အမွှာအကိုကို ပထမဆုံးအကြိမ်အဖြစ် ပရိသတ်တွေနဲ့မိတ်ဆက်ပေးလိုက်တဲ့ ဖွေးဖွေး







Unicode

ထပ်ဆင့်အကယ်ဒမီဖွေးဖွေးတစ်ယောက် သူမရဲ့ပုံရိပ်လေးတစ်ခုကို အမျိုးသားတစ်ယောက်ပုံစံတူ Photoshop ပြုလုပ်ပြီး သူမရဲ့အမွှာအကိုဆိုပြီး ပရိသတ်တွေကို စနောက်လိုက်တာပဲဖြစ်ပါတယ်။

ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့ ဖွေးစိန်လေးကတော့ အစအနောက်လည်းသန်ပါသေးတယ်။ အသက်သုံးဆယ်လို့ လုံးဝ ထင်ရက်စရာမရှိအောင် နုပျိုလွန်းတဲ့ ချစ်စရာလုံးမေပျိုလေးပါပဲ။

အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်ကျော်ကြာမြင့်ခဲ့ပြီး အကယ်ဒမီဆုကြီး သုံးဆုထိဆွတ်ခူးထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး

သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အင်အားကတော့ တော်တော်လေးကို များပြားလွန်းပါတယ်။ နယ်တွေမှာ ရိုက်ကူးရေးသွားလုပ်တိုင်းလည်း သူမကိုချစ်ခင်သမှုနဲ့ မုန့်တွေအများကြီးကျွေးကြပါသေးတယ်။

ဖွေးစိန်တစ်ယောက် ပရိသတ်တွေကိုစနောက်ခဲ့ပေမယ့် ပရိသတ်တွေကတော့ တော်တော်လေးကို သိနေပါပြီ။ ပြုပြင်ထားတဲ့ပုံဟာ နှုတ်ခမ်းမွှေးတွေထည့်ထားပြီး ဆံပင်ကိုလည်းအတိုပုံစံပြောင်းထားပေမယ့် ဒါဟာဖွေးဆိုတာ အားလုံးကသိနေကြတာပဲဖြစ်ပါတယ်။ ဒီပုံလေးကိုဖွေးစိန်တစ်ယောက် ” သားရီးတို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *