သူမကို လူမိုက်တွေငှါးပြီး သတ်ခိုင်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် ကြောက်နေရတယ်ဆိုတဲ့ စူးရှထက်








Unicode

ပရိသတ်ကြီးရေ….. မော်ဒယ် ၊ သရုပ်ဆောင် စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ မိန်းမလှလေး ဖြစ်ပါတယ်။

အမိုက်စားကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်က Sexy ဆန်ဆန် ပုံရိပ်တွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုဆိုရင် စူးရှထက်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ အများဆုံး လက်ခံရိုက်ကူးနေရပြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း  စူးရှထက်က  တရားရုံးမှာ  အဆိုတော် အစ္စဏီကိစ္စ နဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။

အခုတော့ စူးရှထက်က သူမကို ”လူမိုက်ငှါးပြီး သတ်ခိုင်းမယ် အက်စစ်နဲ့ပက်မယ် ” ဆိုတဲ့ သတင်းတွေကြားနေရကြောင်း ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။

စူးရှထက်က ”အရမ်းတွေကြောက်နေပါပြီနော် လူမိုက်တွေငှားပြီးသတ်ခိုင်းနေတာတော့ အက်စစ်နဲ့လည်း ပက်မယ်ဆိုပဲ ကဲ ဘယ်သူလက်ချက်လဲ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စူးရှထက်က သူမကို သတ်မယ်ဆိုတဲ့အကြောင်း ပြောကြားနေသူအချို့ရဲ့ Screenshot တွေကိုလည်း ”အသိတစ်ယောက်လာပြလို့ တွေ့လို့ ပေပီကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ

မတော်တဆ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရင်ဖြင့် post ပိုင်ရှင်တွေ ပဲဟင်းကြိုက်လား ” ဆိုပြီး ပြန်တင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် စူးရှထက်ကိုယ်တိုင် ပြောကြားထားတဲ့ စကားအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *