ရရွိလာတဲ့ ဝင္ေငြထဲက သိန္း (၈၀) ကို ႐ုပ္ရွင္သက္ႀကီးေတြအတြက္ က်န္းမာေရးေထာက္ပံ့ေငြလွူခဲ့တဲ့ ”ျပႆနာ”႐ုပ္ရွင္အဖြဲ႕သားမ်ား

‘’ျပႆနာ’’ ႐ုပ္ရွင္ဇာတ္ကားႀကီးကေန ရရွိလာတဲ့ ဝင္ေငြထဲက သိန္း ၈၀ ကို နာမက်န္းျဖစ္ေနၾကတဲ့ ႐ုပ္ရွင္သက္ႀကီးေတြအတြက္ ေနတိုး၊ ဇာဂနာနဲ႔ ထုတ္လုပ္သူတို႔က ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကို ေပးအပ္လွူဒါန္းခဲ့ၾကတာျဖစ္ပါတယ္။

‘’ျပႆနာ’’ ႐ုပ္ရွင္အဖြဲ႕သားမ်ားကိုယ္စား ေနတိုး နဲ႔ ဇာဂနာ နဲ႔ ေရႊပိုးအိမ္ တို႔က ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကေန ရတဲ့ ဝင္ေငြ တခ်ိဳ႕ကို ေမလ ၂၅ ရက္ေန႔

မနက္ပိုင္းက နာမက်န္းျဖစ္ေနၾကသည့္ ႐ုပ္ရွင္သက္ႀကီး ဘိုးဘြားမ်ားအတြက္ အလွူေငြက်ပ္ သိန္း ၈၀ ကို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ လွူဒါန္းခဲ့တယ္လို႔ သိရပါတယ္။

‘’ဒီေန႔ ျပႆနာ ႐ုပ္ရွင္အဖြဲ႕သားမ်ားမွ အလွူ ေငြသိန္း(၈၀)ဆယ္အား သက္ႀကီးပႏုပညာရွင္မ်ားအားလွူဒန္းခဲ့ၾကပါတယ္။ ပရိသတ္မ်ားအားလုံးအမၽွရၾကပါေစခင္ဗ်ာ’’ ဆိုၿပီးေတာ့

ေနတိုးရဲ့ Facebook Page မွာ ေမလ ၂၅ ရက္ေန႔ ေန႔လယ္ ၁၁ နာရီ ၈ မိနစ္က ေရးတင္ထားတာ ျဖစ္ပါတယ္။ အဲဒီေနာက္ အလွူေငြ ေပးအပ္တဲ့ အမွတ္တရ ဓာတ္ပုံေတြကိုလည္း တင္ခဲ့ပါေသးတယ္။

ပရိသတ္အခ်စ္ေတာ္ ေနတိုးဟာ သ႐ုပ္ေဆာင္အပိုင္းမွာသာမက သီခ်င္းဆိုတဲ့အပိုင္းမွာလည္း ကၽြမ္းက်င္တဲ့သူတစ္ေယာက္ပါ။ ေမလ ၉ ရက္ေန႔မွာ

႐ုံတင္ျပသခဲ့တဲ့ ျပႆနာ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ဇာတ္ဝင္ေတးကို ေနတိုးကိုယ္တိုင္ သီဆိုထားတယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’လိုအပ္ရင္ေတာ့ ကၽြန္ေတာ္တို႔ အေနနဲ႔ ႀကိဳးစားခြင့္လည္းရွိမယ္၊ ကိုယ္နဲ႔လည္း အံဝင္ဂြင္က်ျဖစ္မယ့္ဟာမ်ိဳးကိုေတာ့ သီဆိုျဖစ္တယ္။ ကိုယ္ မဆိုျဖစ္တဲ့ ဇာတ္ကားေတြလည္း ရွိပါတယ္။ အဓိကကေတာ့ ပရိသတ္အတြက္၊ ကာရိုက္တာအတြက္ လိုအပ္မယ္ဆိုရင္ေတာ့ ဆိုျဖစ္တာမ်ားပါတယ္’’ လို႔ သူကဆိုပါတယ္။

ဒီဇာတ္ကားဟာ အခ်စ္ဟာသ၊ ဇာတ္လမ္းျမဴးျမဳးေလးရိုက္ထားတဲ့ ဇာတ္ကားေလး တစ္ကားပါ။ ဒီဇာတ္ကားထဲမွာ ေနတိုး၊ ဇာဂနာနဲ႔ စိုးျပည့္သဇင္ နဲ႔ ေရႊပိုးအိမ္ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတာ ခဲ့တာပါ။

ျပႆနာ ႐ုပ္ရွင္ဇာတ္ကားထဲက ဇာတ္ဝင္ေတးကိုလည္း ေနတိုးနဲ႔ ဇာဂနာကိုယ္တိုင္ သီဆိုထားတာျဖစ္ၿပီး အဆိုေတာ္ ၾကက္ဖနဲ႔ ဒႆ တို႔က ေရးဖြဲ႕ ေပးထားတာ ျဖစ္ပါတယ္။

Unicode

‘’ပြဿနာ’’ ရုပ်ရှင်ဇာတ်ကားကြီးကနေ ရရှိလာတဲ့ ဝင်ငွေထဲက သိန်း ၈၀ ကို နာမကျန်းဖြစ်နေကြတဲ့ ရုပ်ရှင်သက်ကြီးတွေအတွက် နေတိုး၊ ဇာဂနာနဲ့ ထုတ်လုပ်သူတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

‘’ပြဿနာ’’ ရုပ်ရှင်အဖွဲ့သားများကိုယ်စား နေတိုး နဲ့ ဇာဂနာ နဲ့ ရွှေပိုးအိမ် တို့က ဒီရုပ်ရှင်ဇာတ်ကားကြီးကနေ ရတဲ့ ဝင်ငွေ တချို့ကို မေလ ၂၅ ရက်နေ့

မနက်ပိုင်းက နာမကျန်းဖြစ်နေကြသည့် ရုပ်ရှင်သက်ကြီး ဘိုးဘွားများအတွက် အလှူငွေကျပ် သိန်း ၈၀ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

‘’ဒီနေ့ ပြဿနာ ရုပ်ရှင်အဖွဲ့သားများမှ အလှူ ငွေသိန်း(၈၀)ဆယ်အား သက်ကြီးပနုပညာရှင်များအားလှူဒန်းခဲ့ကြပါတယ်။ ပရိသတ်များအားလုံးအမျှရကြပါစေခင်ဗျာ’’ ဆိုပြီးတော့

နေတိုးရဲ့ Facebook Page မှာ မေလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၈ မိနစ်က ရေးတင်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက် အလှူငွေ ပေးအပ်တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

ပရိသတ်အချစ်တော် နေတိုးဟာ သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ မေလ ၉ ရက်နေ့မှာ

ရုံတင်ပြသခဲ့တဲ့ ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဇာတ်ဝင်တေးကို နေတိုးကိုယ်တိုင် သီဆိုထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’လိုအပ်ရင်တော့ ကျွန်တော်တို့ အနေနဲ့ ကြိုးစားခွင့်လည်းရှိမယ်၊ ကိုယ်နဲ့လည်း အံဝင်ဂွင်ကျဖြစ်မယ့်ဟာမျိုးကိုတော့ သီဆိုဖြစ်တယ်။ ကိုယ် မဆိုဖြစ်တဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဓိကကတော့ ပရိသတ်အတွက်၊ ကာရိုက်တာအတွက် လိုအပ်မယ်ဆိုရင်တော့ ဆိုဖြစ်တာများပါတယ်’’ လို့ သူကဆိုပါတယ်။

ဒီဇာတ်ကားဟာ အချစ်ဟာသ၊ ဇာတ်လမ်းမြူးမြုးလေးရိုက်ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ဇာဂနာနဲ့ စိုးပြည့်သဇင် နဲ့ ရွှေပိုးအိမ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ခဲ့တာပါ။

ပြဿနာ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးကိုလည်း နေတိုးနဲ့ ဇာဂနာကိုယ်တိုင် သီဆိုထားတာဖြစ်ပြီး အဆိုတော် ကြက်ဖနဲ့ ဒဿ တို့က ရေးဖွဲ့ ပေးထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *