ေကာင္းလိုက္ မေကာင္းလိုက္ျဖစ္ေနတဲ့ အစၥဏီရဲ့ က်န္းမာေရးအေျခအေန

တစ္ႏွစ္ေက်ာ္အၾကာ အမွုရင္ဆိုင္ေနရတဲ့ အဆိုေတာ္ အစၥဏီ ကေတာ့ ႏွလုံးေရာဂါအေျခအေန ေကာင္းလိုက္ မေကာင္းလိုက္ျဖစ္ေနတယ္လို႔ သူ႔ရဲ့ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မွု နဲ႔ တရားစြဲဆိုခဲ့ထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႔(ေမလ ၁၃) ရက္ေန႔က တာေမြတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့တပါတယ္။

တစ္ႏွစ္ေက်ာ္ၾကာ အမွု ရင္ဆိုင္ေနရတဲ့ အဆိုေတာ္ အစၥဏီ ရဲ့ က်န္းမာေရးအေျခအေနဟာ စိုးရိမ္ရမယ့္ အေနအထားမဟုတ္ေပမယ့္ ေကာင္းလိုက္ မေကာင္းလိုက္ျဖစ္ေနတယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ အစၥဏီရဲ့ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာျပခဲ့ပါတယ္။

‘’က်န္းမာေရးကေတာ့ အရင္ကလို ပုံမွန္ေတာ့ ဘယ္ဟုတ္မလဲ။ တစ္ႏွစ္ေက်ာ္တဲ့ကာလ အမွုလည္းျဖစ္တယ္။ နဂိုကတည္းက ႏွလုံးေရာဂါ အခံေလးကလည္း ျပန္ေကာင္းလိုက္ ျပန္ဆိုးလိုက္ အဲဒီလိုေလးပဲ ျဖစ္ေနတာပါ။

က်န္တဲ့ေရာဂါေတြကေတာ့ ဆရာလည္း အလုပ္ေတြ မ်ားေနတဲ့အတြက္ သူနဲ႔ မေတြ႕ခဲ့ရပါဘူး။ အခုဆို ေနာက္ပိုင္း အမွုေတြရွိေတာ့ ဆက္သြားဖိုု႔ေတြရွိေနမွာပါ’’ လို႔ သူကေျပာပါတယ္။

တရားလို စူးရွထက္ဘက္ကိုလည္း ညႇိႏွိုင္းေဆြးေႏြးမွုေတြရွိေနတယ္ဆိုတဲ့ သတင္းေတြအေပၚ အစၥဏီရဲ့ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ အခုလို ေျပာျပခဲ့ပါတယ္။

‘’ အဲဒါကေတာ့ ဆရာလည္း ေသခ်ာမသိဘူး ၊ ကာယံကံရွင္မဟုတ္ေတာ့။ ဒီအမွုနဲ႔ ပတ္သက္ၿပီး ဥပေဒနဲ႔အညီ ေပၚထြန္းဖို႔အတြက္ ေဆာင္ရြက္ေပးဖို႔တာဝန္ရွိတယ္။ ဥပေဒနဲ႔ပဲ ေဆာင္ရြက္ေပးတယ္။

က်န္တဲ့ ကိစၥေတာ့ ဆရာ့ အေနနဲ႔ ေထြေထြထူးထူး မသိပါဘူး။ တရား႐ုံးေတြကလည္း ဥပေဒနဲ႔အညီလုပ္ေပးတာျဖစ္လို႔ ျမန္ေနတာပါပဲ။ ျမန္မွာပါ’’ လို႔ သူကဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ေမလ ၁၃ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ႐ုံးခ်ိန္းမွာလည္း တရားလိုဘက္က တက္ေရာက္လာျခင္း မရွိတာေၾကာင့္ ၂၀၁၉ ခုႏွစ္ ေမလ ၂၀ ရက္ေန႔မွာ ျပန္လည္ ခ်ိန္းဆိုခဲ့ပါတယ္။

အဲဒီေန႔မွာေတာ့ တရားလိုဘက္က တက္ေရာက္လာမယ္ဆိုပါက စစ္ေဆးမွုေတြ ျပဳလုပ္သြားမယ္လို႔ ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။ အဆိုေတာ္အစၥဏီကို တာေမြၿမိဳ႕မရဲစခန္းကေန

(ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမွု၊ တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမွု၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမွုတိုနဲ႔ အမွုဖြင့္အေရးယူခဲ့ၿပီး ေမလ (၁၀) ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

Unicode

တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီ ကတော့ နှလုံးရောဂါအခြေအနေ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှု နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(မေလ ၁၃) ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တပါတယ်။

တစ်နှစ်ကျော်ကြာ အမှု ရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီ ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရမယ့် အနေအထားမဟုတ်ပေမယ့် ကောင်းလိုက် မကောင်းလိုက်ဖြစ်နေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပြခဲ့ပါတယ်။

‘’ကျန်းမာရေးကတော့ အရင်ကလို ပုံမှန်တော့ ဘယ်ဟုတ်မလဲ။ တစ်နှစ်ကျော်တဲ့ကာလ အမှုလည်းဖြစ်တယ်။ နဂိုကတည်းက နှလုံးရောဂါ အခံလေးကလည်း ပြန်ကောင်းလိုက် ပြန်ဆိုးလိုက် အဲဒီလိုလေးပဲ ဖြစ်နေတာပါ။

ကျန်တဲ့ရောဂါတွေကတော့ ဆရာလည်း အလုပ်တွေ များနေတဲ့အတွက် သူနဲ့ မတွေ့ခဲ့ရပါဘူး။ အခုဆို နောက်ပိုင်း အမှုတွေရှိတော့ ဆက်သွားဖိုု့တွေရှိနေမှာပါ’’ လို့ သူကပြောပါတယ်။

တရားလို စူးရှထက်ဘက်ကိုလည်း ညှိနှိုင်းဆွေးနွေးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက မီဒီယာ အင်တာဗျူးတွေကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

‘’ အဲဒါကတော့ ဆရာလည်း သေချာမသိဘူး ၊ ကာယံကံရှင်မဟုတ်တော့။ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ပေါ်ထွန်းဖို့အတွက် ဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲ ဆောင်ရွက်ပေးတယ်။

ကျန်တဲ့ ကိစ္စတော့ ဆရာ့ အနေနဲ့ ထွေထွေထူးထူး မသိပါဘူး။ တရားရုံးတွေကလည်း ဥပဒေနဲ့အညီလုပ်ပေးတာဖြစ်လို့ မြန်နေတာပါပဲ။ မြန်မှာပါ’’ လို့ သူကဆိုပါတယ်။

၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာလည်း တရားလိုဘက်က တက်ရောက်လာခြင်း မရှိတာကြောင့် ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

အဲဒီနေ့မှာတော့ တရားလိုဘက်က တက်ရောက်လာမယ်ဆိုပါက စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ

(ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ (၁၀) ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *