သားအဖနှစ်ယောက်အရမ်းချစ်နေကြတာကို ကြည့်ပြီး ကြည်နူးရတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်







Unicode

ပရိသတ်ကြီးရေ ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ဦးတည်းသောသားလေးရယ် ချစ်ခင်ပွန်းရယ်နဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ မိသားစုလေးက သာယာအေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အပြန်အလှန်နားလည်မှုတွေထားရှိထားကာ ချစ်ခင်ပွန်းကလည်း ဇနီးသည်ရဲ့ အနုပညာအလုပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်နဲ့ ပါဝင်ကူညီပေးနေတာပဲဖြစ်ပါတယ်နော်။

ချစ်ခင်ပွန်းရဲ့ ဂရုစိုက်မှု ကြင်နာယုယမှုတွေအောက်မှာ အမြဲတမ်းပျော်ရွှင်နေရတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ ပရိသတ်တွေရဲ့အချစ်များစွာကိုလည်း ရရှိထားတာဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ် ရဲ့ တစ်ဦးတည်းသောသားလေးကလည်း မိဘစကားကိုမြေဝယ်မကျနားထောင်ပြီး ဘက်စုံထူးချွန်ထက်မြက်သူဖြစ်လို့ မိဘတွေအတွက်တော့ မျက်နှာပွင့်ရတဲ့ သားလိမ္မာလေးတစ်ယောက်ပါနော်။

ထွန်းအိန္ဒြာဗိုလ် ရဲ့ ချစ်ခင်ပွန်းနဲ့သားလေးက မကြာသေးခင်ကမှ သာသနာ့ဘောင်ကို သားအဖနှစ်ယောက်လုံး ဝင်ရောက်ထားကြတာပါနော်။အခုဆိုရင်တော့ သားအဖနှစ်ယောက်ထမင်းစားနေချိန်မှာ ထွန်းအိန္ဒြာဗိုလ်က

“သူ့သား အတွက် အသားနွှင်ပေးနေတာပါ အမှန်အတိုင်း ဝန်ခံ ရရင် ကျမတော့ အဲ့လောက်မလုပ်ပေးဘူး အဲ့ဒီအရွယ်လဲ မဟုတ်တော့ဘူးလေ”ဆိုပြီး သားအဖနှစ်ယောက်အရမ်းချစ်နေကြတဲ့ ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *