ေမလ ၂၁ ရက္ေန႔က်ရင္ သီလရွင္ဝတ္ေတာ့မယ့္ ပိုပို

ပိုပိုဟာ သူမရဲ့ အႏုပညာအလုပ္က ရတဲ့ ေငြေၾကးေတြနဲ႔ သီလရွင္မဝတ္နိုင္တဲ့ မိန္းကေလးေတြကိုလည္း သီလရွင္ ဝတ္ေပးမွာျဖစ္သလို သူမကိုယ္တိုင္လည္း သီလရွင္ဝတ္မွာျဖစ္ပါတယ္။ ေမလ ၂၁ ရက္ေန႔ စစ္ကိုင္းမွာ ဝတ္မွာပါတဲ့။

ပိုပိုက ေမလ ၂၁ ရက္ေန႔က်ရင္ စစ္ကိုင္းဘက္မွာ သီလရွင္ဝတ္မယ္လို႔ သိရပါတယ္။ ဒီလို အခ်ိန္မွာ သူမအတြက္ သတိအရဆုံးအခ်ိန္ကေတာ့ အဘြားပါပဲတဲ့။

‘’ဘယ္သူကိုမွ ဒုကၡ မေပးခ်င္ပါဘူး။ဒါေပမဲ့ ဆံခ် သီလရွင္ ဝတ္မယ့္ ေန႔မွာေတာ့ ကိုယ္ အရမ္း အားကိုးၿပီး ခ်စ္ရတဲ့ သူတခ်ိဳ႕ ရွိေစခ်င္တာပဲ ၿပီးရင္ ငိုမိမလားမသိဘူး။ အဘြားကိုလြမ္းတယ္’’ဆိုၿပီးေတာ့ ေမလ ၁၄ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

အဲဒီေနာက္ အႏုပညာညီအစ္ကို ေမာင္ႏွမေတြကလည္း ဘယ္ေန႔ဝတ္မွာလဲ၊ ဘယ္ေနရာလဲလို႔ Comment ကေနတဆင့္ ေမးခဲ့တာေၾကာင့္ ၂၁ ရက္ေန႔ စစ္ကိုင္းမွာ ဝတ္မယ္လို႔ ပိုပိုက ျပန္လည္ေျဖဆိုထားတာ ေတြ႕ရပါတယ္။

သူမဟာ အလွူအတန္းနဲ႔ ပတ္သက္လာရင္ အားႀကိဳးမာန္တက္ ကူညီေဆာင္ရြက္တတ္သူ တစ္ဦးပါ။ မၾကာခဏ ဆိုသလိုလည္း အဖြဲ႕လိုက္ျဖစ္ေစ၊ သူမ တစ္ဦးတည္းျဖစ္ေစ၊ အလွူအတန္းေတြ လုပ္ေနတတ္တာကို ေတြ႕ရပါတယ္။

ပိုပိုဟာ သူမရဲ့ အႏုပညာေၾကးထဲက ရတဲ့ ေငြေၾကးနဲ႔ သီလရွင္ဝတ္မွာျဖစ္ၿပီး သီလရွင္ ဝတ္ခ်င္ၾကတဲ့ မိန္းကေလးေတြရွိရင္လည္း သူမကဝတ္ေပးဦးမယ္လို႔ ဆိုပါတယ္။

‘’ ဒီရက္ပိုင္း သီခ်င္းဆိုလို႔ ရတဲ့ ပိုက္ဆံမဟုတ္ပဲ ေတးေရး အေနနဲ႔ တျခား fb ေၾကာ္ျငာ ေလးေတြ ဆီက ရတဲ့ ပိုက္ဆံကို မသုံးပဲ မယ္သီလရွင္ ဝတ္ရင္ လွူပါမယ္။ ေနာက္ၿပီး ပိုပိုနဲ႔ အတူ မယ္သီလရွင္ ဝတ္ခ်င္သူမ်ားကိုလည္း ဒါယကာမ ျပဳလုပ္ကာ ကုသိုလ္ျပဳပါမယ္။

တကယ္ဝတ္ခ်င္သူမ်ား Chat Box မွာ လာဆက္သြယ္နိုင္ပါတယ္။ ၅လပိုင္း ၁၇ သို႔မဟုတ္ ၁၈ ရက္ေန႔ မွာ စစ္ကိုင္းဘက္မွာ ဝတ္မွာပါ။ အနည္းဆုံး ၅ ရက္ ဝတ္နိုင္ရင္ အေကာင္းဆုံးပါပဲ’’ ဆိုၿပီးေတာ့ သူ႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။

