ေလလြင့္ေခြးေဂဟာေလးမွာ ကင္ဆာျဖစ္ေနတဲ့ အိမ္ကေခြးေလးကိုအေၾကာင္းျပဳၿပီး အလွဳျပဳျဖစ္ခဲ့တဲ့ မေအးေသာင္း

ျပည္သူခ်စ္ သ႐ုပ္ေဆာင္ မေအးေသာင္းကေတာ့ ကိုယ္လုံးကိုယ္ေပါက္လွၿပီး ေခ်ာေမာလွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

႐ုပ္ရွင္ဇာတ္ကားႀကီးေတြ နဲ႔ ဇာတ္လမ္းတြဲေတြ ပိုမိုရိုက္ကူးလာတဲ့ မေအးေသာင္းက ပရိသတ္ေတြၾကားမွာ တစ္ဖန္ျပန္လည္ ေရပန္းစားေအာင္ျမင္လာတာ ျဖစ္ပါတယ္။

စိတ္သေဘာမေနာေကာင္းတဲ့ မေအးေသာင္းက အခုလည္း ထူးျခားမြန္ျမတ္တဲ့ အလွူေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ မေအးေသာင္းက ေလလြင့္ေခြးေလးေတြကို ကယ္ဆယ္ထားတဲ့ေနရာေလးကို သြားေရာက္ၿပီး အစာနဲ႔မုန႔္ေတြ သြားေရာက္လွူဒါန္းခဲ့တာ ျဖစ္ပါတယ္။

အခုလို အလွူျပဳျဖစ္ခဲ့ပုံကိုေတာ့ မေအးေသာင္းက ” ေရႊေရာင္ႏွလုံးသားမွာ လွူျဖစ္ဖို႔အေၾကာင္းအရင္း ျဖစ္လာတာက အိမ္က ကီကီေလးေၾကာင့္ျဖစ္လာရတာပါ။ ကီကီဆိုတာဂအိမ္မွာေမြးထားတာ ၁၃ ႏွစ္ေက်ာ္ေနပါၿပီ။

အခုကီကီေလးက ပါးေဇာင္ကင္ဆာျဖစ္ေနတာ။ ပါးမွာအက်ိတ္ျဖစ္ေနတာေပါ့။ အစာစားရင္ အက်ိတ္ကပိုႀကီးလာတယ္။ သူ႔အနာကလည္း အစာေတာင္းတယ္တဲ့။

အခုဆို ဒီ၁၅ ရက္အတြင္း ေမ့ေဆးေပးၿပီးခြဲရတာ ၂ ခါရွိပါၿပီ။ အေမႊးေတြလည္းအကုန္ရိတ္ထားရပါတယ္။ ကိုယ္နဲ႔က တအားႀကီးလုံးမေနေပမဲ့

ကိုယ္ေနမေကာင္းတဲ့အခါ ကိုယ့္ကုတင္နားကမခြာပဲေစာင့္ေပးတာ ကိုယ္ခရီးကျပန္ရင္ ေပ်ာ္ရႊင္ၿပီး အေျပးအလႊားထြက္ႀကိဳတတ္တာ (အခုေတာ့သူမထနိုင္ေတာ့ဘူး) ”

“ကိုယ္ဘာလုပ္လုပ္ မ်က္လုံးအဝိုင္းသားနဲ႔အျမဲေငးၾကည့္တာ ကိုယ့္အေပၚသစၥာသိပ္ရွိတာေတြက ဒီ ၁၃ ႏွစ္ေက်ာ္အတြင္း သံေယာဇဥ္အႀကီးႀကီး ျဖစ္မွန္းမသိျဖစ္ရတာပါပဲ။

လူေတြအေၾကာင္းသိေလ ေခြးေလးေတြ နဲ႔ သဘာဝပါတ္ဝန္းက်င္ကို ပိုခ်စ္တတ္ေလတဲ့။ ဒါ့ေတြေၾကာင့္ ဒီ ေရႊေရာင္ႏွလုံးသား မွာ လွူျဖစ္ခဲ့တယ္။ အလွူခံ ၁၄ မ်ိဳးထဲမွာ ေခြးေလးေတြလည္းပါတယ္ လို႔လည္းဖတ္ဖူးပါတယ္။

ဘာပဲျဖစ္ျဖစ္ ကိုယ္တတ္နိုင္တဲ့ အလွူေလးေတြ ဆက္လုပ္သြားမယ္။ ဘဝကို ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္သန္းခ်င္တယ္ ” ဆိုၿပီး ေခြးေဂဟာေလးမွာ သြားလွူျပဳပုံကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မေအးေသာင္းတို႔မိသားစုရဲ့အလွူပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Unicode

ပြည်သူချစ် သရုပ်ဆောင် မအေးသောင်းကတော့ ကိုယ်လုံးကိုယ်ပေါက်လှပြီး ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေ နဲ့ ဇာတ်လမ်းတွဲတွေ ပိုမိုရိုက်ကူးလာတဲ့ မအေးသောင်းက ပရိသတ်တွေကြားမှာ တစ်ဖန်ပြန်လည် ရေပန်းစားအောင်မြင်လာတာ ဖြစ်ပါတယ်။

စိတ်သဘောမနောကောင်းတဲ့ မအေးသောင်းက အခုလည်း ထူးခြားမွန်မြတ်တဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မအေးသောင်းက လေလွင့်ခွေးလေးတွေကို ကယ်ဆယ်ထားတဲ့နေရာလေးကို သွားရောက်ပြီး အစာနဲ့မုန့်တွေ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို အလှူပြုဖြစ်ခဲ့ပုံကိုတော့ မအေးသောင်းက ” ရွှေရောင်နှလုံးသားမှာ လှူဖြစ်ဖို့အကြောင်းအရင်း ဖြစ်လာတာက အိမ်က ကီကီလေးကြောင့်ဖြစ်လာရတာပါ။ ကီကီဆိုတာဂအိမ်မှာမွေးထားတာ ၁၃ နှစ်ကျော်နေပါပြီ။

အခုကီကီလေးက ပါးဇောင်ကင်ဆာဖြစ်နေတာ။ ပါးမှာအကျိတ်ဖြစ်နေတာပေါ့။ အစာစားရင် အကျိတ်ကပိုကြီးလာတယ်။ သူ့အနာကလည်း အစာတောင်းတယ်တဲ့။

အခုဆို ဒီ၁၅ ရက်အတွင်း မေ့ဆေးပေးပြီးခွဲရတာ ၂ ခါရှိပါပြီ။ အမွှေးတွေလည်းအကုန်ရိတ်ထားရပါတယ်။ ကိုယ်နဲ့က တအားကြီးလုံးမနေပေမဲ့

ကိုယ်နေမကောင်းတဲ့အခါ ကိုယ့်ကုတင်နားကမခွာပဲစောင့်ပေးတာ ကိုယ်ခရီးကပြန်ရင် ပျော်ရွှင်ပြီး အပြေးအလွှားထွက်ကြိုတတ်တာ (အခုတော့သူမထနိုင်တော့ဘူး) ”

“ကိုယ်ဘာလုပ်လုပ် မျက်လုံးအဝိုင်းသားနဲ့အမြဲငေးကြည့်တာ ကိုယ့်အပေါ်သစ္စာသိပ်ရှိတာတွေက ဒီ ၁၃ နှစ်ကျော်အတွင်း သံယောဇဉ်အကြီးကြီး ဖြစ်မှန်းမသိဖြစ်ရတာပါပဲ။

လူတွေအကြောင်းသိလေ ခွေးလေးတွေ နဲ့ သဘာဝပါတ်ဝန်းကျင်ကို ပိုချစ်တတ်လေတဲ့။ ဒါ့တွေကြောင့် ဒီ ရွှေရောင်နှလုံးသား မှာ လှူဖြစ်ခဲ့တယ်။ အလှူခံ ၁၄ မျိုးထဲမှာ ခွေးလေးတွေလည်းပါတယ် လို့လည်းဖတ်ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အလှူလေးတွေ ဆက်လုပ်သွားမယ်။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းချင်တယ် ” ဆိုပြီး ခွေးဂေဟာလေးမှာ သွားလှူပြုပုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသောင်းတို့မိသားစုရဲ့အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *