ဟိုအရင် မင်းသမီးမဖြစ်ခင်ကရိုက်ခဲ့တဲ့ ပိုစတာကအရမ်းအောင်မြင်ခဲ့လို့ စာပေစစ်ဆေးရေးကခေါ်တောင်အစစ်ခံခဲ့ရတဲ့ မို့မို့မြင့်အောင်









Unicode

ပရိသတ်ကြီးရေ….အကယ်ဒမီမို့မို့မြင့်အောင်ကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေများစွာကို ရရှိခဲ့ပါတယ်နော်။

မို့မို့မြင့်အောင်ကတော့ အပြစ်ပြောစရာမရှိအောင် အရမ်းလှတဲ့သူတစ်ယောက်ဖြစ်ပြီး အေးချမ်းတဲ့မျက်နှာပိုင်ရှင်လေးဖြစ်လို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

အခုဆိုရင်တော့ မို့မို့မြင့်အောင်က သူမရဲ့ မင်းသမီးဘဝဇာတ်ကြောင်းလေးကို အောက်ပါအတိုင်းပြောပြထားပါတယ်နော်။”[မင်းသမီးမဖြစ်သေးခင်]၁၆-၁၇ နှစ် အရွယ်က ပိုစတာပုံလေးတင်ပေးလိုက်ပါတယ်။

အဲ့ဒီပိုစတာလေး အကြောင်းပြောပြမယ်နော်…သိပြီးသူတွေကသိကြမှာပါ နှောင်း ကလေးတွေ သိအောင်ပြောပြပါ့မယ်။ မဂ္ဂဇင်း cover တွေရိုက် fashion show တွေတက် တဲ့အချိန်ဘဲရှိပါသေးတယ်။

ရုပ်ရှင်လဲမရိုက်ရသေးဘူး…..သီချင်းလဲမဆိုသေးဘူး။ ဒါပေမယ့် မင်းသားကြီး မြင့်အောင်သမီး မို့မို့မြင့်အောင်ပရိသတ်က လှတယ်လို့ အသိအမှတ်ပြုခံရပါတယ်။

တစ်ရက်မှာ JAPANESEPHOTOGRAPHER တစ်ယောက် နဲ့ စကားပြန်တစ်ယောက်ရောက်လာပြီး အလှဓါတ်ပုံရိုက်ခြင်လို့ခွင့်လာတောင်းတယ်။ ၂နှစ်လောက်နေတော့မြန်မာပြည်ထဲကို ဘန်ကောက်နယ်စပ်ကတဆင့်ဝငိလာပါလေရော။

ကိုယ့်ပုံတောင်သူများလာပေးမှစတွေ့ဘူးတော့တာဘဲ။ အဲ့ဒီအချိန်တုံးက မြန်မာပြည်မှာပထမဦးဆုံး နိုင်ငံခြားက colourseparation ထုတ်တဲ့ပိုစတာပါဘဲ။ နယ်စပ်မှာ အရောင်းရဆုံးပိုစတာပေါ့။

အောင်မြင်တော့လည်း မြန်မာပြည်ရဲ့စာပေစစ်ဆေးရေးက ခေါ်တောင်းအစစ်ခံရတယ်။ တော်သေးတာပေါ့ ကိုယ်က ဘာငွေကြေးမှ ဘာလက်ဆောင်မှ လက်မခံခဲ့တော့ရှင်းတာပေါ့လေ။ပိုစတာ မျက်နှာကဘာမာယာမှမရှိသေးတဲ့ innocent မျက်နှာပေးပါ”ဆိုပြီးရေးသားထားပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *