“ဟစ္တိုင္” ရုပ္ရွင္ဇာတ္ကားျကီးမွ ‘ေဒါင္းနီ’ ဇာတ္႐ုပ္အတြက္ အျပင္းအထန္ႀကိဳးစားခဲ့တဲ့ ရိုက္ကြင္းပုံရိပ္ေတြကို ခ်ျပလိုက္တဲ့ အိျႏၵာေက်ာ္ဇင္

ထပ္ဆင့္အကယ္ဒမီ အိျႏၵာေက်ာ္ဇင္တစ္ေယာက္ အႏုပညာသက္တမ္းဟာလည္း အေတာ္ေလးၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း ပရိသတ္ေတြရဲ့ သည္းသည္း လွုပ္အားေပးမွုကို အျပည့္အဝရရွိထားသူတစ္ေယာက္ျဖစ္ပါတယ္။

ေပ်ာ္စရာေကာင္းတဲ့မိသားစုဘဝကို ထပ္ဆင့္ အကယ္ဒမီေျပတီဦးနဲ႔အတူ တည္ေဆာက္ထားၿပီး ခ်စ္စရာေကာင္းတဲ့ သားနဲ႔သမီးကိုလည္း သူမက ပိုင္ဆိုင္ထားပါေသးတယ္။ အသက္ ေလးဆယ္ေက်ာ္လို႔ ထင္ရက္စရာမရွိတဲ့ ႏုပ်ိဳမွုေတြကေတာ့ အံ့မခန္းပါပဲ။

က်ရာဇာတ္႐ုပ္တိုင္းမွာ သ႑ာန္လုပ္သ႐ုပ္တူခဲ့တဲ့ ျမန္မာဒိတ္ဒိတ္ၾကဲမင္းသမီး တစ္လက္လည္း ျဖစ္သလို သူမရဲ့သ႐ုပ္ေဆာင္ခ်က္တိုင္းဟာ ၾကည့္ရွုသူတိုင္းရဲ့ ရင္ထဲ ကို ခံစားခ်က္ေတြ အျပည့္အဝ ေရာက္ရွိသြားေအာင္ ပီျပင္ပိုင္နိုင္လြန္းသူ တစ္ေယာက္ ပါပဲ။

ဖက္ရွင္ဘုရင္မလို႔ အားလုံးကတင္စား ေခၚေဝၚရေလာက္ေအာင္ ေခတ္နဲ႔အညီ ဝတ္စားဆင္ယင္ၿပီး အျပတ္လန္းေနပုံက ဆယ္ေက်ာ္သက္ ေတြနဲ႔ေတာင္ အသာေလး ယွဥ္လို႔ရေလာက္ပါရဲ့။

လာမယ့္ ေမလ (၁၆) ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မယ့္ ” ဟစ္တိုင္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ႐ုံတင္ ျပသေတာ့မွာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ သူမက အိျႏၵာေက်ာ္ဇင္ ဆိုတဲ့ ပုံစံေပ်ာက္ၿပီး ေဒါင္းနီအျဖစ္ လုံးလုံးလ်ားလ်ား သ႐ုပ္ေဖာ္သြားပုံကို ပရိသတ္ႀကီး ျမင္ေတြ႕ရမွာပါ။

သူမရဲ့ရိုက္ကြင္းေပၚက အမွတ္တရပုံရိပ္ေတြကို ” ေဒါင္းနီ ျဖစ္ဖို႔ အတြက္ အေကာင္းဆုံးႀကိဳးစားထားပါတယ္ ေမလ( ၁၆ ) ရက္ေန႔ ကစၿပီး ျမန္မာ နဲ႔ စင္ကာပူမွာ တၿပိဳင္နက္တည္း ႐ုံတင္ျပသေပးသြားေတာ့မွာမို႔ ၾကည့္ရွုအားေပး ေဝဖန္ေပးၾကပါဦးေနာ္ ” ဆိုၿပီး တင္ထားတာမို႔ ျပန္လည္တင္ဆက္ေပးလိုက္တယ္ ေနာ္။

Unicode

ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်တစ်ယောက် အနုပညာသက်တမ်းဟာလည်း အတော်လေးကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ သည်းသည်း လှုပ်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ပျော်စရာကောင်းတဲ့မိသားစုဘဝကို ထပ်ဆင့် အကယ်ဒမီပြေတီဦးနဲ့အတူ တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုလည်း သူမက ပိုင်ဆိုင်ထားပါသေးတယ်။ အသက် လေးဆယ်ကျော်လို့ ထင်ရက်စရာမရှိတဲ့ နုပျိုမှုတွေကတော့ အံ့မခန်းပါပဲ။

ကျရာဇာတ်ရုပ်တိုင်းမှာ သဏ္ဍာန်လုပ်သရုပ်တူခဲ့တဲ့ မြန်မာဒိတ်ဒိတ်ကြဲမင်းသမီး တစ်လက်လည်း ဖြစ်သလို သူမရဲ့သရုပ်ဆောင်ချက်တိုင်းဟာ ကြည့်ရှုသူတိုင်းရဲ့ ရင်ထဲ ကို ခံစားချက်တွေ အပြည့်အဝ ရောက်ရှိသွားအောင် ပီပြင်ပိုင်နိုင်လွန်းသူ တစ်ယောက် ပါပဲ။

ဖက်ရှင်ဘုရင်မလို့ အားလုံးကတင်စား ခေါ်ဝေါ်ရလောက်အောင် ခေတ်နဲ့အညီ ဝတ်စားဆင်ယင်ပြီး အပြတ်လန်းနေပုံက ဆယ်ကျော်သက် တွေနဲ့တောင် အသာလေး ယှဉ်လို့ရလောက်ပါရဲ့။

လာမယ့် မေလ (၁၆) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ” ဟစ်တိုင် ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင် ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူမက အိန္ဒြာကျော်ဇင် ဆိုတဲ့ ပုံစံပျောက်ပြီး ဒေါင်းနီအဖြစ် လုံးလုံးလျားလျား သရုပ်ဖော်သွားပုံကို ပရိသတ်ကြီး မြင်တွေ့ရမှာပါ။

သူမရဲ့ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို ” ဒေါင်းနီ ဖြစ်ဖို့ အတွက် အကောင်းဆုံးကြိုးစားထားပါတယ် မေလ( ၁၆ ) ရက်နေ့ ကစပြီး မြန်မာ နဲ့ စင်ကာပူမှာ တပြိုင်နက်တည်း ရုံတင်ပြသပေးသွားတော့မှာမို့ ကြည့်ရှုအားပေး ဝေဖန်ပေးကြပါဦးနော် ” ဆိုပြီး တင်ထားတာမို့ ပြန်လည်တင်ဆက်ပေးလိုက်တယ် နော်။

Leave a Reply

Your email address will not be published. Required fields are marked *