ပိုပိုက ကိုယ္တိုင္သီခ်င္းေရးၿပီး ကိုယ္တိုင္ဆိုတတ္တဲ့ အဆိုရွင္တစ္ဦးျဖစ္ၿပီး သူမေရးတဲ့ အေဆြးသီခ်င္း ေတာ္ေတာ္မ်ားမ်ားဟာ ပရိသတ္ေတြၾကား ေရပန္းစားခဲ့သလို “မင္းကိုမခ်စ္လို႔မဟုတ္ဘူး” ဆိုတဲ့ သီခ်င္းဟာ

ပရိသတ္ေတြ အခုခ်ိန္ထိ ႀကိဳက္ႏွစ္သက္ အားေပးခဲ့တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းဟာလည္းသူမရဲ့ စိတ္ခံစားခ်က္ အျပည့္နဲ႔ဆိုထားတဲ့ သီခ်င္းေလးျဖစ္ပါတယ္။

သူမရဲ့ ပထမဆုံးတစ္ကိုယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမၽွ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့

MasterPiece တစ္ကိုယ္ေတာ္အေခြကို ေနာက္ဆုံးထြက္ရွိထားပါတယ္။ သူမဟာ မၾကာေသးခင္ကတည္း တတိယႏွစ္ ဥပေဒ စာေမးပြဲကို ေအာင္ျမင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Unicode

ပိုပိုဟာ သူမရဲ့ အနုပညာအလုပ်က ရတဲ့ ငွေကြေးတွေနဲ့ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေးတွေကိုလည်း သီလရှင် ဝတ်ပေးမှာဖြစ်သလို သူမကိုယ်တိုင်လည်း သီလရှင်ဝတ်မှာဖြစ်ပါတယ်။ မေလ ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မှာပါတဲ့။

ပိုပိုက မေလ ၂၁ ရက်နေ့ကျရင် စစ်ကိုင်းဘက်မှာ သီလရှင်ဝတ်မယ်လို့ သိရပါတယ်။ ဒီလို အချိန်မှာ သူမအတွက် သတိအရဆုံးအချိန်ကတော့ အဘွားပါပဲတဲ့။

‘’ဘယ်သူကိုမှ ဒုက္ခ မပေးချင်ပါဘူး။ဒါပေမဲ့ ဆံချ သီလရှင် ဝတ်မယ့် နေ့မှာတော့ ကိုယ် အရမ်း အားကိုးပြီး ချစ်ရတဲ့ သူတချို့ ရှိစေချင်တာပဲ ပြီးရင် ငိုမိမလားမသိဘူး။ အဘွားကိုလွမ်းတယ်’’ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် အနုပညာညီအစ်ကို မောင်နှမတွေကလည်း ဘယ်နေ့ဝတ်မှာလဲ၊ ဘယ်နေရာလဲလို့ Comment ကနေတဆင့် မေးခဲ့တာကြောင့် ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မယ်လို့ ပိုပိုက ပြန်လည်ဖြေဆိုထားတာ တွေ့ရပါတယ်။

သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် အားကြိုးမာန်တက် ကူညီဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အဖွဲ့လိုက်ဖြစ်စေ၊ သူမ တစ်ဦးတည်းဖြစ်စေ၊ အလှူအတန်းတွေ လုပ်နေတတ်တာကို တွေ့ရပါတယ်။

ပိုပိုဟာ သူမရဲ့ အနုပညာကြေးထဲက ရတဲ့ ငွေကြေးနဲ့ သီလရှင်ဝတ်မှာဖြစ်ပြီး သီလရှင် ဝတ်ချင်ကြတဲ့ မိန်းကလေးတွေရှိရင်လည်း သူမကဝတ်ပေးဦးမယ်လို့ ဆိုပါတယ်။

‘’ ဒီရက်ပိုင်း သီချင်းဆိုလို့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ တေးရေး အနေနဲ့ တခြား fb ကြော်ငြာ လေးတွေ ဆီက ရတဲ့ ပိုက်ဆံကို မသုံးပဲ မယ်သီလရှင် ဝတ်ရင် လှူပါမယ်။ နောက်ပြီး ပိုပိုနဲ့ အတူ မယ်သီလရှင် ဝတ်ချင်သူများကိုလည်း ဒါယကာမ ပြုလုပ်ကာ ကုသိုလ်ပြုပါမယ်။

တကယ်ဝတ်ချင်သူများ Chat Box မှာ လာဆက်သွယ်နိုင်ပါတယ်။ ၅လပိုင်း ၁၇ သို့မဟုတ် ၁၈ ရက်နေ့ မှာ စစ်ကိုင်းဘက်မှာ ဝတ်မှာပါ။ အနည်းဆုံး ၅ ရက် ဝတ်နိုင်ရင် အကောင်းဆုံးပါပဲ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

ပိုပိုက ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို “မင်းကိုမချစ်လို့မဟုတ်ဘူး” ဆိုတဲ့ သီချင်းဟာ

ပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက် အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့

MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *