ရုပ္ရွင္မင္းသမီးလည္း ေနပူထဲမွာအလုပ္လုပ္တဲ့ အလုပ္သမားလိုပါပဲဆိုတဲ့ ခိုင္သင္းၾကည္

ခိုင္သင္းၾကည္တစ္ေယာက္ အရမ္းကို ဝါသနာႀကီးလြန္းတဲ့ အႏုပညာအလုပ္ကို လုပ္ရတဲ့အခါမွာ ေနပူထဲမွာလုပ္ေနရတဲ့ အလုပ္သမားတစ္ေယာက္လိုပဲလို႔ ဆိုပါတယ္။ သူမဟာ ဒီအလုပ္ကို ဝါသနာႀကီးလြန္းလို႔ လုပ္ခဲ့တာလို႔ေျပာပါတယ္။

အႏုပညာအလုပ္ကို စီးပြားေရးအျဖစ္ လုပ္တာမဟုတ္ဘူးလို႔လည္း ခိုင္သင္းၾကည္က ေျပာပါတယ္။ သူ႔ရဲ့ ႀကိဳးစားမွုေၾကာင့္ အခုလို ေအာင္ျမင္လာတာျဖစ္တယ္လို႔ မီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။

‘’အႏုပညာအလုပ္လုပ္တယ္ဆိုတာေလ လုံးဝ ဝါသနာပါလို႔လုပ္တာ။ သူမ်ားေတြဆို ေအာင္ျမင္ခ်င္လို႔၊ နာမည္ႀကီးခ်င္လို႔ စီးပြားေရးအရလုပ္တာရွိတယ္။ မခိုင္က စီးပြားေရးအရ လုပ္တာလည္းမဟုတ္ဘူး။

ကိုယ့္ဘာသာကိုယ္ အရမ္းဝါသနာပါရင္းကေနၿပီးေတာ့ Professional လိုင္းျဖစ္သြားေတာ့ ဒီဟာကို စီးပြားေရးတစ္ရပ္ အေနနဲ႔ျဖစ္သြားတာ’’ လို႔ သူကဆိုပါတယ္။

သူမဟာ မင္းသမီးျဖစ္မွ ေနပူက်ဲတဲမွာလည္း အလုပ္လုပ္ရတဲ့ အလုပ္သမားတစ္ေယာက္လို ျဖစ္ေနၿပီလို႔ဆိုပါတယ္။ နယ္ေတြမွာ ဇာတ္ကားရိုက္ရတဲ့အခ်ိန္ အမွတ္တရေတြကိုလည္း မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။

‘’မခိုင္တို႔ မင္းသမီးေတြက်ေတာ့ နယ္ေတြထြက္ရတဲ့ အခါက်ေတာ့ ေတာေတြ၊ ဘာေတြမွာ သြားရိုက္ရတဲ့အခါ အိမ္သာေတြဘာေတြ အဆင္မေျပတာေတြလည္းရွိတာေပါ့။ အဆင္မေျပတာေပါ့ေနာ္။

တကယ္ေတာ့ မင္းသမီးေတြလည္း ေနပူထဲမွာ လုပ္ေနတဲ့အလုပ္သမားေတြနဲ႔ မထူးပါဘူး၊ မကြာပါဘူး။ တစ္ခါတေလ Spa ေတြဘာေတြ သြားလို႔ရွိရင္ ဟယ္.. သမီးတို႔ကမွ ေခါင္းေတြေလၽွာ္၊ လက္သည္းေတြညႇပ္ေပးေပါ့။

သမီးတို႔ကမွ aircon ေလးနဲ႔ ဇိမ္ေလးေနရေသးတယ္။ မမတို႔က ေနပူက်ဲတဲႀကီးထဲမွာ ေနပူလွမ္းၿပီးေတာ့ လုပ္ေနရတာ ေနပူထဲမွာ အလုပ္လုပ္ေနရတဲ့ အလုပ္သမားေတြ ဆိုၿပီးေတာ့ သူတို႔ကိုေတာင္ စေနေသးတယ္’’ လို႔ သူကဆိုပါတယ္။

သ႐ုပ္ေဆာင္အလုပ္ဟာ ခိုင္သင္းၾကည္အတြက္ေတာ့ အရမ္းဝါသနာႀကီးလြန္းတဲ့ အလုပ္တစ္ခုုျဖစ္ပါတယ္။ ဇာတ္ကားသာရိုက္ေနရမယ္ဆို ေနပူလို႔ ပူမွန္းမသိေအာင္ပါပဲလို႔ ‘’ ဇာတ္လိုက္’’ ႐ုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

‘’ မခိုင္တို႔ေတြက ပူေနတယ္ဆို ဒီအတိုင္းထိုင္ေနဆို မေနနိုင္ဘူး။ ပူလိုက္တာ…ပူလိုက္တာ အဲဒီလို။ ရိုက္ေနလို႔ ပူေနတယ္ဆိုရင္ ဘာမွမေျပာဘူး ၿငိမ္ေနေရာ၊ ခံနိုင္တယ္။

ဒါ အလုပ္လုပ္ေနရတယ္ဆိုတဲ့ စိတ္ေပါ့ေနာ္။ ဒီအေပၚမွာ စီးေမ်ာေနတဲ့ စိတ္နဲ႔ ပူလို႔ ပူမွန္းလည္း မသိေတာ့ဘူး၊ အိုက္လို႔ အိုက္မွန္းလည္း မသိေတာ့ဘူး’’ လို႔ ဆိုပါတယ္။

ခိုင္သင္းၾကည္ဟာ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္သူ တစ္ဦးျဖစ္ၿပီ့ပရိသတ္မ်ားရဲ့ ခ်စ္ခင္အားေပးမွုကို ရရွိထားသူလည္း ျဖစ္ပါတယ္။၂၀၁၃ခုႏွစ္က စုန္းျပဴး ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔

အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ႐ုပ္ရွင္ဇာတ္ကား နဲ႔ ေကာင္းဆုံးအမ်ိဳး သမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Unicode

ခိုင်သင်းကြည်တစ်ယောက် အရမ်းကို ဝါသနာကြီးလွန်းတဲ့ အနုပညာအလုပ်ကို လုပ်ရတဲ့အခါမှာ နေပူထဲမှာလုပ်နေရတဲ့ အလုပ်သမားတစ်ယောက်လိုပဲလို့ ဆိုပါတယ်။ သူမဟာ ဒီအလုပ်ကို ဝါသနာကြီးလွန်းလို့ လုပ်ခဲ့တာလို့ပြောပါတယ်။

အနုပညာအလုပ်ကို စီးပွားရေးအဖြစ် လုပ်တာမဟုတ်ဘူးလို့လည်း ခိုင်သင်းကြည်က ပြောပါတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို အောင်မြင်လာတာဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အနုပညာအလုပ်လုပ်တယ်ဆိုတာလေ လုံးဝ ဝါသနာပါလို့လုပ်တာ။ သူများတွေဆို အောင်မြင်ချင်လို့၊ နာမည်ကြီးချင်လို့ စီးပွားရေးအရလုပ်တာရှိတယ်။ မခိုင်က စီးပွားရေးအရ လုပ်တာလည်းမဟုတ်ဘူး။

ကိုယ့်ဘာသာကိုယ် အရမ်းဝါသနာပါရင်းကနေပြီးတော့ Professional လိုင်းဖြစ်သွားတော့ ဒီဟာကို စီးပွားရေးတစ်ရပ် အနေနဲ့ဖြစ်သွားတာ’’ လို့ သူကဆိုပါတယ်။

သူမဟာ မင်းသမီးဖြစ်မှ နေပူကျဲတဲမှာလည်း အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ယောက်လို ဖြစ်နေပြီလို့ဆိုပါတယ်။ နယ်တွေမှာ ဇာတ်ကားရိုက်ရတဲ့အချိန် အမှတ်တရတွေကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

‘’မခိုင်တို့ မင်းသမီးတွေကျတော့ နယ်တွေထွက်ရတဲ့ အခါကျတော့ တောတွေ၊ ဘာတွေမှာ သွားရိုက်ရတဲ့အခါ အိမ်သာတွေဘာတွေ အဆင်မပြေတာတွေလည်းရှိတာပေါ့။ အဆင်မပြေတာပေါ့နော်။

တကယ်တော့ မင်းသမီးတွေလည်း နေပူထဲမှာ လုပ်နေတဲ့အလုပ်သမားတွေနဲ့ မထူးပါဘူး၊ မကွာပါဘူး။ တစ်ခါတလေ Spa တွေဘာတွေ သွားလို့ရှိရင် ဟယ်.. သမီးတို့ကမှ ခေါင်းတွေလျှော်၊ လက်သည်းတွေညှပ်ပေးပေါ့။

သမီးတို့ကမှ aircon လေးနဲ့ ဇိမ်လေးနေရသေးတယ်။ မမတို့က နေပူကျဲတဲကြီးထဲမှာ နေပူလှမ်းပြီးတော့ လုပ်နေရတာ နေပူထဲမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ ဆိုပြီးတော့ သူတို့ကိုတောင် စနေသေးတယ်’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင်အလုပ်ဟာ ခိုင်သင်းကြည်အတွက်တော့ အရမ်းဝါသနာကြီးလွန်းတဲ့ အလုပ်တစ်ခုုဖြစ်ပါတယ်။ ဇာတ်ကားသာရိုက်နေရမယ်ဆို နေပူလို့ ပူမှန်းမသိအောင်ပါပဲလို့ ‘’ ဇာတ်လိုက်’’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ မခိုင်တို့တွေက ပူနေတယ်ဆို ဒီအတိုင်းထိုင်နေဆို မနေနိုင်ဘူး။ ပူလိုက်တာ…ပူလိုက်တာ အဲဒီလို။ ရိုက်နေလို့ ပူနေတယ်ဆိုရင် ဘာမှမပြောဘူး ငြိမ်နေရော၊ ခံနိုင်တယ်။

ဒါ အလုပ်လုပ်နေရတယ်ဆိုတဲ့ စိတ်ပေါ့နော်။ ဒီအပေါ်မှာ စီးမျောနေတဲ့ စိတ်နဲ့ ပူလို့ ပူမှန်းလည်း မသိတော့ဘူး၊ အိုက်လို့ အိုက်မှန်းလည်း မသိတော့ဘူး’’ လို့ ဆိုပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီး နဲ့

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *