စင်္ကာပူထီဆုကြီးပေါက်တာ မိခင်ဖြစ်သူကို အကုန်ကန်တော့မယ်ဆိုတဲ့ နေဒွေး








Unicode

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော နေဒွေးကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင် မင်းသားချောနေဒွေးကတော့ လတ်တလောမှာ စင်္ကာပူထီဆုကြီးမှာ ဒုတိယဆု ပေါက်သွားတယ်လို့ သိရပြီး အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပါတယ်နော်..။

ညဘက် အိပ်မက် မက်လို့ ထိုးလိုက်တာဖြစ်ပြီး ထီဆုကြီးပေါက်သွားတဲ့ငွေတွေကိုလည်း မိခင်ဖြစ်သူကို အကုန်ကန်တော့မယ်ဆိုပြီး ပရိသတ်တွေကိုလည်း အပျော်လေးတွေ မျှဝေထားပါသေးတယ်…။

ပရိသတ်ကြီးရေ.. မင်းသားချောနေဒွေးကတော့ စင်္ကာပူထီဆုကြီး ဆွတ်ခူးပေါက်သွားလို့ အရမ်းကို ပျော်နေတာမို့ ဇွန်လလေးကတော့ မင်းသားချော နေဒွေးအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့ လလေးတစ်လဆိုလည်း မမှားပါဘူးနော်..။

ထီထိုးပေးသူကိုလည်း ကျေးဇူးတင်စကားလေးဆိုထားပြီး “ညက အိမ်မက်မက်တာကို စင်ကာပူ ထီထိုးလိုက်တာ ဒုတိယဆုပေါက်တယ် ကံဇာတာတွေတက်လာပြီ…

ထီထိုးပေးတဲ့ စင်ကာပူကချစ်ညီလေး Si Thu ကျေးဇူးပါ မေမေ့ ကိုအကုန်ကန်တော့မယ်..” ဆိုပြီး ရေးသားပြောပြရင်း အပျော်လေးတွေ မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

စင်္ကာပူထီဆုကြီးပေါက်သွားတဲ့ မင်းသားချောနေဒွေးအတွက် ပရိသတ်တွေကလည်း ဝမ်းသာပျော်ရွှင်နေကြပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကလည်း ဂုဏ်ပြုစကားလေးတွေကို ပြောထားကြတာကိုလည်း တွေ့ရပါတယ်..။

Leave a Reply

Your email address will not be published. Required fields are marked *