာင္ရြက္ေလ့ရွိပါတယ္။ အဲဒီေနာက္ ထိုင္းနိုင္ငံ ၊ ခိုလၿမိဳ႕မွာရွိတဲ့ ခိုင္ႏွင္းေဝ ပရဟိတအသင္းသားေတြနဲ႔ အတူတူ ပရဟိတအလုပ္ေတြနဲ႔ အတူတူမၾကာခဏ အလွူအတန္း ေတြသြားေရာက္ လုပ္ကိုင္ေဆာင္ရြက္ေပးျဖစ္တယ္လို႔ သိရပါတယ္။

Unicode

ခိုင်နှင်းဝေက ဇာတ်ပို့ သရုပ်ဆောင် နွယ်နီရဲ့ သတင်းကြားကြားချင်း လိုအပ်တာတွေ သွားရောက်ကူညီပေးခဲ့တာပါ။ အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ပါတဲ့။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့(မေလ၁၃ရက်)မှာ ဇာတ်ပို့သရုပ်ဆောင် နွယ်နီဆီသို့ သွားရောက်ခဲ့ပြီး လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ်။ သူမဟာ နွယ်နီရဲ့ သတင်းကြားကြားချင်း သွားရောက်ခဲ့တာဖြစ်ပြီး

နွယ်နီရဲ့ အခက်အခဲ၊ ကျန်းမာရေးနဲ့ သားသမီးလေးတွေရဲ့ ဘဝ အားလုံးအတွက် စဉ်းစားပြီး ဆေးဝါးကုသနိုင်ရန် အလှူငွေ (၆)သိန်း လှူဒါန်းခဲ့သလို လွယ်လွယ်ကူကူ ဈေးရောင်းနိုင်ဖို့အတွက် ဈေးရောင်းလှည်းကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

“အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့မနက်မှာ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့ သားသမီးလေးတွေရဲ့ဘဝအားလုံး အတွက် စဉ်းစားပြီး ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် (6) သိန်း၊ အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူ တို့အပြင်

မနေ့က တရက် ထည်းနဲ့ လွယ်လွယ် ကူကူ ဈေးရောင်းနိုင်ဖို့တွက် လှည်း ၊ လိုအပ်တဲ့ အိမ်ထောင်သုံးစားစရာ ၊ ကလေးလေးတွက် မုန့် ၊ အရုပ် တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်” ဆိုပြီး

သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၃) ရက်နေ့က ရေးသားထားပါတယ်။ နွယ်နီရဲ့ ဝမ်းသာမျက်ရည်တွေကို မြင်ရတာ သူမအတွက် ပင်ပန်းတာတွေ ပျောက်တဲ့အထိကို ကြည်နူးပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် နွယ်နီဟာ ကင်ဆာရောဂါ အဆင့်(၃)ကို ခံစားနေရတယ်လို့ သိရပါတယ်။

ပရဟိတအလုပ်တွေ ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား ၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ဘာသာရေး ၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ၊ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *