သူ့ ရဲ့ဝေယျာဝစ္စတွေကို ဖေဖေဘုဏ်းသိုက်က ကိုယ်တိုင် လုပ်ပေးတဲ့အခါ မျက်လွှာလေးချ ကျေနပ်နေတဲ့ မြမိုးဂင်္ဂါလေး









Unicode

ပရိသတ်ကြီးရေ…..အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ဘုဏ်းသိုက်ကတော့ ချစ်ရတဲ့သမီးလေး မြမိုးဂင်္ဂါအတွက်လည်း အစစအရာရာ ဂရုစိုက်ပေးနေပြီး သမီးလေးအတွက် ကြိုးစားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

မြမိုးဂင်္ဂါလေးကလည်း အရမ်းချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးပါနော်။ ဖေဖေဘုဏ်းသိုက်က အခုဆိုရင်သမီးလေးနဲ့အမှတ်တရတွေကို အောက်ပါအတိုင်းရေးသားထားပါတယ်နော်။

“သူ့ မေမေ နဲ့ အမေရိကား ကို လိုက်သွားတာ ဒီနေ့ဆို ၅ရက် ရှိပြီ..။ တစ်နေ့တာ သူ့ရဲ့ ဝေယျာဝစ္စတွေကို ကိုယ်တိုင် လုပ်ပေးတဲ့အခါ သူက မျက်လွှာလေးချ …ကျေနပ်နေတဲ့ မျက်နှာပေးနဲ့” ဒါမျိုးကျတော့ ချစ်တယ် ဟတ်လား ” ဆိုပြီး ပြုံးပြုံးကြီး လုပ်ပြီး မေးသေးတာ ..။

အခုလိုမျိုး သူ့ကို လွမ်းနေပြီဆိုတာ သိရင်လည်း ” ချစ်တော့ လွမ်းမှာပေါ့ ” တို့ ..” သမီးအကြောင်း တွေးရင် ပါပါးကချစ်တာကို မှတ်မိတာလား ..မချစ်တာကို မှတ်မိတာလား….” တို့

အဲ့ဒီလို ကိုယ်ပိုင်မေးခွန်းတွေ နဲ့ မြမိုးဂင်္ဂ ါက ပြုံးပြုံးကြီး လုပ်ပြီး မေးလိမ့်ဦးမယ် ..။အခုလည်းသူ့ ပါပါးက ဒီစာကို ပြုံးပြုံးကြီး လုပ်ပြီးရေးနေမိတယ် ..။” ဆိုပြီး သမီးလေးရဲ့တီတီတာတာစကားလေးတွေကို ပြန်လည်အမှတ်ရနေတာပါ။

ဘုဏ်းသိုက်ကတော့ အားလပ်ချိန်တွေဆို သမီးလေးကို ဆံပင်လေးတွေစည်းပေး သမီးလေးနဲ့ အတူတူအဖော်ပြုပြီး အတူတူကစားပေးနေတာပါ။

သမီးလေးကလည်း ချစ်စရာအပြုအမူလေးတွေနဲ့ ချွဲတတ်လို့ ဘုဏ်းသိုက်တို့သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *