နိုင်ငံခြားက နိုင်ငံကျော်မင်းသားကြီးတွေနဲ့ ရုပ်ရှင်ရိုက်ချင်တဲ့ ချစ်စဇနီးလေးကို ချစ်စဖွယ်လေး တုန့်ပြန်စနောက်လိုက်တဲ့ ဇဏ်ခီ








Unicode

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူအသည်းကျော် အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ သရုပ်ဆောင်မင်းသားဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားတို့ ဇနီးမောင်နှံစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေကို လက်တွဲညီညီအတူ ကြိုးစားလုပ်ဆောင်နေကြတဲ့ ခီမောင်နှံကတော့ လေးစားစရာ အနုပညာရှင်စိတ်သဘောထားတွေကလည်း အပြည့်အဝပဲမို့ ပြည်သူ့အကယ်ဒမီဆုကို ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်နော်..။

တစ်ယောက်ကိုတစ်ယောက် နားလည်ချစ်ခင်မှုလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုငသ်တည်ဆောက်နေကြတဲ့ သူတို့စုံတွဲလေးဟာ တစ်ယောက်ကိုတစ်ယောက် ချစ်စနိုးလေးတွေနဲ့လည်း စနောက်ရင် ဘဝအမောလေးတွေလည်း ဖြေတတ်ကြပါသေးတယ်..။

အခုတစ်ခါမှာလည်း နိုင်ငံခြားက နိုင်ငံကျော်မင်းသားကြီးတွေနဲ့အတူ ရုပ်ရှင်ရိုက်ချင်ဆိုတဲ့ ချစ်ဇနီးလေးကို ချစ်စဖွယ်လေး တုန့်ပြန်စနောက်လိုက်တာကလည်း ပရိသတ်တွေအားလုံးကို သဘောကျအချစ်ပိုစေကြတာလည်း တွေ့ရပါတယ်..။

“မင်းသားဆို ကိုဇဏ်ခီအပြင် တခြားမရိုက်ဘူးလားမေးကြတယ်နော်….ရိုက်ချင်တာပေါ့လို့….အပေါ်ဆုံးတန်းက 38 လေး ၂ယောက်ထဲက တယောက်လောက် နဲ့ရိုက်ရရင်ဘယ်လောက်ကောင်းမလဲ!!!

အိမ်က 38 လေး ဒီပို့စ်ကို မမြင်ပါစေနဲ့ကွယ်…” ဆိုပြီး ခရစ္စတီနားခီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာ ဖြစ်ပါတယ်..။

ခရစ္စတီးနားခီရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ဇဏ်ခီကလည်း Scarlett Johansson နဲ့ တွဲရိုက်ဖို့ စီစဉ်ပေးဖို့အတွက် ချစ်ဇနီးလေးကို ချစ်စဖွယ်လေး ပြန်လည်စနောက် တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ်နော်..။

Leave a Reply

Your email address will not be published. Required fields are marked *